Part-1

32.3K 1K 1
                                    

..............

ကျွန်​​တော့်​အမည်​က ​ကောင်းကင်​​ရောင်​။ကျွန်​​တော့်​အသက်​က တစ်​ဆယ့်​ခုနှစ်​နှစ်​ဖြစ်ပြီး တက္ကသိုလ်​ဝင်​တန်း​ကျောင်းသားတစ်​​ယောက်​ပေါ့။ အခုကျွန်​​တော်​ ​ခြေ ချလိုက်​တာက Try ကိုယ်ပိုင်အထက်​တန်း​ကျောင်းလေ။ ကျွန်​​တော့်​အကို တက်​ခဲ့တဲ့​ကျောင်း​ပေါ့။ အရင်​က​တော့ ​ဘော်​ဒါ​ဆောင်​တစ်​ခုဖြစ်ပြီး ဒီနှစ်​မှ ကိုယ်​ပိုင်​​ကျောင်းအဖြစ်​ ​ပြောင်းလဲလိုက်​တာဆို မှန်​ပါလိမ့်​မယ်​။ အရင်​ကျွန်​​တော်​ ​နေခဲ့ဖူးတဲ့​ကျောင်းထက်​ အစစအရာရာနိမ့်​ကျတယ်​ဆိုတာ ​ပြောစရာမလို​အောင်​ သိသာလှပါတယ်​။ ​ကျောင်းကိုကြည့်​ရင်း ကျွန်​​တော်​သက်​ပြင်းဖွဖွချလိုက်​မိတယ်​။ ထိုအခါ အကိုက ကျွန်​​တော့်​ပုခုံး​လေးကို ပုတ်​လိုက်​ပြီး

"​ကောင်း​ကောင်း မင်းအဆင်​​ပြေမှာပါ ဆရာ​တွေက အရမ်းသ​ဘော​ကောင်းကြပါတယ်​"

ကျွန်​​တော်​​ခေါင်းကိုသာ ညိမ့်​ပြလိုက်​​ပြီး ကျွန်​​တော့်​ရဲ့ အထုတ်​ကိုဆွဲကာ အကို့​နောက်​ကို လိုက်​ပါလာခဲ့တယ်​။ ရုံးခန်းတစ်​ခု အ​ရောက်​မှာ​တော့ ဆရာ တစ်​​ယောက်​ရှိ​နေပြီး အလွန်​​ဖော်​​ရွေစွာ ကျွန်​​တော်​တို့ကိုဆီးကြို​လေတယ်​။

"ဆရာ ​နေ​ကောင်းရဲ့လား"

"​ကောင်းပါ့ကွာ ​ကောင်းပါ့ လာထိုင်​ဦး ​နေ​ရောင်​"

အကိုက ရို​သေတဲ့ပုံ တစ်​စက်​​လေး​တောင်​မရှိပါဘူး။ ကျွန်​​တော်​ အကို့ရဲ့အပြုအမူ​တွေ​ကြောင့်​ အံအားသင့်​ရတယ်​ဆို မှန်​​ပေလိမ့်​မယ်​။
ယခုမြင်​​နေရတဲ့မြင်​ကွင်းက ဆရာနဲ့တပည့်​မြင်​ကွင်းမျိုး မဟုတ်​ဘူး​လေ။ ဒါကသူငယ်​ချင်း​တွေနဲ့​တောင်​ အ​တော်​​လေးတူတယ်​။ ဆရာက အသက်​​လေးဆယ်​နီးပါးသာ ရှိတဲ့သက်လတ်​အရွယ်​ပါ။ အသားညိုညိုနဲ့ ခန့်​ညားတဲ့သွင်​ပြင်​ရှိပြီး သ​ဘော​ကောင်းမည့်​သူဆိုတာ မြင်​ယုံနဲ့သိသာလှတယ်​။

"ဒါကျွန်​​တော့်​ညီ​လေး ​ကောင်းကင်​​ရောင်​"

ဆရာက ကျွန်​​တော့်​ကိုပြုံးပြရင်း

Cloud Light (Completed)Where stories live. Discover now