အခန်းတစ်ခု
ကုတင်ဘေးက ကျွန်းခုံလေးမှာ တင်ထားတဲ့ ဓာတ်ပုံဘောင်လေးတစ်ခု
အထဲမှာတော့ ပင်လယ်ကမ်းခြေမှာ ပြုံးပျော်ပြီး ရိုက်ထားတဲ့ ကောင်လေးနှစ်ယောက် တည်ရှိနေတယ်။.
.
.
."Byun!!! ဘယ်မှာလဲ"
အိပ်ခန်းထဲက အော်သံကျယ်ကျယ်ကြောင့် သောက်လက်စရေခွက်ကို ဒုန်းခနဲ ပစ်ချပြီး အိပ်ခန်းထဲ အလောတကြီး သွားမိသည်။
အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာ ခြေထောက် အောက်ပိုင်း စောင်ခြုံပြီး ထိုင်နေတဲ့ ကောင်လေးက ခေါင်းကို ငုံ့လို့ထားသည်။
ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေဟန်မို့ သူသိလိုက်ပါပြီ.. ။
ညတိုင်း နီးပါး မက်လေ့ရှိတဲ့ Chanyeol ရဲ့ အိပ်မက်ဆိုးတစ်ခု ... သူ မတော်တဆ ဖြစ်ပြီး Chanyeol အနားက ထွက်သွားရတယ် ဆိုတဲ့ အိပ်မက်ကနေဒါက ပြန်လာတဲ့ လေယာဉ်ပေါ်မှာ အိပ်မက်မက်ခဲ့ပုံရတဲ့ ကောင်လေးက လေဆိပ်ရောက်တာနဲ့
လာကြိုတဲ့ Baekhyun ကို တွေ့ပြီး ဖက်ငိုခဲ့သေးတာအိမ်ပြန်ရောက်တဲ့အထိ စိတ်တည်ငြိမ်မှု မရဘဲ သူ့နားပဲ ကပ်နေတာကြောင့် ရက်ပိုင်းလောက် ဘယ်မှမသွားဘဲ အဖော်ပြုပေးခဲ့ရသေးတယ် ။
ဘယ်သွားသွား နောက်က တစ်ကောက်ကောက် လိုက်နေခဲ့တဲ့ Chanyeol ကြောင့် ရယ်လည်း ရယ်ချင်သလို သနားလည်း သနားရသည်။"ခွဲလိုက်ရတဲ့ အချိန်တစ်ခုမှာ Byun အနားက ပျောက်ကွယ် သွားမှာ ကြောက်လ်ို့ပါ " လို့ Chanyeol ပြောတဲ့စကားကြောင့် သူတောင် စိတ်မကောင်းဖြစ်ခဲ့ရသေးတယ် ။
အခုလည်း အိပ်မက်ဆိုးက ချစ်ရတဲ့ ကောင်လေးကို တိုက်ခိုက်လာပြန်ပြီ... ။
"Channie ဘာမှမဖြစ်ဘူးနော်
ငါအနားမှာ ရှိတယ် "နဘေးနားသွားပြီး ခေါင်းကိုဆွဲယူကာ ရင်ခွင်ထဲ အပ်ထားမိတော့
ခါးကို တွယ်ဖက်လာတဲ့ လက်မောင်းသန်သန်တွေ"ခင်ဗျား အနားမှာ မရှိတော့မှာ ကြောက်တယ် Byun "
ရှိုက်သံတွေနဲ့ ပြောလာတဲ့ ကောင်ငယ်လေးကြောင့် သူလည်း နာကျင်ရတယ် ။
ESTÁS LEYENDO
Just~~~{[Completed]}
Fanficမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))