”အင်းးးးးးးးး, စာချုပ် ကိစ္စ ပြီးပြီဆိုတော့.. ကျွန်တော်တို့ရဲ့ ကိစ္စလေး စကြမလား?? ”
Baekhyun လှဲအိပ်နေတဲ့ ဆိုဖာရှည်ပေါ်သွားပြီး..မျက်နှာကို လက်ဖဝါးနဲ့ အသာပွတ်သပ်နေတဲ့ Chanyeol ။
ပွင့်လာတဲ့မျက်ဝန်းတစ်စုံက chanyeol ကို ဆွဲဆောင်မှု ရှိစွာပင် စိုက်ကြည့်နေလေသည်။
”Kiss me, Honey ”
လေသံနဲ့သာ ပြောလာတဲ့ baekhyun စကားကို နာခံစွာပင်..
နှုတ်ခမ်းပါးကို အနမ်းခြွေမိသည်။တစ်စတစ်စပြင်းထန်မွတ်သိပ်လာတဲ့အနမ်းကြမ်းတွေကြား လိုချင်ရမ္မက်ကလည်း နှစ်ဦးလုံးအပြည့်...
Baekhyun လက်ချက်နဲ့ Chanyeol ရဲ့ ရေချိုးခန်းဝတ်စုံကလည်း ဖရိုဖရဲ ၊ ခါးစည်းကြိုး ပြေလျော့နေပြီး အပေါ်ပိုင်း ရင်အုပ်ဟာ အတိုင်းသား...။
တရားမကျစွာ အဝတ်ကပ်နေသေးတဲ့ Baekhyun ရဲ့ အောက်ခံရှပ်အဖြူ ကို ကြယ်သီးမဖြုတ်ပဲ ဆွဲဖြဲလိုက်တာ အကျီမှာ နှစ်ပိုင်းအနေအထားပင်ပြဲသွားသည်။
ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးကို ကျေနပ်အားရစွာပင် သေချာကြည့်လိုက်ပြီးနောက်လည်တိုင်.ညှပ်ရ်ိုး တို့ကို နှုတ်ခမ်းသားနဲ့ တတိတိကိုက်လိုက်... စုပ်ယူလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်ရင်း တုံ့ပြန်တေးသွားကို သဘောတကျပင် နားဆင်နေသည်။
ရင်ဘတ်က အနီရောင်ပွင့်ချပ်လွှာတို့ကို နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှိုက်ပြီးမှ...
”အခန်းထဲ သွားရအောင်.. ဆိုဖာက နည်းနည်းကျ ဉ်းသလားလို့ ”
Chanyeol စကားကို baekhyun မကျေနပ်သလို စုတ်သတ်ပြီးမှ...
”ချီသွား... စိတ်ရှုပ်သွားရင် ဒီမှာတင်ရပ်တော့မှာနော် ”
”Ok.Ok
စိတ်တော့ မရှုပ်လိုက်နဲ့... ခင်ဗျားကိုရဖို့ ရင်းနှီးထားရတာ များတယ် ”နဂို လှဲလျက်သားဖြစ်နေတဲ့CEO nim ကို အသာမချီလိုက်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့
အနမ်းမပျက်ဘဲ အိပ်ခန်းကို ခေါ်လာခဲ့သည်။မီးခိုးရောင် Kingsize Bed ပေါ် Baekhyun ကိုအသာချပေးပြီး ကိုယ်ကပါ တစ်ခါတည်းအပေါ်ကအုပ်မိုးလိုက်သည်။
နီချင်ချင် ဖြစ်နေတဲ့ နားရွက်ဖျားလေးတွေကို လျှာနဲ့ယက်လိုက်.. သွားနဲ့ကိုက်လိုက်နဲ့.....
KAMU SEDANG MEMBACA
Just~~~{[Completed]}
Fiksi Penggemarမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))