Part-37

5K 459 42
                                    

.........

"တိုက်ခန်းငှားနေတာလား"

"အင်း အဆောင်နေရတာမကြိုက်လို့"

ကောင်းကောင်း အမေးကိုပြန်ဖြေပေးပြီး အရှေ့မှအရင်တက်သွားလေတယ်။ တချက်တစ်ချက် ကောင်းကောင်းကိုလည်း ပြန်ငဲ့ကြည့်သေးသည်။ သုံးလွှာအရောက်တွင် အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်သည်။

"ခဏ"

"ဟင်"

တိမ်တိုက်က အခန်းတွင်းသို့ ခေါင်းလျှိုပြီး အရင်ကြည့်သေးသည်။ ပြီးတော့မှ ကောင်းကောင်းဘက်သို့ လှည့်ကာ

"ဟိုကောင်တွေ ပရမ်းပတာ လုပ်နေမှာဆိုးလို့ ဝင်လို့ရပြီ"

တံခါးကိုဖွင့်ပေးကာ ကောင်းကောင်းကို အရင်ဝင်စေသည်။ အခန်းထဲကိုဝေ့ကြည့်လိုက်တော့ မိုးမြေတို့နှစ်ယောက်က ရှိမနေပေ။ စားပွဲပုကလေးပေါ်တွင် တင်ထားသော ဗူးမျိုးစုံနှင့် အထုတ်မျိုးစုံသာရှိပြီး လူကတော့ပျောက်နေကြသည်။

"ထိုင် ဟိုနှစ်ကောင်အပြင်ခဏထွက်သွားတာ ထင်တယ်"

"aww"

"ဗိုက်ဆာနေလား"

တိမ်တိုက်အမေးကို ကောင်းကင်ရောင်က ခေါင်းလေးသာရမ်းပြသည်။ စားပွဲပုလေးနားတွင် ငုတ်တုတ်လေးထိုင်ချလိုက်ပြီး စားပွဲပေါ်မှ ဗူးတွေကိုလက်ညှိုးထိုးပြကာ

"ဒါတွေသောက်ကြမလို့လား"

"အင်းလေ ပါတီလုပ်မယ်လို့ ကိုယ်ပြောသားဘဲ"

တိမ်တိုက်စကားထဲတွင် ကိုယ်ဟူသော အသုံးအနှုန်းပါလာတာကြောင့် ကောင်းကောင်းမော့ကြည့်လိုက်သည်။ ထိုအခါ သူ့အားပြုံးကာကြည့်နေသော တိမ်တိုက်ကိုမြင်လိုက်ရလေတယ်။ ထိုငနဲက မျက်လုံးတစ်ဖက်ပင်မှိတ်ပြလာသေးသည်။ ထိုအပြုအမူကြောင့် ကောင်းကောင်းက အနည်းငယ်ရှက်သလိုခံစားလာရတာကြောင့် စားပွဲပေါ်ကအရာတွေကိုသာ ပြန်ကြည့်ရန် ကိုယ့်ကိုကိုယ် ဖိအားပေးလိုက်သည်။

"လွမ်းလား"

မထင်မှတ်စွာ ထွက်လာသောအသံက အလွန်ကိုနူးညံ့လွန်းလှသည်။ တိမ်တိုက်လက်တွေကလည်း ကောင်းကောင်း၏ ဆံပင်တွေကို ဖွဖွလေးပွတ်သတ်နေသည်။ ထိုအမေးကြောင့် ကောင်းကောင်းတစ်ယောက် မှင်သက်နေမိသည်။ သူမည်သို့ဖြေရမည်နည်း။ တစ်မိနစ်လေးတောင် မေ့လျော့ခြင်းမရှိ လွမ်းနေခဲ့ရသည်ဟု ဖြေရမည်လား။ တစ်စက်မှ မလွမ်းဘူးဟု လိမ်ညာဖြေရမည်လား။ ကောင်းကောင်းထံမှ အဖြေပြန်မလာလေတော့ တိမ်တိုက်ကပင်

Cloud Light (Completed)Where stories live. Discover now