...............
"ဒီရုပ်ကြည့်ရတာ အဆင်ပြေလာတယ်နဲ့တူတယ် ဟုတ်လား"
မိုးမြေတို့နှစ်ယောက်၏ ပြုံးစစမျက်နှာနှင့် မေးလာသော စကားကြောင့် တိမ်တိုက်မှာ နှာခေါင်းအားလက်ဖျားနှင့်ထိရင်း ရယ်နေလေတယ်။ ကောင်းကင်ရောင်ကတော့ တိမ်တိုက်နှင့်ကွယ်လျှက် မျက်နှာငုံ့ချထားကာ ရပ်နေလေ၏။
"အဲ့ဒါ ငါတို့ကောင်းမှုနော် ကျေးဇူးမမေ့နဲ့သားကြီး "
"ဘာတွေလာပြောနေတာလဲ ကောင်းရေခဲမုန့်စားမလား"
တိမ်တိုက်က ဘေးကငရှုပ်နှစ်ကောင်ကို လစ်လျှူရှုလိုက်ကာ ကောင်းကင်ရောင်၏လက်ကိုသာဆွဲလျှက် ရေခဲမုန့်ဆိုင်သို့ ဦးတည်လိုက်၏။အစွန့်ပြစ်ခံ ပိစိနှင့် မိုးမြေကတော့ ဆဲနည်းပေါင်းစုံ ဆဲဆိုလျှက် ကျန်ခဲ့လေတယ်။
"ရေခဲမုန့် မစားချင်ဘူး"
"အအေးသောက်မလား"
တိမ်တိုက် အမေးအား ခေါင်းညိမ့်ပြလိုက်တော့ တိမ်တိုက်က ပြုံး၍သာ သူ့အားကြည့်နေလေတယ်။ ဤအခြေအနေက သူ့အားတကယ်ပင် နေရခက်စေသည်။ တိမ်တိုက်က စနောက်ချင်၍လား? အတွေ့အကြုံသစ်ခံစားချင်၍လား? မသိပေသည့် သေချာပေါက် သူ့အပေါ်တွင် ချစ်စိတ်ဖြစ်၍တော့မဖြစ်နိုင်ပေ။ သို့ပေသည့် ယခု တိမ်တိုက်အပြုအမူများက တကယ့် ချစ်သူရည်းစားတစ်ယောက်အား ဂရုစိုက်နေသကဲ့သို့ပင်။
"အာလူးချောင်းကြော်တစ်ပွဲ နဲ့ လိမ္မော်ရည် နှစ်ခွက်ပေးပါ"
မှာထားသော စားစရာများအားစောင့်ရင်း ဟိုကြည့်ဒီကြည့် ကြည့်မိလေတော့ မလှမ်းမကမ်းရှိအပင်အောက်က အတွဲများကိုတွေ့မြင်ရလေတယ်။ ကောင်လေးက ကောင်းမလေးလက်ကလေးအား ကိုင်ထားပြီး ဆံနွယ်လေးများအား တယုတယပွတ်ပေးနေပြန်၏။ သူ့အာရုံက ထိုသို့ရောက်နေချိန်
"တိမ်တိုက်တို့နှစ်ယောက် ကြည့်ရတာလဲ အတွဲတွေကြနေတာဘဲ"
"ဟုတ်ပါ့ လက်ကိုမလွှတ်တမ်းကိုင်ထားတာ ကြည့်ပါလား"
အသံစာစာနှင့် ရောက်လာကြသော အတန်းဖော် မိန်းကလေးများနှင့် ကိုမင်းမင်းဇံတို့ကြောင့် သူ့လက်ကို ယခုထိမလွှတ်သေးမှန်း သတိရသွားကာ ခါထုတ်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း တိမ်တိုက်က အတင်းဖိဆုပ်ထားလိုက်ပြီး
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...