Extra

12.4K 926 48
                                    

”ဒီနေ့ အားလား Byun ”

ရင်ခွင်ထဲက ကိုယ်လေးကို တင်းတင်းဖက်ရင်း ChanYeol မေးမိတော့
Baekhyun က ရင်ခွင်ထဲကနေ မော့ကြည့်လာသည်။

”မင်းအတွက်ဆို ဘယ်​လောက်ပဲ မအားလပ်​​​နေလည်း ငါ့အဖြေက အားတယ်ပဲ
ဘာလုပ်ချင်လို့လဲ ပြော ”

”မဟုတ်ပါဘူး ဒီတိုင်း တူတူ ရှိချင်လို့ ”

”နေ့တိုင်း တူတူ ရှိနေတာပဲကို
မငြီးငွေ့ဘူးလား ”

ထထိုင်လိုက်ရင်း Baekhyun မေးတော့
Chanyeol က မကျေမနပ် ခပ်ဆောင့်ဆောင့် မေးလာလေသည်။

”ဘာလဲ တစ်နှစ်လောက် နေတော့ ခင်ဗျားက ငြီးငွေ့နေပြီပေါ့ ဟုတ်လား ”

”မဟုတ်...မဟုတ်ဘူး.. ကိုယ်ပြောချင်တာက.. ”

Baehyun ပြာပြာသလဲ ရှင်းပြဖို့ လုပ်ပေမဲ့လည်း

”တော်စမ်းပါ ”

Chanyeol ထသွားပြီး အခန်းထဲက ထွက်လို့သွားသည်။
Baekhyun လေပူတွေသာ မှုတ်ထုတ်ရင်း နောက်က လိုက်ရတော့သည်။

”ကိုယ်ပြောချင်တာ အဲ့လို မဟုတ်ဘူးလေ
ဒီတိုင်း ဒီတိုင်းလေး... ”

ဘာ ဖြေရှင်းချက် ပေးမလို့လဲ ဆိုပြီး Chanyeol စွေစောင်းစောင်း ကြည့်နေသည်။
Baekhyun ဘက်က ဒီတိုင်း ပြောလိုက်တဲ့ စကားဖြစ်ပြီး တကယ် တကယ် အခြားဘာအဓိပ္ပါယ်မှ မပါခဲ့....
ကောင်ဆိုးလေးက သက်သက် ရစ်နေတာ
မသိတာလည်း မဟုတ်ပါဘဲနဲ့.....
မနက်ဖြန် တစ်နှစ်ပြည့် anni ကို စိတ်ကောက်ရင်း ဖြတ်သန်းချင်တယ် ထင်ပါရဲ့။

”Channie ချစ်တယ် ”

မထင်မှတ်တဲ့ စကားကို ကြားလိုက်ရတာမလို့ Chanyeol ကိုယ့်နားကိုတောင် အံ့သြသွားရတော့သည်။
ချစ်တယ် ဆိုတဲ့ စကားကို Byun ဆီက တော်ရုံ မကြားရပေမဲ့ ကြားရတဲ့အချိန်တိုင်း ဆယ်ကျော်သက် ကလေးတစ်ယောက်လို သူ့ရင်ထဲ တဒိတ်ဒိတ်နဲ့... ခုန်နေစဲပဲ
ဒါပေမဲ့လည်း ဘာလို့မှန်းမသိ မနက်ထဲက Byun ကို ရစ်ချင်နေတယ် ။
ကျေနပ်နေတဲ့ မျက်နှာကြီးကို ဖုံးကွယ်ကာ ဘာမှမဖြစ်ချင်ယောင်ဆောင်ပြီး...

”ဘာဆိုင်လို့ အဲ့စကားက ထွက်လာရတာလဲ Byunbaekhyun ssi ”

”မရဘူးလား ...
ပြောလိုက်ရင် စိတ်ကောက်ပြေမယ် ထင်လို့ ပြောလိုက်တာကို
မပြေသွားဘူးလား
ငါ မြင်လိုက်တာကတော့ မင်းမျက်နှာ ပြုံးသွားသလား လို့  ”

Just~~~{[Completed]}Where stories live. Discover now