တူတူ သွားခဲ့ပေမဲ့ အပြန်ကျ Chae တစ်ယောက်တည်း ။
ထားရစ်ခဲ့တဲ့ မောင့်ကိုလည်း Chae အပြစ်မမြင်ချင်..။
အရေးကြီး ကိစ္စရှိနေမှာပဲလို့ တွေးလိုက်ပြီး နေတတ်အောင် နေကြည့်လိုက်ရတယ် ။
နှလုံးသားထဲမှာတော့ နာကျင်ပေမဲ့.. မောင့်ကိုမှ အပြစ်မမြင်ရက်တာကို...။သူငယ်ချင်းတွေနဲ့ အတူ ပြန်လိုက်ခဲ့တာကြောင့် သူတို့က အိမ်ရှေ့ထိ လိုက်ပို့ပေးတယ်။
စိတ်ပြေလက်ပျောက် ဖြစ်အောင် ထွက်လာတဲ့ ခရီးမှာတောင် Chae ကို ထားပစ်ခဲ့တဲ့ မောင့်ကို သူတို့က အပြစ်ဝိုင်းတင်ကြပေမဲ့... Chae ချစ်ရတဲ့လူကို မကောင်းပြောတာ လက်မခံနိုင်ဘူး မောင်...
Chae ကောင်းကင်ကို သူများ လက်ညိုးထိုး အပြစ်တင်မှာ Chae သိပ်မုန်းတယ်..။”မမလေး....”
အိမ်ကို ပြန်ရောက်လာပြီ ဖြစ်တဲ့ မမလေးကို မြင်လိုက်ရတာနဲ့ အိမ်က လူတွေ ပျော်ရွှင်လျက်..။
”ခရီးက ပျော်ခဲ့ရဲ့လား မမလေး ”
Chae လက်ထဲက အထုတ်တွေကို ဝိုင်းသယ်ရင်း အိမ်တော်ထိန်းအဒေါ်ကြီး မေးလာသည်။
ပျော်လားတဲ့.. ဒီမေးခွန်းကို Chae ဘယ်လိုဖြေရမလဲ မသိဘူး
သွားတဲ့ သုံးပတ်... မောင်နဲ့အတူ ရှိရတဲ့ ပထမတစ်ပတ်ကပဲ Chae ကို ပျော်ရွှင်မှု ပေးနိုင်ခဲ့တယ်။
ကျန်တဲ့ နှစ်ပတ်မှာတော့ Chae က ရေမရှိတဲ့ ငါးတစ်ကောင်လိုပဲ...။ပျော်ရွှင်မှုမရှိဘဲ.. သေဆုံးတော့မလိုနဲ့...။”မောင်ရော? အိမ်မှာ ရှိရဲ့လား ”
...
နောက်ပြန် ထောက်ထားတဲ့ လက်နှစ်ဖက်က အောက်က အိပ်ယာခင်းစကို တင်းတင်း ဆွဲဆုပ်ထားသည်။
မျက်နှာက မော့ထားလျက် ရှိပြီး နှုတ်ခမ်းပေါ်က ကြမ်းတမ်းနေတဲ့ အနမ်းတို့ကို လက်သင့်ခံကာ ရယူနေသည်။အနေအထားက မတ်တပ်ရပ်နေတာမို့ ခေါင်းငုံ့ထားကာ အောက်မှာ ထိုင်နေတဲ့ Byun မျက်နှာကို လက်တစ်ဖက်နဲ့ ဆွဲမော့ယူပြီး ပါးလျလျနှုတ်ခမ်းပါး တို့ပေါ် ထင်ဒိုင်းကြဲနေတဲ့ Chanyeol..။
အနမ်းတို့်က တဖြည်းဖြည်း သိပ်သည်းလာသလို
နှစ်ယောက်လုံးကလည်း ပတ်ဝန်းကျင် ကို မေ့ကာ အနမ်းရေယာဉ်ထဲ မျောပါလို့နေသည်။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))