ခင်ဗျား ကျွန်တော် စိတ်ထဲ တစ်ဝက်လောက် နေရာ ဝင်ယူနေပြီ Byunbaekhyun
...
...
...ChanYeol အိမ်မှာနေတဲ့ နှစ်ရက်မြောက်...
Baekhyun ရဲ့ ရုံးသွားရုံးပြန် လိုက်ပို့ လာကြို driver ဖြစ်နေသူ chanyeol..
အများအမြင်လည်း မကြည့်ကြ..Co. က လူတွေရဲ့ သူ့တို့ သူဌေးနဲ့ မော်ဒယ်ဖြစ်သူက အမြဲတမ်း တပူးပူး တတွဲတွဲဖြစ်နေတဲ့ အခြေအနေတွေကို သိချင်လာ၍ စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်သော်လည်း..နှစ်ယောက်လုံး ဂရုကိုမစိုက် ...
....
”ညနေ လာကြိုမယ်... သွားပြီ Byun ”
”Ok! ”
ရုံးခန်းထဲထိ လိုက်ပို့ ပေးပြီး.. အနမ်းတစ်ချက် ယူကာ Chanyeol ပြန်ထွက်သွားသည်။
Chanyeol ထွက်သွားပြီး ခဏအကြာ Chae စီက ဖုန်းဝင်လာတယ်
”ပြော Chae ”
”ဒီတိုင်းဆက်လိုက်တာပါ မောင်
မောင့် သူငယ်ချင်း အခြေအနေရော? ”Chae ကိုလိမ်ထားသည်လေ..။
သူငယ်ချင်းတစ်ယောက် accident ဖြစ်တာ ခြေရောလက်ပါ ကျိုးထားပြီး..အနားလူမရှိလို့.အဲ့သူငယ်ချင်းအိမ်မှာ သုံးရက်လောက် နေပြီး..အကူအညီပေးရမည် ဆိုပြီး...။”ကောင်းပါတယ်.. ”
”စားရေးသောက်ရေး ရော အဆင်ပြေရဲ့လား..မောင်
မောင်က အစားအသောက် သိပ်ဇီဇာကြောင်လို့ chae က စိတ်ပူနေတာ ”Chae မေးလိုက်တဲ့အခိုက် ..Baekhyun မျက်လုံးထဲ chanyeol ကို မြင်လာသည်။
ညစာ ငတ်တဲ့ အခိုက်အတန့်တွေ...
နေ့တိုင်း အပြင်စာ စားနေရတာတွေ...Baekhyun ဖုန်းကိုင်ထားပြီး..အတွေးတွေကြောင့် ပြုံးနေလေသည်။
”ပြေပါတယ်... သူက ဂရုစိုက်ပေးပါတယ် ”
”ဟုတ်လို့လား အဲ့တစ်ယောက်က ခြေလက် ကျိုးထားတာဆို ဘယ်လို အဆင်ပြေအောင် လုပ်ပေးလဲ..
Chae လာခဲ့ရမလား.. အဲ့သူငယ်ချင်းအိမ် လိပ်စာ ပေးလေ ”
”ရတယ် Chae!!!!!
မလာနဲ့... မောင် အဆင်ပြေတယ် ”Baekhyun ရုတ်တရက်ကြီး အော်လိုက်သလိုမျိူ ဖြစ်သွားသည်။
”မောင်ရယ် ဖြေးဖြေးသက်သာ ပြောပါ ”
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))