Just~ 20

11.1K 1K 166
                                    

အဖြူ နဲ့ပန်းရောင်စပ်ကာ ရောသုံးထားတဲ့ အခန်းကျယ်တစ်ခု ...
အခန်းအလယ်က အိပ်ယာထက် မေ့မျောနေစဲ အမျိုးသမီးတစ်ဦးရှိနေသည်။
နဘေး၌ ထိုအမျိုးသမီးအားနှလုံးခုန်နှုန်း စမ်းသပ်နေတဲ့ ဆရာဝန်တစ်ဦး

ကုတင် ခြေရင်းဘက်မှာတော့ မတ်တပ်ရပ်ကာ ထိုအမျိုးသမီးငယ်အား စိုးရိမ်တကြီး မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ အိမ်အကူအဒေါ်ကြီးနဲ့ အခြားအိမ်အကူ မိန်းမငယ်လေး သုံးယောက်။

အားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာပင် နေနေသူ တစ်ဦးလည်း အခန်းထဲ ရှိနေသေးသည်။
ဆိုဖာခုံထက် ခြေတစ်ချောင်းချိတ်ထိုင်ရင်း ကြွေဖန်ခွက်ငယ်ထဲက ကော်ဖီပူပူတို့အား မှုတ်ကာ အရသာခံသောက်နေကာ အခန်းတွင်း
ဖြစ်ပျက်နေသမျှက ကိုယ်နဲ့မဆိုင်သလိုနေနေသူ
ယောကျ်ားတစ်ဦး ။ ထိုသူက အိမ်ရဲ့ အိမ်ကြီးရှင် သူဌေး Byunbaekhyun ပင်ဖြစ်သည်။

အမည်ခံအရ  မိန်းမ ဆိုတဲ့ခေါင်းစဉ်
အိမ်ကြီးရှင် သခင်မ,  သူဌေးကတော် ဆိုတဲ့ ဂုဏ်ပုဒ်တွေ ရှိနေပေမဲ့
YonChae ဆိုတဲ့ သူမကို သူမ အသက်လောက်ချစ်ရတဲ့ ယောကျ်ားတစ်ယောက်ကတော့ စိတ်ပူမှု နည်းနည်းလေးတောင် ရှိနေဟန်မတူ ။
သတိလစ်သွားတဲ့ မိန်းမဖြစ်သူအား အာရုံဝင်စားမှုနည်းနည်းတောင်တစ်စက်ရှိမနေဟန်ပင် အေးစက်စက် မျက်နှာထားနဲ့သာ ကော်ဖီသောက်နေသည် ။

ချစ်ခင်သူ အိမ်အကူလူတွေကသာ သူမအား အတော်အတန် စိတ်ပူနေဟန် ရှိသည်။

မိန်းမ သတိလစ်မေ့မျောတာတောင် ကော်ဖီသောက်မပျက်ရှိနေတဲ့ သူမယောကျ်ားဟန်ပန်ကိုသာ မြင်ရင် မကုန်ဆုံးနိုင်တဲ့ မျက်ရည်တာက ကျိုးဦးမယ်နဲ့ တူတယ် ။
ဒါမှမဟုတ်
နာကျင်ရလွန်းလို့ပဲ ထုံနေတဲ့ နှလုံးသားက ထပ်နာနိုင်ပါ့ဦးမလား...?

%&%&*%&%&

”သူဌေး, ဆရာပြန်တော့မယ်တဲ့ ”

အခန်းထဲ ရှိနေတဲ့ အိမ်အကူကောင်မလေးက
ဆရာဝန် ပြန်တော့မဲ့အကြောင်း လာပြောတာကြောင့် သောက်လက်စ ကော်ဖီကို အောက်ခံပန်းကန်ပြားပေါ်တင်ကာ မတ်တပ်ရပ်လိုက်သည်။

”ကျွန်မ ဆရာ့ကို လိုက်ပို့လိုက်ပါ့မယ် သူဌေး ”

Byun အိမ်မှာ ဟိုအရင်ထဲက အလုပ်လုပ်လာတဲ့ အသက်ကြီးကြီး အိမ်တော်ထိန်းအဒေါ်ကြီးက သူမလိုက်ပို့ပေးမည့်အကြောင်း ပြောလာပေမဲ့...

Just~~~{[Completed]}Onde histórias criam vida. Descubra agora