Part-33

5.1K 460 14
                                    

...............

အခန်းထဲရောက်လေတော့ စောင်ကို ခေါင်းမြှီးခြုံ၍ အိပ်နေသော တိမ်တိုက်အား တွေ့လိုက်ရလေသည်။ ခြေသံတိုးတိုးနှင့် ထိုနားကပ်သွားကာ နှဖူးအားစမ်းကြည့်လိုက်သည်။
'အပူချိန်က ပုံမှန်ပါဘဲ'

လက်ထဲရှိ စားစရာအထုတ်များကို အရင်ဦးစွာ ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။ အိပ်နေသည်ကိုလည်း မနှိုးရက်တာကြောင့် စာကြည့်စားပွဲမှာသာ တိတ်ဆိတ်စွာထိုင်ရင်း နိုးလာမည့်အချိန်ကိုသာ စောင့်ရန်တွေးလိုက်မိသည်။ သို့သော်လည်း ဆေးသောက်ထားမည့်ပုံမပေါ်တာကြောင့် နှိုး၍ဆေးတိုက်ရန်တွေးမိပြန်သည်။ ထို့ကြောင့် ဘေးနားသို့အသာတိုးကပ်သွားကာ ပုခုံးအားအသာလှုပ်နှိုးလိုက်သည်။

"တိမ်တိုက် ထထ ဆေးသောက်ရအောင်"

တိမ်တိုက်က 'အင်းအင်းအဲအဲ' သာ လုပ်နေပြီး မျက်လုံးပင်မဖွင့်ပေ။

"ဆေးမသောက်ဘဲ အိပ်ရင် ပိုဆိုးလိမ့်မယ် ငါမင်းအတွက်မုန့်လည်း ဝယ်လာတယ် ထ"

"နားညီးလိုက်တာကွာ!"

တိမ်တိုက်က စိတ်ဆိုးနေသော အသံနှင့်အော်လိုက်ခြင်းဖြစ်သည်။ တိမ်တိုက် နှင့်မတူသော တိမ်တိုက်ပုံစံကြောင့် ကောင်းကင်ရောင်မှာ အံဩနေမိသည်။

တိမ်တိုက်မှာ ကောင်းကင်ရောင် တိတ်ဆိတ်သွားသည်ကို သတိထားမိတာကြောင့် မှိတ်ထားသော မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့ဘေးတွင် ညိမ်ညိမ်လေး စဉ်းစားနေသော ကောင်းကင်ရောင်အား တွေ့လိုက်ရလေသည်။

"ဘာမုန့်ဝယ်လာတာလဲ"

အသံကမူ ခုနကနှင့် လုံးဝခြားနားကာ နေလေပြီး ချွဲနေသော အသံပင်ပေါက်လေသည်။ ခနအတွင်း ပြန်၍ပြောင်းလဲသွားသော တိမ်တိုက်ပုံစံကြောင့် ပြုံးလိုက်ပြီး

"အကင်တွေနဲ့ အအေးဝယ်လာတာ ဖျားနေတာဆိုတော့ မတည့်လောက်ဘူး ငါ့ဟာငါစားတော့မယ်"

"ငါမဖျားပါဘူး"

ပက်ခနဲ ပြန်ပြောကာ စားပွဲရှိရာထသွားသည်က လုံးဝလူကောင်း ပတိအတိုင်းပင် ဖြစ်သည်။

Cloud Light (Completed)Hikayelerin yaşadığı yer. Şimdi keşfedin