Part-6

8.3K 677 8
                                    

................

"ဘာဖြစ်​လို့လဲ"

ကျ​တော်​ ထိုင်​​နေရာမှ ထလိုက်​​သော​ကြောင့်​ ရတု​ဇော်​က အိပ်​ယာက​နေ ကပျာကယာထကာ​မေး​လေတယ်​။ ကျ​တော်​​ခေါင်းသာ ရမ်းပြလိုက်​ကာ

"ဘာမှမဖြစ်​ပါဘူး"

စကားသံ​တွေက ကြား​နေရဆဲမို့ အခန်းအပြင်​ထွက်​လာကာ တစ်​ဖက်​ခန်းကို တံခါး​ခေါက်​လိုက်​​လေတယ်​။

"ဒီချိန်​ကြီး ဘယ်​သူလဲ"

"ငါ"

"ယီးငါလား နာမ်​မည်​မ​ပြောဘဲ သိမလား"

အထဲမှ ပျံ့လွှင့်​လာ​သော ဆဲသံ​ကြောင့်​ ပုခုံးပါတွန့်​သွားတယ်​။ ဘယ်​လိုများ ပါးစပ်​ကထွက်​လာသလဲဘဲ။

တံခါးလာဖွင့်​သူက တိမ်​တိုက်​။ ဖွင့်​ဖွင့်​ချင်း ကျ​တော့်​ကိုမြင်​လိုက်​လို့ ထင်​ရဲ့အံဩသွားဟန်​ရှိတယ်​။တံခါးအား ကိုင်​ထား​သော လက်​ကိုတစ်​​လျှောက်​ကြည့်​မိ​တော့ ဆင်​စွယ်​လိုဘဲ ​ချောမွတ်​ဝင်းအိ​နေတယ်​။ ဝတ်​ထားတာက အဝါ​ရောင်​ဆို​တော့ တကယ်​ကိုလိုက်​ဖက်​တယ်​။ သူ့ရဲ့ဆံပင်​​တွေနဲ့က​တော့ တွဲဖက်​အညီဆုံးဘဲ။
'ဆု​တောင်း​ကောင်းသူဆိုတာ ဒါမျိုးလား'

"အာ...sorry မင်းမှန်းမသိလိုက်​လို့ ဘာကိစ္စလဲ"

ပြောရင်း သူ့လက်​​တွေကို ဆံပင်​​တွေကြားထိုးဖွလိုက်​တယ်​။ လက်​​ချောင်း​လေး​တွေက​တောင်​ ရှည်​သွယ်​သွယ်​​လေး​တွေဘဲ။

"ညဆယ့်​တစ်​ထိုးပြီ"

"ဟမ်​..."

"မင်းတို့အသံ​တွေ နှိမ့်​​ပေးလို့ရမလား"

နောက်​ဆုံး​တော့ တိမ်​တိုက်​သ​ဘော​ပေါက်​သွားပြီ။ ဒီငနဲက သူ့ရဲ့ဆဲသံ​တွေ​ကြောင့်​ လာသတိ​ပေးတာဆိုတာကို။

"Ok ok"

အစက​တော့ ထိုငနဲအား ညစ်​ဖို့အ​တွေးရှိ​ပေမယ့်​ မျက်​နှာ​သေကိုကြည့်​ပြီး ဘယ်​လိုညစ်​ရမလဲဆိုတဲ့ အ​တွေး​တောင်​ ​တွေးမရဘူး။ ထို့​ကြောင့်​ အို​ကေ သာ​ပြောနိုင်​လိုက်​တယ်​။
တိမ်​တိုက်​ရဲ့ စကားအဆုံး​တော့ ​ခေါင်းတစ်​ချက်​ညိမ့်​ပြကာ ပြန်​လှည့်​လာခဲ့တယ်​။ ထိုအခါ ကျ​တော့်​အခန်းအ​ပေါက်​ဝက​နေ ပြူးပြူးကြီး ရပ်​ကြည့်​​နေတဲ့ ရတု​ဇော်​ကိုမြင်​လိုက်​ရ​လေတယ်​။

Cloud Light (Completed)Hikayelerin yaşadığı yer. Şimdi keşfedin