နေ့လည်ချိန်ကျ လက်ထောက်ကင်က ဆေးရုံကို တစ်ထောက် ဝင်လာသည်။
”Sajanim, ပါမောက္ခအူ နဲ့ တစ်ချက်လောက် သွားတွေ့ပါဦး
ရှာနေတယ်ရယ်! ””ငါ ဒေါက်တာနဲ့ သွားတွေ့ဦးမယ်
ဆေးရုံဆင်းရမဲ့ အကြောင်း ပြောမလို့နဲ့တူတယ် ”Chanyeol ကို အသိပေးပြောပြီး သူ့လက်ထောက်နဲ့အတူ လူနာခန်းထဲက ထွက်လာလိုက်သည်။
အပြင်ရောက်သည်နဲ့ Chanyeol တ်ိုက်လိုက်တဲ့ ကားကိစ္စကို မေးမိသည်။
ဝပ်ရှော့ ပို့ထားတာအပြင် ကျန်တဲ့ info တွေကို သူမသိသေး...။”တစ်ဖက်က လူကို ကောင်းကောင်းဖြေရှင်းလို့ရရဲ့လား ”
”တစ်ဖက်ကားက တော်တော်စုတ်သွားလို့ ကားသစ်တစ်စီး တန်ဖိုးပြန်လျော်ပေးလိုက်ပါတယ်
ကျန်တာတော့ ပြသာနာ မဖြစ်ပါဘူး
အာ!!ဒါနဲ့ ..Chanyeol ssi ကားလည်း တော်တော် စုတ်သွားတယ်
အခြေအနေမကောင်းဘူး ”Chanyeol ရဲ့ ကားပါ တော်တော် စုတ်ပြတ်သွားတယ် ဆိုတဲ့ စကားကြောင့် Baekhyun တော်တော် စဉ်းစားနေသည်။ပြီးမှ...
”အဲ့ကားကို သူအရမ်း သဘောကျတာတဲ့ ”
Chanyeol ပြောဖူးတဲ့ စကားကို အခု ပြန်ပြောင်းပြောရင်း Sajanim က မျက်နှာမှာ အပြုံးတစ်ခုက အလိုလို ရောက်လာသည်။
”အဲ့ဒါနဲ့ brand တူ ကားအမျိုးအစားကို ရအောင် ပြန်ဝယ်ထား
Channie လက် ပြန်မကောင်းခင်လိုချင်တယ်အနီရောင် နော် ”
”လက်ဆောင် ပေးမလို့လား ”
လက်ထောက်ကင် ရဲ့စကားကို
နှုတ်ခမ်းတစ်ဖက် တွန့်ရုံလေး ပြုံးလာပြီး...”အင်း.. ငါတန်ဖိုးထားရတဲ့ လူဖြစ်လို့
သူ ကြိုက်တဲ့အရာဆို လက်ဆောင် ပေးချင်တယ် ”ထို့နောက် ပါမောက္ခ အခန်းရှေ့ရောက်လာပြီမလို့
စကားစပြတ်သွားကြတဲ့ နှစ်ယောက်... ။%&%&*%&%&
”ဂုဏ်ပြုပါတယ် မနက်ဖြန် ဆေးရုံဆင်းရမယ် တဲ့
Chanyeol ssi ”အခန်းထဲ ဝင်လာထဲက စူးထွက်လာတဲ့ လက်ထောက်ကင် ရဲ့အသံ
Byun ကတော့ ဘာမှ မပြောဘဲ ဒီတိုင်း အခန်းထဲမှာသာ..။
မနေ့ညက စကားတွေကြောင့် သူတို့ နှစ်ယောက်ကြား ဒီနေ့ စကားနည်းကာ အချင်းချင်း သိပ်လည်း စကားမပြောကြပေ..။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))