Just~ 14

11.3K 953 79
                                    

ရုတ်တရက်ကြီး မောင် အပြင်ထွက်သွားတာကြောင့်.. ဘာမှန်းမသိပေမဲ့ အိပ်လို့လည်းမပျော်တော့ ။ ယောကျ်ားဖြစ်သူက အပြင်မှာ ရှိနေတာ ဘယ်မိန်းမ က အိပ်လို့ရမလဲ ။ Chae အိမ်ရှေ့ ဆိုဖာမှာပဲ ထိုင်စောင့်နေမိသည်။

နာရီဝက်လောက်အကြာ.. ကားသံနဲ့အတူ မောင် အိမ်ထဲ ဝင်လာပါသည်။
လူတစ်ယောက်ကို ပါ တွဲလာသေးတယ် ။

ဘယ်သူပါလိမ့် ?

Chae သိတဲ့မောင်က အပေါင်းအသင်း သိပ်မရှိတဲ့လူပါ

”မောင်! ”

အိမ်ရှေ့ ပေါက်ဝက မောင့်ဆီ Chae သွားလိုက်သည်။

”Chae!
မောင့်ကို ကူညီပါ
သူ့က်ို အခန်းထဲ သွင်းမလို့ … ”

အခန်းထဲ.. ?

ဘယ်သူလဲ သိချင်ပေမဲ့.. အခြေအနေက မေးလို့ရမဲ့ အခြေအနေ မဟုတ်သေး..။
မောင့်ကို ကူညီတဲ့အနေနဲ့ တစ်ဖက်ကတွဲခေါ်လိုက်သည်။

”အောက်ထပ်က guest room မှာ ထားမှာလား မောင် ”

”ရတယ် မထားဘူး
အပေါ်ထပ် မောင့်အခန်းမှာပဲ ထားမယ် ”

မောင့်အခန်း?
Chae ဘက်က တစ်ခန်းထဲ အတူနေဖို့ အရဲစွန့်ပြီး ပြောခဲ့တာတောင်
နှစ်ယောက်မနေချင်ဘူး..တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တယ် လို့ ပြုံးပြုံးလေး ငြင်းလာတဲ့မောင်

အဲ့လိုလူက အခု ဒီလူကို သူ့အခန်းမှာ သိပ်မယ် တဲ့
ယောကျ်ားလေး သူငယ်ချင်းပဲလေ..ဘာမှဟုတ်တာမှမဟုတ်ဘဲကို.. chae ရာ...

”ကူညီပါ chae
သူ မူးနေတာမလို့ မောင့်အခန်းထဲ ခေါ်တာ”

ဟုတ်ပါတယ်..
Chae ခေါင်းညိမ့်ပြရင်းသာ.. အဲ့လူစိမ်းကို အပေါ်ထပ် မောင့်အခန်းရှိရာကို မောင်နဲ့အတူ ထိန်းပေးရင်း ပို့ရတော့သည်။

                      %&%&*%&%&

”သူက ဘယ်သူလဲ မောင် ”

မောင့်အိပ်ရာပေါ် အိပ်နေတဲ့ ထိုလူစိမ်းကို ကြည့်ရင်း Chae မေးလိုက်မိတယ်
အမှန်အတိုင်းပြောရင်း..ဒီလူကို စိတ်ထဲက သဘောတွေ့မနေ..မြင်ဖူး တွေ့ဖူးနေသလိုလည်း ခံစားရသည်။ဘယ်မှာမြင်ဖူးမှန်းမသိ..။

Just~~~{[Completed]}Donde viven las historias. Descúbrelo ahora