နောက်ကနေ ထက်ကြပ်မကွာ အနေအထားနဲ့ လိုက်လာတဲ့ ကားအဝါ...
Baekhyun သိသည်။ Chanyeol ကားမှန်း..
ဘေးလမ်းကြောင်းကို ပြောင်းတက်လာပြီး..Baekhyun ကားနဲ့ ဘေးချင်းကပ် အခြေအနေဖြစ်လာသည်။
”ByunBaekHyun!!! ကားရပ် ”
Chanyeol ကားက မှန်ချထားတာမလို့.. baekhyun ကြားအောင် လှမ်းအော်နေသည်။
”လုပ်ချင်တိုင်းလုပ်ပြီး..ဘာလို့ ရှောင်ပြေးနေတာလဲ ခင်ဗျား ”
Baekhyun ကားလမ်းကြောင်းကို မြို့ပြင် လူရှင်းလောက်မဲ့ နေရာတစ်ခုကို ဦးတည်ပြီး မောင်းလိုက်သည်။ ဒီလိုအော်ဟစ်နေတာ လူစိတ်ဝင်စားစရာတစ်ခုမဖြစ်ချင်ဘူး ။
နောက်က chanyeol ကားကလည်း ထပ်ကြပ်မကွာ လိုက်လျက်.... ။
.
.
.”Tak..သေစမ်း... ”
ကားအချက်ပြနေမှုအရ.. မကြာခင် ဆီကုန်တော့မယ်။
Baekhyun ..မတတ်နိုင်ဘဲ.. ကားကို လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်ရတော့သည်။
ကားထဲက မထွက်ဘဲ ထိုင်နေတုန်း...မှန်တံခါးကို လာခေါက်တဲ့သူ..”Byunbaekhyun.. တံခါးဖွင့်ပေး ”
မှန်ကို အနည်းငယ် ပွင့်ရုံလေး ဖွင့်ပေးလိုက်သည်။ အနည်းဆုံး အပြင်လူရဲ့ စကားသံတွေ ကားထဲ ပျံ့ဝင်လာတာပေါ့...
”ဘာကိစ္စ မနက်ထဲက အာရုံလာစားနေတာလဲ ParkChanYeol ”
”တံခါးဖွင့်ဆိုတဲ့ စကား နားမလည်တာလား ByunBaekHyun ”
”ဟေ့... ကိုယ်က မင်းထက် အကြီးနော်... မျိုးရိုးတပ်ပြီး အော်ခေါ်မနေနဲ့...ယဉ်ကျေးမှုမရှိ.. ”
”ဒီမှာ ကျွန်တော်က ယဉ်ကျေးမှုမရှိတဲ့လူမလို့.. စကားနားမထောင်နိုင်ဘူး...
မြန်မြန် တံခါးဖွင့်လို့ ပြောနေတယ်နော်... အချိန်ထပ်ဆွဲနေရင် မိလို့ကတော့ ခင်ဗျား မသက်သာတော့ဘူးမှတ် ”
Baekhyun ပခုံးတွန့်ပြလိုက်ရင်း...
”ခြိမ်းခြောက်တာကြီးက ကြောက်လိုက်တာ ”ကားတံခါးဖွင့်လိုက်ပြီး..အပြင်ကို ထွက်လာတော့...မြို့ပြနဲ့ ဝေးတဲ့နေရာဖြစ်တာကြောင့်.. လတ်ဆတ်တဲ့လေညင်းနုနုတွေ တိုက်ခတ်နေသည်။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))