Just~25

10.6K 1K 55
                                        

ရေသောက်မလို့ ရေပူရေအေးစက်ကို သွားတော့
စက်က အလုပ်မလုပ်နေ...။

”ပျက်သွားတာများလား ”

စက်ကို ကြည့်ကာ ပြောရင်း အနားက ရေဘူးကို ကောက်ကိုင်လိုက်သည်။

”ParkChanyeol ငါ ရေသွားယူလိုက်ဦးမယ် ”

ကုတင်ပေါ်မှာ ထိုင်နေတဲ့ Chanyeol က ရှေ့က နံရံဖြူ ကို စိုက်ကြည့်ပြီး တစ်စုံတစ်ခုကို မျက်မှောင်ကျုံကာ အတင်းအကျပ် စဉ်းစားနေတာမလို့ Baekhyun ပြောတာ ကြားဟန်မတူ..။

”Ya! ”

အနားကို သွားပြီး မျက်စိရှေ့ကို လက်ဖဝါးနဲ့ ကာကာ လက်က်ိုလှုပ်ယမ်းတော့မှ.
Chanyeol ရဲ့ အကြည့်တွေက သူ့စီရောက်လာသည်။

”ဘာလို့လဲ Byun ”

မျက်စိရှေ့ ရောက်လာတဲ့ လက်ဖဝါးဖြူဖြူ ကြောင့် အတွေးတွေ ပြတ်ကာ Byun မျက်နှာကို စိုက်ကြည့်လိုက်၏ ။

”ဘာတွေ စဉ်းစားနေတာလဲ
မင်း ခုတလော အာရုံမရှိနေတာ တော်တော်ကြာပြီ ငါသတိထားမိသလောက် ငါ့အိမ်က ပြန်လာထဲကလားလို့ ”

”စဉ်းစားစရာလေးရှိနေလို့ပါ
ဒါနဲ့ ရေဘူး ကိုင်ပြီး ဘာလုပ်နေတာလဲ ”

”အာ! ရေဘူး?
အပြင်မှာ ရေသွားယူမလို့
ဒီက စက် ပျက်သွားတာလား မသိဘူး ”

Chanyeol ရေဘူး ကိုမေးတော့ လက်က ကိုင်ထားတဲ့ ရေဘူး ကိုထောင်ပြပြီး
ရေသန့်စက် ပျက်သွားတဲ့အကြောင်းနဲ့ ရေသွားယူမဲ့ အကြောင်းကို ပြောပြလိုက်သည်။

”သွားလေ
ကျွန်တော် ရေဆာတယ်
မြန်မြန် ယူပြီး ပြန်လာခဲ့ ”

Ok ဆိုတဲ့ သဘောနဲ့ လက်ညိုးနဲ့လက်မ ကိုထိစပ်ကာ ဝိုင်းပြပြီး ထွက်သွားတဲ့ Byun..။

Byun ထွက်သွားမှ အခုတလော သူအာရုံမရှိ ဖြစ်နေတဲ့ အကြောင်းကို ပြန်တွေးမိသည်။
အဲ့နေ့က Byun ကို သူဝယ်ပေးထားတဲ့ shirt ဝတ်ခိုင်းမိတဲ့အခိုက်..
အဲ့ထဲက စဉ်းစားမိတာ ရှိလာသည်။

အဲ့အချိန်တုံးက တွေ့ခဲ့တဲ့ အမျိုးသမီး
သူနဲ့အတူ အကျီ တစ်ထည်ကို တူတူ လိုချင်ခဲ့တာ..။
မျက်စိထဲ မပေါ်လာတာမလို့ ခုတလော အဲ့အမျိုးသမီးကို ပုံဖော် စဉ်းစားမိနေတာ
ဘာလို့မှန်းမသိ.. အဲ့အမျိုးသမီးကို Chanyeol သူ့အာရုံထဲက ထုတ်လို့မရနေ..။

Just~~~{[Completed]}Tahanan ng mga kuwento. Tumuklas ngayon