အပန်းဖြေခရီး ထွက်တယ်လို့ သိထားတဲ့ သူတို့သူဌေးကို အခု အိမ်ထဲ ဝင်လာတာ မြင်တော့ အိမ်ထဲက အလုပ်သမားတွေ အကုန် အံ့သြခြင်းအပြည့်နဲ့သာ..။
”ဘယ်လိုလုပ်? ”
”မမလေးရော..? သူဌေး ”
တစ်ပတ်လောက်နဲ့ အစောကြီး ပြန်ရောက်လာလို့ အိမ်ထိန်း အဒေါ်ကြီးက တအံ့တသြ နဲ့...
နောက်ကို ကြည့်လိုက်ပေမဲ့ တူတူ သွားကြတဲ့ သူတို့ မမလေးဖြစ်သူက ပါမလာတော့ မတတ်နိုင်ဘဲ မေးလိုက်သည်။ဒါပေမဲ့ ဝင်လာထဲက မျက်နှာမကြည် မာထန်နေတဲ့အခြေအနေနဲ့ သူဌေးဖြစ်သူ ရဲ့အဖြေက အမေးနဲ့ တခြားစီ...
”ဘယ်သူ့မှ အပေါ်တက်မလာနဲ့... ”
”သူဌေး..မမလေးရော ..
မမလေး မပါလာဘူးလား ”လှေကားနား ရောက်နေတဲ့ သူဌေးက ဆက်ခနဲ လှည့်ကြည့်လာပြီး
”သိချင်ရင် Leeyonchae ကို ဖုန်းဆက်လိုက်
ကျွန်တော် ဘာမှ မသိဘူးမလို့
ဘယ်အချိန် ပြန်လာမှာလည်း သိချင်ရင် ကိုယ်တိုင် ဖုန်းဆက်ပြီးမေးပါ ကျွန်တော့်ကို နောက်ထပ် ထပ်လာမမေးနဲ့!!!! ”ဝုန်းဒိုင်းကြဲ အပေါ် တက်သွားတဲ့ သူဌေးရဲ့ နောက်ကျော ပုံရိပ်ငယ်
ရာသီဥတု အခြေအနေက သိပ်မကောင်းတာ အကုန်ရိပ်မိတာမလို့ အသံမထွက်တော့ဘဲ အိမ်ထဲ အေးစက်သွားတော့သည်။%&%&*%&%&
အခန်းတံခါးကို 'ဒုန်း' ကနဲအသံမြည်အောင်ထိ ပိတ်ပစ်လိုက်ပြီး အခန်းထဲဝင်လာလိုက်၏ ။
နှောက်ကျိနေတဲ့ စိတ်အစုံကြောင့် လည်ပင်းနားထိ ရောက်နေတဲ့ ကြယ်သီးတွေက်ို အကြမ်းပတမ်းဖြုတ်မိတဲ့အထိ ။
ကြယ်သီးအကုန် ပြုတ်သွားတဲ့ အကျီနဲ့ပဲ..ထိုင်နေရာက ထလိုက်ပြီး အခန်းမှာ ရှိနေတဲ့ ပန်းချီကားတစ်ချပ်ကို ဖြုတ်လိုက်တယ် ဆိုရင်ပဲ ပေါ်ထွက်လာတဲ့ တံခါးငယ်
လျို့ဝှက် နံပါတ် ရိုက်နှိပ်ပြီး ဝင်လာလိုက်တော့ မြင်ရတာက ပြာလဲ့လဲ့ အရောင်နဲ့ အနီရောင် ရောယှက်နေတဲ့ မှိန်ပျပျ အလင်းရောင် တို့ရှိတဲ့ ဝိုင်သိုလှောင်ခန်း ။အကုန် တန်ဖိုးကြီး ဝိုင်တို့ ရှိနေတာကြောင့် စင်တစ်ခုမှာရှိတဲ့ တစ်ပုလင်းကိုသာ ဒီတိုင်း ဆွဲယူ ပြီး ဝိုင်သိုလှောင်ခန်းက ထွက်လာလိုက်သည်။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))