Part-48

5K 420 52
                                    

.................

ပိစိတစ်ယောက် ကုတင်ပေါ်တွင် တင်ပလင်ခွေလျှက် အလုပ်ကြီးအကိုင်ကြီးလုပ်နေလေသည်။ ထိုအလုပ်ကြီးအကိုင်ကြီးဆိုသည်က အခြားတော့မဟုတ်ပေ။ သချာင်္မေဂျာမှ အချောအလှလေးနှင့် အီစီကလီရိုက်နေခြင်းဖြစ်သည်။ ဘေးနားမှ မိုးမြေရောက်လာသည်ကိုပင် သတိမထားမိပေ။ ဖုန်းကိုသာ အသည်းအသန်ကြည့်နေကာ စာပြန်နေသည်။

"ဘာလို့ဖောက်ပြန်နေတာလဲ"

မိုးမြေ၏ ရုတ်တရက်ထပြောလိုက်သောစကားကြောင့် ပိစိတစ်ယောက် ကြောင်အစွာမော့ကြည့်လာသည်။မိုးမြေ၏ မျက်နှာမှ အမှန်တကယ်ပင် အစိမ်းရောင်ဦးထုပ်စောင်းခံလိုက်ရသည့် ယောကျာ်းတစ်ယောက်သဖွယ် ရှိနေ၏။ ထိုအမူအယာကိုမြင်ပေသည့် ပိစိက ပေါ့ပေါ့ပါးပါးဘဲတွေးကာ ၍ အကြောက်အရွံ့မဲ့စွာပြောလိုက်သည်။

"ယောကျာ်းက လုံလောက်တဲ့စိတ်ကျေနပ်မှုမပေးလို့လေ"

"ဘာ! ပြန်ပြောစမ်း"

မိုးမြေက ကုတင်ပေါ်သို့အပြေးတပိုင်းတက်လာပြီး ပိစိမျက်နှာရှေ့ဒူးထောက်ထားကာ မေးလာသည်။ ပိစိခမျာသူ့ရှေ့ရှိပြူးပြူးပြဲပြဲလုပ်လာသည့် မိုးမြေကို နားမလည်နိုင်စွာကြည့်လိုက်ရင်း

"မင်းဘာဖြစ်နေတာလဲ စတာလေးတောင်သည်းမခံနိုင်တော့ဘူးလား"

"မဟုတ်ဘူး မင်းဖောက်ပြန်နေတာကိုသည်းမခံနိုင်တာ"

"ဟမ်"

"ငါကစိတ်ကျေနပ်မှုမပေးလို့ပေါ့ ဟုတ်လား ရတယ်ဒီနေ့ကစပြီး ကျေနပ်ရုံမကပိုလျှံနေစေရမယ်"

ပြောပြောဆိုဆိုနှင့် ပိစိကိုပက်လက်ဖြစ်သွားအောင် တွန်းလှဲလိုက်ပြီး လက်နှစ်ဖက်ကို ချုပ်ကိုင်ကာ အပေါ်မှအုပ်မိုးလိုက်သည်။ ပိစိမှာအမှတ်တမဲ့မို့ခုခံချိန်ပင်မရလိုက်ပေ။ သူ၏ကိုင်ထားသော ဖုန်းလေးမှာလည်း ဘယ်ဆီဘယ်ဝယ် လွှင့်ပျံသွားမှန်းမသိလိုက်ပေ။

"ငါ့ဖုန်းငါ့ဖုန်း!"

"ကွဲရင်ပြန်ဝယ်ပေးမယ်"

"ဖယ်ကွာ မင်းကိုယ်ကြီးကလေးတယ်"

ပိစိက ချုပ်ကိုင်ခံထားရသော လက်ကိုရုန်းလိုက်ရင်း အစခံနေရသည်အထင်နှင့်ပြောလာသည်။ အမှန်တကယ် ကံဆိုးတော့မည်မှန်းတော့ သူမတွေးမိပေ။

Cloud Light (Completed)Wo Geschichten leben. Entdecke jetzt