Just~ 30

12.8K 907 98
                                    

အခုထိ အိပ်ပျော်နေသေးတဲ့ Chanyeol ကို ကြည့်ပြီး
နဖူးထက် အနမ်းဖွဖွ ပေးကာ အခန်းထဲက ထွက်လာလိုက်သည်။

အခန်းအပြင် ရောက်ရောက်ချင်း အပေါ်ထပ်ကနေ ဆင်းလာတဲ့ Chae က လှေကားခြေရင်းနားမှာ..။

နှစ်ယောက်သား တွေ့ကြပေမဲ့ ဘာပြောရမလဲ သိမနေ..။
Chanyeol အခန်းထဲက ထွက်လာမိတာမလို့ Chae ရှေ့မှာ နည်းနည်း တော့ နေရခက်သား...။
နှစ်ဦးကြား တိတ်ဆိတ်နေစဉ် BaekHyun နောက်က ထွက်လာတဲ့ အသံတစ်ခု..

"Byun~~~ တူတူ ထချင်လို့ နှိုးပါ ပြောထားတာကို
ဒီတိုင်း ထွက်သွားရလား "

Chanyeol အိပ်ချင်မူးတူးနဲ့ပြောပြီး နောက်က ထွက်လာသည်။
အိပ်ချင်နေပြီး ခေါင်းက ငိုက်စိုက်မလို့ ရှေ့ကို မမြင်..။
သူသိတာ မတ်တပ်ရပ်နေတဲ့ Baekhyun ကိုသာ..။

နောက်ကျောဘက်ကနေ Baekhyun ခါးကို ဖက်ထားပြီး ပခုံးပေါ် ခေါင်းတင်ကာ မျက်လုံးတို့ မှိတ်၍ ပြန်အိပ်နေသေးတဲ့ Chanyeol...။
ကုန်းကုန်းကွကွ အနေအထားနဲ့တောင် ရအောင် ပြန်အိပ်နေသေးသည်။

Chae ရှိမှန်း သိပေမဲ့ အားနာပါးနာနဲ့တောင် အိပ်ရေးမဝသေးတဲ့ ကောင်လေးကို သူဖယ်မထုတ်မိ..။
ခါးကို ဖက်ထားလို့ ရှေ့ရောက်နေတဲ့ လက်တစ်ဖက်ကိုတောင် အပေါ်က အုပ်ကိုင်ထားသေးတယ်။

တောင်းပန်ပါတယ်..Chae ။ သိနေတာသိရဲ့နဲ့ ဟန်ဆောင်ပြီးတောင် မင်းရှေ့မှာ Chanyeol ကို မပစ်ပယ် နိုင်လို့... ။

"မောင်အရမ်းချစ်ရတဲ့ ကောင်လေးက အိပ်ချင်နေသေးတယ် နဲ့ တူတယ်
ပြန်ချော့သိပ်လိုက်ပါဦးလား "

ရွဲ့တဲ့တဲ့ ပြောပြီး Chae နောက်လှည့်ကာ အပေါ်ပြန်တက်သွားသည်။
ထပ်မံ ကျဆင်းလာဦးမဲ့ သူမ မျက်ဝန်းထဲက မျက်ရည်တွေကို ဘယ်သူ့ကိုမှ မမြင်စေချင်တော့...။

Chae ကို တစ်ချက်မော့ကြည့်လိုက်ပြီးမှ...
သူ့ နောက်က ကောင်လေးရဲ့ လက်ကို တင်းတင်းဆုပ်ပြီး..

"မတ်တပ်ကြီး အိပ်ရတာ အဆင်မပြေဘူးမလား
အထဲ ဝင်အိပ်လေ ."

"Byun ပါ အတူ.. အိပ်ပေးဦး "

ဖြည်းညင်းညင်းနဲ့ စကားတို့ကို ဆိုလာသည်။

"အင်းပါ...ငါ မင်းနားမှာ တူတူ ရှိပေးပါ့မယ် "

Just~~~{[Completed]}Where stories live. Discover now