Part-7

8.1K 671 0
                                    

...............

"​ကောင်း​ကောင်း"

ခေါ်သံ​ကြောင့်​ လှည့်​ကြည့်​မယ်​အလုပ်​ ကျ​တော့်​ပုခုံးအား ပိုင်​စိုးပိုင်​နင်း ဆွဲဖက်​လာတဲ့ အလင်းတိမ်​တိုက်​။ ကျ​တော်​​မော့ကြည့်​လိုက်​​တော့ သူကပြုံး၍ပြန်​ငုံ့ကြည့်​​လေတယ်​။

"​ကျေးဇူးသူငယ်​ချင်း"

ကျ​တော်​​ခေါင်းတစ်​ချက်​ညိမ့်​ပြကာ

"ရပါတယ်​"

အလင်း​ပြော​နေတာက စာအုပ်​ငှါးတဲ့ ကိစ္စဆိုတာ သိ​နေတာ​ကြောင့်​ ကျ​တော်​ ထိုသို့တုန့်​ပြန်​ခြင်းပါ။

"မင်းဗိုက်​ဆာ​နေပြီလား ထမင်းတူတူစားရ​အောင်​"

ကျ​တော်​ ​ခေါင်းထပ်​ရမ်းပြလိုက်​တယ်​။ ထိုအခါသူက မျက်​နှာငယ်​​လေးဖြစ်​သွားကာ

"ဘာလဲ ငါတို့နဲ့မစားချင်​ဘူးလား"

ကျ​တော်​ပြာပြာသလဲ ငြင်းချင်​​ပေမယ့်​ ပုံမှန်​လှုပ်​ရှားမှုထက်​မပိုစွာဘဲ ​ခေါင်းထပ်​ရမ်းလိုက်​တယ်​။

"ဘာလို့လဲ"

"ငါထမင်းအိုးမထပ်​လိုက်​ရဘူး"

မှန်​၏။ ကျ​တော်​မ​နေ့က ရတု​ဇော်​အား လုပ်​မ​ပေး​တော့ရန်​တားမြစ်​ထား၏။ အစစအရာရာကိုယ်​တိုင်​သာကြိုးစား လုပ်​​တော့မည်​။ တခြားသူအမြင်​လည်း မတင့်​တယ်​ဘူး​လေ။သို့​ပေမယ့်​လို့ အ​စောမထနိုင်​တဲ့ ကျ​တော်​ငတ်​တာ​ပေါ့။

"အိုင်​ကျူက ထပ်​မ​ပေးဘူးလား"

"ဟင့်​အင်း ငါမထပ်​ခိုင်းတာ"

"ဘာလို့လဲ"

ကျ​တော့်​မျက်​နှာကို ခပ်​​စေ့​စေ့ကြည့်​ပြီး ခ​ရေ​စေ့တွင်းကျလိုက်​​မေး​နေ​သော အလင်း​​ကြောင့်​ တကယ်​ကျ​တော်​ရှက်​ပါသည်​။ ကျ​တော့်​ပုခုံးမှာ တင်​ထားတဲ့သူ့လက်​အား ဖြုတ်​ပစ်​ချင်​ပါသည်​။ 'ဟင့်​အင်း ဒါကျ​တော်​လက်​မခံနိုင်​တဲ့ ခံစားမှု​တွေဖြစ်​တည်​လာမှာ မလိုလားဘူး'

"မင်းက ဘာလို့မထပ်​လိုက်​ရတာလဲ"

"ငါ အိပ်​ယာထ​နောက်​ကျလို့"

Cloud Light (Completed)Where stories live. Discover now