................
"ဒီ equation ကိုအရင်ညှိလေ"
"Aww ဟုတ်သားဘဲ"
"ဒုန်းးး"
ကောင်းကင်ရောင်မှာ အိုင်ကျူအား စာရှင်းပြနေရင်း လန့်၍သွားလေတယ်။ တရားခံမှာ ပြောစဏာမလိုအောင် တိမ်တိုက်သာဖြစ်လေတယ်။ ဤသို့ တပါးသူအခန်းအား မကြောက်မရွံ့လုပ်ရဲတာ တိမ်တိုက်နှင့်မိုးမြေမှ လွဲ၍အခြားသူမရှိဘူးလေ။
"လန့်တာကွာ"
"Sorry"
ထိုတစ်လုံးထဲသာ ပြောပြီး သူတို့နှစ်ဦးထံလျှောက်လာလေတယ်။ ထို့နောက်ဘေးနားရှိ ခုံတစ်လုံးအားဆွဲယူကာ ထိုင်လိုက်ပြီး
"ငါရော စာနားထောင်ချင်လို့"
"မင်းနားမလည်လောက်ဘူး ငါတို့က..."
အိုင်ကျူ၏စကားပင်မဆုံးသေးပေ တိမ်တိုက်၏အကြည့်များကြောင့် ဆက်၍မပြောနိုင်တော့ပါဘဲ
"မဟုတ်ဘူး ဒါက....."
"ဒါကမင်းမသင်တဲ့အခန်းတွေ"
အဆင်မပြေသောအခြေအနေအား ဝင်ထိမ်းပေးလိုက်သော ကောင်းကင်ရောင်အား အိုင်ကျုတစ်ယောက်ထိုင်၍ပင် ကန်တော့ချင်သွားလေတယ်။ ထို့ကြောင့် သူလည်း ခေါင်းညိမ့်ရင်း ထောက်ခံလိုက်လေတယ်။
"ဘာဖြစ်ဖြစ် နားယဉ်တော့ ရမ်းတွက်လို့ရတယ်လေ"
တိမ်တိုက်၏ စကားမှာလည်း အဓိပ္ပါယ် ရှိနေတာကြောင့် ကောင်းကင်ရောင်က ခေါင်းညိမ့်ပြလိုက်ကာ
"မင်းသဘောလေ"
ဟုဆိုကာ စာဆက်၍ရှင်းလေတော့တယ်။
အမှန်ပင် တိမ်တိုက်တစ်ယောက် ထိုနှစ်ဦးပြောနေသော အရာများအား တစ်လုံးမှမသိနားမလည်ပေ။ ထိုနှစ်ဦးက စိတ်ဝင်တစားရှိနေလေတာကြောင့် သူ့ကိုပင်မေ့လို့နေလေတယ်။ သုံးယောက်ရှိပေသည့် သူကအပြင်လူတစ်ယောက်လုံးလုံးဖြစ်လို့နေလေတယ်။ သူစာမလုပ်ခဲ့သည်များကို နောင်တရနေပေသည့် မည်သည်မှတော့မလုပ်နိုင်ပေ။
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...