"ဟင်းးး..."
အခန်းတွင်း သက်ပြင်းချသံ အကျယ်ကြီး ထွက်ပေါ်လာသည်။
"Chanyeol စစ်တပ်ရှေ့တန်းအတွက် လက်နက်ထောက်ပံ့မလို့လား... "
ဆရာမရဲ့ခပ်ရွဲ့ရွဲ့စကားကြောင့်.. chanyeol
မုန်လာဥနီက်ို အတုံးလိုက်အတစ်လိုက် လှီးနေရာကနေ..စိတ်မရှည်တော့သလို ဓားကို ပစ်ချပစ်လိုက်သည်။"ကျွန်မ ပါးပါးလှီးလို့.. ပြောထားတာနော်
ဒီလို အကြီးကြီးတွေ လှီးခိုင်းတာမှ မဟုတ်တာ...ဓားတောင် မှန်အောင် မကိုင်တတ်ဘဲ.. ဘယ်လို များ ဟင်းချက်သင်ဖို့ စဉ်းစားရတာလဲ... "
"မတတ်လို့ သင်တာပေါ့...
တတ်မှတော့.. ခင်ဗျားဆီမှာ သင်နေစရာ အကြောင်းကို မရှိဘူး "ဘုကလန့် ပြန်ပြောလာတဲ့ Chanyeol ကြောင့် ဟင်းချက်သင်ပေးနေရတဲ့ Chef လည်း သက်ပြင်းပဲ ထပ်ချလိုက်နိုင်သည်။
"အခုပဲ ဘယ်နှခေါက်ရှိနေပြီလဲ.. ဒီမုန်လာဥကို လှီးနေတာ
ဘယ်လို သင်ပေးပေး မရဘူးChanyeol က ဟင်းချက်ဖို့ကို ပါရမီ မပါဘူး ဖြစ်ရမယ် "
"မဖြစ်ဘူး... ကျွန်တော် ရအောင်သင်မှာ... "
ဆရာမက စိတ်ညစ်စွာပင် ပြောတော့.
Chanyeol အလျင်အမြန်ပဲ ငြင်းလိုက်မိတယ်။ထို့နောက် ဘေးနားမှာ ရှိနေတဲ့ ကြိမ်ခုံထက် ဝင်ထိုင်ပြီး စတီးရောင် လက်နေတဲ့ ဓားပါးပါးကို အကြောင်းမဲ့ စိုက်ကြည့်ရင်း..
"လူတစ်ယောက်အတွက် ပထမဆုံး ရည်ရွယ်ပြီး လုပ်ပေးချင်ခဲ့တာ
တကယ် ပထမဆုံးပဲအဲ့လူက သိပ်ကို အစားအသောက် ဇီဇာကြောင်တယ်
တော်ရုံ အပြင်စာဆိုင်တွေကို သူခံတွင်းမတွေ့တတ်ဘူး "ပြောရင်း chanyeol မျက်နှာက ပြုံးနေသည်။
"အဲ့လူ့ကို ကျွန်တော့ဘေးနား ရှိစေချင်တဲ့အခါ... ပြသာနာက အစားအသောက်ပဲ...
ကျွန်တော်က ဟင်းမချက်တတ်ဘူး...
ကျွန်တော်နဲ့ ရှိနေတဲ့ အချိန်မှာ သူ ဗိုက်ဆာနေတတ်တဲ့ အချိန်ဆို ကျွန်တော် စိတ်မကောင်းဘူးသူ့အတွက် အရသာရှိတဲ့ ဟင်းတစ်ခွက် လုပ်ပေးချင်တယ်
သူ့အတွက် အမြဲ ချက်ပြုတ်ပေးနေတဲ့ လူတစ်ယောက်ထက် အရသာပိုရှိမဲ့ ဟင်းကို လုပ်ပေးချင်တယ်
ဘာလို့မှန်း မသိပေမဲ့ ပေါ့.. "

YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))