Part-39

5.2K 445 10
                                    

...................

မနက်အလင်းရောင် ရောက်လာတော့ ကောင်းကောင်းခန္ဓာကိုယ်လွန့်လူးလို့လာတယ်။ ပြီးတော့ မျက်လုံးများကိုမဖွင့်သေးဘဲ စောင်ခြုံကြားတွင်ပင် လူးလိမ့်လို့နေလေသည်။ ထိုအမူအယာများကိုကြည့်ရင်း တိမ်တိုက် ရယ်မိပြန်သည်။ ကောင်းကောင်းနဲ့တွေ့တော့မှ သူအမြဲပြုံးရယ်နေပါလား ဟုလည်း တွေးမိပြန်သည်။

"နိုးပြီဆိုလဲ ထတော့ ဒီမှာစွတ်ပြုတ်ပူပူလေးသွားဝယ်ထားတယ် မင်းခေါင်းကိုက်နေမှာစိုးလို့"

တိမ်တိုက်အသံကြားတော့ ကောင်းကောင်း၏ လှုပ်ရှားနေမှုများက ရပ်တန့်လို့သွားသည်။ မျက်လုံးတွေပွင့်လာကာ တိမ်တိုက်ကိုကြောင်တောင်တောင်ကြည့်လာသည်။ ထိုအပြုအမူကြောင့် တိမ်တိုက်က ခပ်ပြုံးပြုံးမျက်နှာနှင့် မျက်ခုံးပင့်ပြလိုက်တော့ စောင်ခြုံထဲမျက်နှာမြုပ်သည်အထိ တိုးဝင်သွားလေသည်။

"မျက်နှာထသစ်လေ နေတောင်အတော်မြင့်နေပြီကို ဩော် ခုနက အိုင်ကျူဆီက ဖုန်းလာသေးတယ်"

"ဘာတဲ့လဲ"

ရုတ်တရက်ပြုမူလိုက်သော ကောင်းကောင်းအပြုအမူကြောင့် တိမ်တိုက် မျက်ခုံးတွေတွန့်ကွေးလိုက်သည်။ ကောင်းကောင်းက သူ့မျက်နှာကိုကြည့်မနေတာကြောင့် မသိလိုက်ပါဘဲ ဖုန်းကိုသာကောက်ကိုင်ကြည့်နေသည်။

"Call တွေအများကြီးဝင်ထားတာ ငါမသိလိုက်ဘူး အသံတိုးမိထားတာဘဲ"

"မနေ့ညက အချိန်ကောင်းလေးဖျက်ခံထိမှာဆိုးလို့လေ"

တိမ်တိုက်၏ အဖျက်စကားကြားလေတော့ ကောင်းကောင်း ခန္ဓာကိုယ်လေး တောင့်တင်းသွားလေသည်။ နားရွက်ဖျားလေးတွေပါ ရဲလာကာ ပါးမို့တွေထိ အရောင်ရင့်လာသည်။ ထိုအမူအယာကိုကြည့်ရင်း တိမ်တိုက်ကပိုလို့ပင် မနေ့ညကအကြောင်းပြောချင်စိတ်ပေါက်လာသည်။

"အဲ့ဒီလိုအချိန်ဆို အဖျက်ပေါ်လာရင် ခံရခက်တယ်လေ ပြီးတော့ ....."

"ဘာ ဘာတွေပြောနေတာလဲ ငါ ငါပြန်တော့မယ်"

စကားများကိုအထစ်ထစ်အငေါ့ငေါ့ပြောကာ အိပ်ယာပေါ်ကနေဇွတ်ထပြေးလေသည်။ တိမ်တိုက်က ထိုပုဂ္ဂိုလ်လေး၏ အင်္ကျီစ ကိုလှမ်းဆွဲလိုက်ကာ သူ့အနီးသို့ ပြန်ဆွဲယူလိုက်သည်။

Cloud Light (Completed)Where stories live. Discover now