Part-13

8.2K 586 10
                                    

......................

"​ဟျောင့်​ တိမ်​တိုက်​"

"ဘာလဲ"

"မင်း ဒီရက်ပိုင်း ​​​တော်​​တော်​​ပြောင်းလဲ​နေတယ်​​နော်​"

"ဘာ​ပြောင်းလဲလို့လဲ"

တိမ်​တိုက်​က မိုး​မြေရဲ့စကားကို Physic အိမ်စာများကူးေ​​ရးရင်း ​မထူးဆန်းသလိုပင်​​တုန့်​ပြန်​လိုက်​​လေတယ်​။ မိုး​မြေက သူ့မျက်​နှာအား ​သေချာမြင်​ရရန်​ငုံ့ကြည့်​လိုက်​ကာ

"​ခုဖြစ်​​နေတဲ့ မျက်​ခွက်​​လေးကအစ​လေ"

တိမ်​တိုက်​ရဲ့မျက်​နှာအား လက်​နှစ်​ဖက်​နှင့်​မယူကာ အတင်း​မော့​စေ​လေတယ်​။ တိမ်​တိုက်​က ထိုလက်​နှစ်​ဖက်​အား အတင်းဖယ်​ချကာ

" ငါစာကူးလို့မပြီး​သေးဘူးဟ လာမရှုပ်​နဲ့"

"မပြီး​တော့လဲဘာဖြစ်​လဲ ငါဆို​ရေး​တောင်​မ​ရေးဘူး အဲ့ဒါ​တွေကအစ မင်း​ပြောင်းလဲ​နေပြီ"

တိမ်​တိုက်​မှာ စာသင်​​ချိန်​မ​ရောက်​ခင်​အမှီကူး​နေခြင်းဖြစ်​​လေတယ်​။ သူစာမရဘူးဆို​ပေသည့်​ ဆရာ​ပေးသည့်​အိမ်​စာများပို​တော့ အပြီးလုပ်​ရန်​ဆန္ဒရှိလာသည်​။ သူကိုယ်​တိုင်​မတွက်​တက်​​ပေမယ့်​လို့​ပေါ့။ ထိုသို့ဖြစ်​လာရခြင်းရဲ့တရားခံကလည်း ​ကောင်း​ကောင်းပင်​ဖြစ်​​လေတယ်​။ ​​ကောင်း​ကောင်းကဲ့သို့စာ​တော်​သူမဟုတ်​​ပေသည့်​ အိမ်​စာ​လေးပင်​ပြီး​အောင်​မ​ရေးနိုင်​သူ​တော့ သူမဖြစ်​ချင်​​ပေ။

"ငါ အရိုက်​မခံချင်​​တော့လို့​လေ မင်းကမင်း​ကောင်​မ​လေးရှိ​နေတာ ​ရေးစရာလိုမလား"

"မင်းလည်း ထား​လေ"

ပြောရင်းမိုး​မြေက သူ့အိပ်​ကပ်​ထဲက ပီ​ကေတစ်​​တောင့်​ထုတ်​ကာ ဝါးရင်း တိမ်​တိုက်​ထံသို့တစ်​ခုကမ်း​ပေးလာ​လေတယ်​။

"နှစ်​ခု​ပေး"

ထိုတစ်​ခုကိုအိပ်​ကပ်​ထဲထည့်​ရင်း ​နောက်​ထပ်​တစ်​ခုထပ်​​တောင်းလာ​သော တိမ်​တိုက်​အပြုအမူ​ကြောင့်

"Why? ဘာလဲပီ​ကေပါ ​ကောင်းကင်​​ရောင်​အတွက်​​တောင်း​နေတာ​တော့ မဟုတ်​ဘူးမလား"

Cloud Light (Completed)Tempat cerita menjadi hidup. Temukan sekarang