Just~ 11

12K 945 60
                                        

Chanyeol အိမ်ကို ရောက်လာပြီ..။

Baekhyun က ဘားလုပ်ထားတဲ့နေရာ..ခုံထက် ထိုင်နေပြီး..Chanyeol ရေသောက်နေသည်။Baekhyun ဘက် ရေခွက် ကိုင်ကာ လှည့်လာပြီး..

”အိမ် Password ပြောပြထားရမလား baekhyun ”

”ရှန်ပိန်တစ်ခွက် ”

မဖြေဘဲ.. ရှန်ပိန် လာတောင်းနေတာကြောင့်.. စင်မှာ ထားထားတဲ့ ရှန်ပိန်ပုလင်းကို ယူ အပေါ်စင်၌ ရှိတဲ့ ခွက်ကိုလည်း ယူပြီး... ခွက် တစ်ဝက် ထည့်ပေးလိုက်သည်။

”Thank Honey ”

”Password က...”

Chanyeol ပြောနေတုန်း...Baekhyun ဖြတ်ပြောလိုက်သည်၊

”မပြောနဲ့ မသိချင်ဘူး.
.ကိုယ်လာလို့... အိမ်ပေါက်ဝရောက်ရင် ဖုန်းဆက်မယ် ။ အဲ့အချိန် ရောက်တဲ့နေရာက ပြန်ခဲ့ရုံပဲ honey ”

”Wow!! ခင်ဗျားတကယ် ရက်စက်တာပဲ..မဟုတ်သေးဘူး!! ကျွန်တော့ကို သက်သက် ဒုက္ခပေးဖို့ ကြံနေတာ
အိမ်လာရင် password နှိပ်ပြီး အေးအေးသာသာ ဝင်နေပါလား..အခုတော့..ဖုန်းဆက်ပြီး လှမ်းခေါ်မယ်တဲ့... တော်တော်ကို ခိုင်းစားပြီး နှိပ်စက်ဖို့ ကြံနေတာပဲ …”

”မင်းလုပ်တာလောက်တော့ မဆိုးပါဘူး Parkchanyeol
ညစာ ပြင်ထားပေး...ဖုန်းသွားပြောလိုက်ဦးမယ်...”

သောက်လက်စ ရှန်ပိန်ခွက်ကို စားပွဲပေါ် ချခဲ့ကာ..ဖုန်းပြောဖို့ Baekhyun ထွက်သွားလေသည်။

”ငါ့ကို သူ့မိန်းမများ မှတ်နေလားမသိဘူး ခိုင်းစားနေတာက ”

ကျန်ခဲ့တဲ့ Chanyeol မှာတော့ ထွက်သွားတဲ့လူကို ကြည့်ပြီး ပွစိပွစိလုပ်နေပါ၏ ။

                    %&%&*%&%&

Baekhyun ဖုန်းပြောပြီး ပြန်လာတော့.. ဘာမှမရှိတဲ့.. ထမင်းစားပွဲ အလွတ်က..ကြိုဆိုနေသည်။

”Ya!! ညစာ ပြင်ထားပါဆို.. ”

Parkchanyeol ကတော့ ခုံမှာသာ ခြေလှုပ်ထိုင်နေစဲ..။

”ဘာမှမှ မရှိတာ ဘာပြင်ရမှာလဲ...ရှိလဲ ဘာမှမလုပ်တတ်ဘူး.. ဘာမှမလုပ်တတ်လို့လဲ အိမ်မှာ ဘာမှမရှိဘူး ”

Chanyeol အဖြေစကားကြောင့် Baekhyun ပါးစပ်အဟောင်းသား..

”ဝွါးး .. အဲ့တော့ ကိုယ်က .အငတ်နေရမှာလား!? ”

Just~~~{[Completed]}Место, где живут истории. Откройте их для себя