အိပ်ယာ ဘေးဘက်ခြမ်းကို လက်ဆန့်ကာ စမ်းကြည့်လိုက်တော့ နွေးနေတဲ့ အထိအတွေ့ ။
အတိအကျ ပြောရရင် လူတစ်ယောက်Chanyeol နှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးရင်း အလယ်က ဝေးကွာနေတဲ့ နေရာလွတ်ကို ချုံ့ပစ်ရန် ထိုကိုယ်နွေးနွေးနား တိုးကပ်ဖို့အတွက် လှိမ့်ပစ်လိုက်သည်။
ထို့နောက် သူ့ပိုင်လိုပင် လက်နှစ်ဖက်နဲ့ အတင်းအရင်းဖက်ကာ ရင်ခွင်ထဲထည့်ပစ်လိုက်ရင်း မှိန်းကာ နေနေသည်။"ParkChanYeol!!! ဘာလို့ လာဖက်နေတာလဲကွာ "
Chanyeol ရင်ဘတ်ကို လက်နဲ့အတင်းတွန်းပြီး ခန္ဓာကိုယ် နှစ်ခုကြား ကွာခြားအောင် လုပ်ပစ်လိုက်သည်။ အကျီမရှိတဲ့ မိမိ ခန္ဓာကိုယ်ပေါ်ကိုလည်း လျောကျနေတဲ့ စောင်ကို ဆွဲယူကာပြန်တင်ရင်း အိပ်ချင်နေသေးတဲ့ မျက်လုံးတွေကြောင့် ထပ်အိပ်စက်ဖို့ ပြင်နေသေးတဲ့ Baekhyun ။
"Ya!!!! "
Baekhyun ပြန်အိပ်မလို့ လုပ်ပေမဲ့ သူ့စကားကို နားမထောင်ဘဲ ထပ်မံပြန်ဖက်ရင်း ရင်ခွင်ထဲ လာထည့်နေတဲ့ chanyeol ကြောင့် အော်သံကျယ်ကျယ်နဲ့ စိတ်မရှည်စွာ အော်ပစ်လိုက်ရင်း တွန်းကန်ကာ လူပါ ထထိုင်လိုက်သည်။
ထို့အတူ Chanyeol ကပါ လိုက်ထထိုင်လာသည်။"ညကကျတော့ လွမ်းတယ်ဆိုပြီး ချက်ချင်းရောက်လာတဲ့ လူက
အခုဒါလေး ဖက်တာကို ဘာလို့ကပ်စီးကုပ်နေတာလဲ""ညက ည ,အခုက မနက်လေ ဘေဘီ
ကိုယ့်စိတ် ပြောင်းလဲသွားပြီ ။ Ok? "ကိုယ်ပေါ်က စောင်ကို လက်နဲ့အသာ ဖယ်ပြီး အိပ်ယာပေါ်က ထလိုက်တော့
ညက အတူနေထားမှုကြောင့် အကျီတစ်စ ကပ်မနေ.. ။ရှက်မနေပါ။
အဝတ်မပါတဲ့ကိုယ်နဲ့ပဲ အိပ်ယာထလိုက်ပြီး အိပ်ယာအောက်အနှံ့ပျံ့ကျဲနေတဲ့ အကျီ ဘောင်းဘီတွေကို ယူဝတ်နေချိန်အိပ်ယာပေါ်ကနေ ပြုံးပြီး ကြည့်နေတဲ့လူ
ခေါင်းခါလိုက်ပြီး
ကြယ်သီးတွေကိုသာ သေချာတပ်လိုက်သည်။အဝတ်အစားအပြည့်အစုံ ဝတ်ပြီးတော့မှ
တစ်ယောက်ထိုင် ဆိုဖာခုံမှာ တင်ကျန်နေတဲ့ ဖုန်းလေးဆီ ၊ ပိတ်နေတဲ့ Phone power ဖွင့်လိုက်တော့ ဆီးကြိုနေတာက ရဲရဲနီနေတဲ့ missed call တွေပင် ။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))