.................
"တိမ်တိုက် လဒလေးမှိုင်လိုက်တာ လူမြင်လို့တောင် မကောင်းဘူး ဘာဖြစ်နေပြန်တာလဲ"
သူ့အခန်းထဲတွင် ငုတ်တုတ်လာမှိုင်နေသော တိမ်တိုက်အား ဆဲရေးလိုက်ရင်း မေးမိသည်။ သူဆဲရေးလိုက်သည့်တိုင် ထုံးစံအတိုင်းပြန်မပက်နိုင်ဘဲ စိတ်အညစ်လွန်နေသော မျက်နှာနှင့် မော့လာကာ
"ငါညစ်နေတာနော်"
"ဟာ အတည်ကြီးပါလား ဘာဖြစ်တာလဲပြောလေ ကောင်းကင်ရောင်ကြောင့်ဘဲလား"
အဖြေပြန်မလာဘဲ တိတ်ဆိတ်နေသော တိမ်တိုက်ကြောင့် မိုးမြေသိလိုက်ပါပြီ။ တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းမဟုတ်ပါလား။ ဟိုတစ်နေ့ကတော့ ဖွင့်ပြောတော့မယ်ဆိုပြီး ခုဘာဖြစ်ရတာပါလိမ့်။
"ငြင်းခံလိုက်ရလို့လား ယောကျာ်းဘဲကွ တစ်ခါမရနှစ်ခါပြောပေါ့"
"မဟုတ်ဘူး ငါပြောတောင်မပြောရသေးဘူး"
ထိုစကားကြောင့် မိုးမြေက မျက်လုံးပြူးသွားကာ
"အဲ့ဒါကို ဘာလို့ကြောင်သေမျက်နှာ ဖြစ်နေရတာတုန်း"
"ငြင်းခံရတာမဟုတ်ပေမယ့် ငြင်းခံရမှာသေချာနေလို့ အဲ့ဒီနေ့က......."
ဟုအစချီကာ သူ့အဖြစ်အား စီကာပတ်ကုန်းပြောပြလိုက်လေတော့ မိုးမြေက သက်ပြင်းချလိုက်ကာ
"နောက်တော့ မင်းကိုရှောင်နေတယ်ပေါ့"
"သေတော့ မသေချာပေမယ့်ကွာ ဘာဖြစ်လို့လဲငါလည်းမသိတော့ဘူး"
ရှောင်နေတာအသေအချာလားလို့ ပြောရအောင်ကလည်း အကြောင်းအရင်းကမရှိ။ သို့ပေမယ့် ဒီရက်ပိုင်း သူနဲ့သိပ်မတွဲဖြစ်တော့ဘဲ အကြောင်းအမျိုးမျိုးကြောင့် အိုင်ကျူနဲ့သာ အနေများနေသည်။ စိတ်ဆိုးနေတာလားဟု သွားမေးရအောင်လည်း သူစိတ်ဆိုးအောင်မလုပ်မိတာ သေချာနေပြန်သည်။
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...