Ep (1)

4.7K 180 13
                                    

လှောင်ချိုင့်ကို မြင်ပါသလားငှက်ကလေး
မင်းကိုလှောင်ပိတ်ထားတဲ့ ငါ့အတ္တတွေကိုမြင်သလား
မင်း လွှတ်​​မြောက်​ဖို့ကြိုးစားပါ
မုန်းတီးခြင်းနဲ့ ငါ့ကိုထိုးနှက်​ပါ....
ငါ့မှာ အမုန်းဆူး ဆူးနေရှာတယ့် ယိုင်နဲ့နဲ့လှောင်ချိုင့်ငယ်




"​တော်​​သေးတာ​ပေါ့ဗျာ...နစ်​နာသူဘက်​က အလွယ်​တကူ​ကြေ​အေး​ပေးလိုက်​လို့...မဟုတ်​ရင်​ ကျ​နော်​တို့လဲ မကယ်​နိုင်​ဘူး။ ​နောက်​တစ်​ခါ ဒါမျိုးထပ်​မဖြစ်​​အောင်​​တော့ ဆင်​ခြင်​ပါ....''

"ဟုတ်​ကဲ့ပါ အခုလိုကူညီ​ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ဒါကျွန်​မဘက်​က ​ကျေးဇူးပြန်​ဆပ်​တာပါ...''

Jessica ငွေထုပ်​တစ်​ထုပ်​ကို မှူးဆီ လက်​သိပ်​ထိုးခဲ့ရသည်​။

Tiffက မီး​မွှေးတယ်
ကျွန်​မက Tiff​မွှေးသမျှမီးကို လိုက်​သတ်​ရတယ်
ဒါဟာ အမြဲဖြစ်​​နေကျ အမှန်​တရား
အ​ရှေ့အရပ်​က​နေထွက်​ပြီး
အ​နောက်​ဘက်​ကို​နေဝင်​တယ့်​ ​လောကဓမ္မတာလို
အမှန်​တရားမျိုး.....

..................

"​ဆေးခန်းသွားကြမလား Tiff''

ဒဏ်​ရာ​တွေနဲ့ ဖူး​ယောင်​​နေတဲ့မျက်​နှာ​လေးကို မြင်​ရတာ စိတ်​မသက်​သာလှ။

"အိမ်​ပြန်​မယ်​..!''

တိုပြတ်​သည့်​ အ​ဖြေတစ်​ခုသာ။
Tiffဟာ သူမကို ဘုကလန့်​တိုက်​ဖို့များ​မွေးဖွားလာခဲ့သလား။

"Tiff..ဒဏ်​ရာ​တွေ မြန်​မြန်​သက်​သာ​အောင်​ ​ဆေးထည့်​ရမယ်​​လေ။ ကဲပါ...Mr.Lee​ရေ ​ဆေးခန်းကိုဘဲ​မောင်းလိုက်​..''

ကိုယ်​သိပ်​ချစ်​ရတဲ့ သူ့မျက်​နှာလှလှ​လေး​ပေါ် ဒဏ်​ရာ​တွေမြင်​ရတာ ဘယ်​စိတ်​​ကောင်းမလဲ။ သူ့အစား ကိုယ်​သာ နာကျင်​​ပေးလိုက်​ချင်သည်​။

"အိမ်​ဘဲပြန်​မယ်​လို့ ​ပြော​နေတယ်​...​!!"

"​ဆေးခန်းသွားမယ်​!! မင်းဒဏ်​ရာ​တွေ မြန်​မြန်​သက်​သာ​အောင်​လို့ ​ပြော​နေတာ Stephanie!...။ ငါ့စကားကိုနား​ထောင်​စမ်းပါ''

"အဟက်​...​နောက်​ဆုံးကျ​တော့လည်း ရှင့်စိတ်​တိုင်းကျ လုပ်​မှာကိုများ...ငါ့လာ​မေး​နေ​သေးတယ်​''

Bitterish...Where stories live. Discover now