.............
:အကိုသိပြီးပြီ လာပြောပြလို့ကျေးဇူးနော် ညီလေး:
တဖက်မှ ကိုနေရောင်၏ တုန့်ပြန်စကားမှာ သူမျှော်လင့်ထားသကဲ့သို့ဖြစ်မနေတာကြောင့် လက်ထဲကဖုန်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်မိလိုက်သည်။
'ကိုနေရောင်က သိပြီးသားဆိုတော့ သူကကောင်းကောင်းကို တိမ်တိုက်နဲ့ သဘောတူလိုက်ပြီဆိုတဲ့သဘောပေါ့':အကိုက သူတို့ကိုဘာမှမပြောတော့ဘူးလား:
တုန်ရင်နေသော အသံကိုထိမ်းချုပ်လျှက် မျှော်လင့်ချက်ကလေးနှင့်မေးမိသည်။ ထိုအခါ ကိုနေရောင်က တိုးဖွဖွရယ်မောလိုက်ပြီး
:အဲ့လိုမဟုတ်ပါဘူး အကိုကသူ့ကိုကတိပေးထားမိလို့ပါ ပြီးတော့ ကောင်းကောင်းစိတ်ညစ်ရအောင်လုပ်ရင်တော့ သူ့အတွက်အခွင့်အရေးမပေးတော့ဘူးလို့ ပြောပြီးသားပါ:
:ကတိပေးထားမိလို့?:
:အင်း အခုအကိုမအားသေးလို့ ဒါဘဲနော်:
:ဟုတ်:
တစ်ဖက်မှ ကိုနေရောင် ဖုန်းချသွားသည့်တိုင် သူကတော့ဖုန်းကိုနားမှာ ကပ်လျှက် စဉ်းစားခန်းဝင်နေဆဲဖြစ်သည်။
'ကောင်းကောင်းနဲ့ တိမ်တိုက်တို့ မတွဲဖြစ်အောင် တားလို့မရတော့ဘူးပေါ့။ မဟုတ်သေးဘူး တကယ်လို့သာ တိမ်တိုက်ကကောင်းကောင်းကို စိတ်ညစ်အောင်လုပ်ခဲ့မိရင်တော့ သူတို့ကို အကိုနေရောင်က ခွဲမယ်ဆိုတဲ့ အဓိပ္ပါယ်ပြောသေးတယ်'
မြတ်သူရမောင်အခန်းထဲဝင်လာတော့ ကုတင်ပေါ်ငုတ်တုတ်ထိုင်ကာ ဖုန်းကိုနားမှာကပ်လျှက် အတွေးနွံ့နစ်နေသော ရတုဇော်ကိုတွေ့လိုက်ရလေသည်။ သူထိုနားသို့ရောက်သွားသည့်တိုင်အောင် ရတုဇော်ကသတိမပြုမိပေ။ ထိုကြောင့် အသာအယာပင် ရတုဇော်နားကပ်ထိုင်နေလိုက်သည်။ ရတုဇော်က တစ်ခုခုကိုအတွေးပေါက်သွားဟန် အနည်းငယ်ပြုံးလိုက်ကာ ထမည်အလုပ်မှ ထိုင်နေသော သူ့အားမြင်သွားပုံရ၏။
"ဘယ်အချိန်က ရောက်နေတာလဲ"
"ခုနကတည်းက မင်းဘာတွေကိုအဲ့လောက်ထိ စဉ်းစားနေရတာလဲ"
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...