Just~ 29

12.1K 1K 161
                                    

🇯 🇺 🇸 🇹


တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်နဲ့ စားသောက်ဆိုင်တစ်ခု...
အခြားသူတွေ ရှိမနေဘဲ တစ်ဝိုင်းထဲမှာသာ လူနှစ်ယောက်ပဲ ရှိလို့နေ၏ ။

ပန်းကန်ပြား အဖြူပေါ်က လှလှပပပြင်ဆင်ထားတဲ့ Salmon ငါးအသားတုံး ကို ဖြတ်လှီးနေတဲ့ ခက်ရင်းသံသာ တစ်စတစ်စ ထွက်ကာနေသည်။
လူနှစ်ယောက်ကတော့ တိတ်ဆိတ်နေမြဲ...။

နာရီလက်တံ မိနစ်သုံး​ဆယ်လောက် ထပ်မံ ကုန်ဆုံးသွားတဲ့အချိန်...
စကားသံတစ်ခုက ထွက်ပေါ်လို့ လာသည်။

”ပြောစရာ မရှိဘူးလား မောင်
Anni day နဲ့ တောင် မတူတော့ဘူးဘဲ ”

အသက်မပါတဲ့ မျက်လုံးတွေနဲ့ မလိုက်ဖက်လှစွာပဲ ရယ်သံနှောကာ ပြောလာတဲ့ Chae..။

အေးဆေးလှတဲ့ မောင်ကတော့ လက်ကိုင်ပုဝါ အဖြူ နဲ့ ပါးစပ် သုတ်နေသည်။
ပြီးမှ  ”လက်ဆောင် ” ဆိုတဲ့ စကားနဲ့အတူ
ဘူးအပြားလေးတစ်ဘူးကပါ စားပွဲပေါ် ကတစ်ဆင့် Chae ဘက် ဖြတ်သန်းကာ ရောက်လို့လာသည်။

အရင်က မောင့်ဆီက လက်ဆောင်ဆိုရင် ရင်ခုန်ခဲ့ရပေမဲ့ အခု ဒီလက်ဆောင်အတွက် Chae စိတ်ထဲ ရင်ခုန်မှု သေးသေးလေးတောင် ရောက်မနေပါလား..။
အပြုသဘောအနေနဲ့ ပဲ ဘူးလေးကို ဖွင့်ကြည့်လိုက်မိတော့
အရောင်တစ်လက်လက်နဲ့ စိန်စီထားတဲ့ ဆွဲကြိုး တစ်ကုံး

”သဘောကျရဲ့လား ”

Chae ဖွင့်ကာထားတဲ့ ဘူးလေးကို ဖွဖွလေး ပိတ်လိုက်ပြီး စားပွဲပေါ် အသာတင်ကာ...

”မောင် ရွေးထားတာ မဟုတ်မှန်း သိလို့လား မသိဘူး
စိတ်ထဲမှာ သဘောကို မကျဘူး ”

Chae ပြောတာ အမှန်တရားဖြစ်နေတာမို့ မောင့်ဆီက ဖြေရှင်းသံတော့ ထွက်မလာ...။
သုံးနှစ်ဆိုတဲ့ အတောအတွင်းမှာ မောင့်အကြောင်း Chae အကုန် သိတာပေါ့ ။
အဖြစ်သဘောနဲ့ Anni day တွေမှာ Chae နား ရှိနေခဲ့တာပဲကို..။
မသိချင်ယောင်ဆောင်ရတာ တစ်နှစ် တစ်နှစ် ခက်ခဲလာတယ်..မောင်..။
တဖြည်းဖြည်း Chae ဟန်ဆောင်မှုတွေကို ဖြိုခွဲပစ်ချင်လာပြီ..။

မောင်က ရေဖန်ခွက်ကို ယူကာ သောက်နေ၏ ။
တစ်ဝက်လောက် လျော့သွားတဲ့ ရေနဲ့အတူ ခွက်ကပါ စားပွဲပေါ် ပြန်ရောက်လာသည်အထိ Chae အကြည့်တွေ နေရာမရွေ့ခဲ့မိ..။
ခဏနေတော့ ဘေးမှာချွတ်ထားတဲ့ အပေါ်ကုတ် အိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းက တစ်ချက် အသံမြည်လာတာမို့
မောင်က Chae ကို တစ်ချက် ကြည့်ပြီး သူ့ဖုန်းကို ထုတ်ကြည့်နေ၏ ။
Chae မိမိ ရှေ့က ရေခွက်ကိုသာ ယူသောက်မိသည်။

Just~~~{[Completed]}Tempat cerita menjadi hidup. Temukan sekarang