[Zawgyi]
Chae တံခါးလက်ကိုင်ကို ကိုင်လိုက်တဲ့အခိုက်.....
အိတ်ထဲက Ringtone သံမြည်လာတဲ့ ဖုန်းလေး.."Jina ah, "
”....”
"အင်း..ငါ အခု လာခဲ့မယ်လေ ”
ဖုန်းကိုင်ပြီး အတွင်းရေမှုးကို သွားတော့မယ် လို့ နှုတ်ခမ်းလှုပ်ပြောကာ ပြန်ထွက်သွားသော chae ဟာ ဒေါက်ဖိနပ်သံ တဂွက်ဂွက်နဲ့အတူ... ။
အပြင်က အသံကြောင့် အထဲမှာ သည်းထန်စွာ နမ်းနေတဲ့ နှစ်ယောက်သား..တစ်ယောက်နဲ့ တစ်ယောက် ခွာလိုက်ကြသည်။
ဘယ်သူလဲ ဆိုပြီး..တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း..စဉ်းစားနေပေမဲ့ ၊
သေချာသိရရန် .. နည်းနည်းတွန့်ကြေသွားတဲ့ အင်္ကျီကို သေချာပြန်ပြင်ပြီး Baekhyun အခန်းပြင် ထွက်လာလိုက်သည်။
%&%&*%&%&
"ဘယ်သူလာသွားတာလဲ "
အပြင်မှာ အလုပ်လုပ်နေတဲ့ အတွင်းရေးမှုးမလေးကို မေးလိုက်တော့...
"သူဌေးကတော် လာသွားတာပါ သူဌေး "
အတွင်းရေးမှုး အဖြေကြောင့် Baekhyun လန့်သွားသည်။
Chae! ဧကန သူနဲ့ Chanyeol နမ်းနေတာကို မြင်သွားတာလားစိတ်ထဲ စိုးရိမ်မှုတွေ အလုံးလိုက် အရင်းလိုက် ဝင်လာလေတယ်...
"ဘာလို့ ငါ့ကို မပြောတာလဲ!! "
သူဌေးရဲ့ ခက်ထန်တဲ့ အော်သံကြား..အတွင်းရေးမှုးမလေး ကြောက်ပြီး ပြာသွားသည်။
"သူဌေးကတော်က သူ့ဘာသာသူ ဝင်သွားမယ် ဆိုလို့ပါ
တောင်းပန်ပါတယ် သူဌေး ""Chae! ဘာလို့ ပြန်ထွက်သွားတာလဲ
ငါ့အခန်းတံခါး ဖွင့်လိုက်လား "Baekhyun အလျင်စလိုပင် မေးလိုက်၏ ။
သိချင်စိတ်တွေ ထိန်းမရဘူး ။ မြင်သွားခဲ့ရင်ဆိုတဲ့အတွေးနဲ့ အသက်ရှုသံကအစ မြန်ဆန်နေသည်။"ရှင်!
မဖွင့်လိုက်ပါဘူး... ဖုန်းလက်ခံပြီး ပြန်ထွက်သွားတာပါ သူဌေး "ထိုအခါမှ Baekhyun သက်ပြင်းချပြီး...အခန်းထဲ ပြန်ဝင်လာလိုက်သည်။
အတွင်းရေမှုးမလေးမှာတော့.. သူဌေးဖြစ်သူရဲ့ ပုံစံကို နားမလည်နိုင်ဟန်.. ။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))