Part-50

5.6K 404 53
                                    

......................

"ဘာများဖြစ်လို့ ကျောင်း နှစ်ရက်တောင် ပျက်ရတာတုန်း"

တိမ်တိုက်၏ အမေးကြောင့် ပိစိမျက်နှာမှာ နီရဲလာကာ မိုးမြေသို့လှမ်းကြည့်လိုက်တာ ဒိုင်းကနဲ ပင် မြည်ဟည်းသွားသယောင်ရှိ၏။ မိုးမြေက သူဘာမှ မပြောဟူသည့် သဘောနှင့် မျက်နှာငယ်လေး လုပ်ကာ ခေါင်းရမ်းပြလာသည်။

"မင်းတို့ဟာက ရည်းစားဖြစ်စတုန်းကလည်း နှစ်ရက်ပျက်ခုလည်းပျက်ဆိုတော့ ဘာလဲ အဆင့်တက်သွားကြလို့လား"

"သိရင်လည်း $ရှက်မရှိ လိုက်မေးမနေနဲ့ "

ပိစိမှာ ရှက်ရှက်နှင့်အော်လိုက်ခြင်းဖြစ်သည်။ ကောင်းကောင်းက တိမ်တိုက်လက်ကို ဆွဲဆိတ်ပြီး တိတ်တိတ်နေရန် အချက်ပြသည်။ သို့သော်လည်း တိမ်တိုက်က မျက်လုံးတစ်ဖက်မှိတ်ပြရင်း ဆက်လက်စနောက်ပြန်သည်။

"နေရထိုင်ရ အဆင်ပြေရဲ့လား ကြည့်ပုံအရ မိုးမြေက ထင်သလောက် မဟုတ်ဘူးထင်တယ်"

"တိမ်တိုက် မင်းနော်မင်း"

တိမ်တိုက်ကို လက်ညှိုးတစ်ထိုးထိုးနှင့် စွေ့စွေ့ခုန်နေသည်။ မိုးမြေက နောက်ကနေဆွဲဖက်လိုက်ကာ

"အဲ့ကောင်ကို စကားအများကြီးမပြောနဲ့ ကိုယ်မနာလိုဘူး"

မိုးမြေ၏ စကားသံမှာ ရုပ်နှင့်ပင်မလိုက်အောင် ညောင်နာနာနှင့်ဖြစ်သည်။ ထိုအသံကြောင့် တိမ်တိုက်က ရင်ဘက်ဖိလိုက်ကာ အော့အန်နေသည့်ဟန်ပန်လုပ်ပြသည်။ ပိစိက သူ့အလှည့်ရောက်လာပြီ ဖြစ်တာကြောင့် အနည်းငယ်ပင်လက်လွတ်မခံပေ။

"အန်နေရအောင် မင်းကဗိုက်ကြီးမှာမို့လို့လား ဘာလဲမင်းကလည်း အောက်ထပ်ကလား"

"ငါမဟုတ်ပေမယ့် ဇနီးသည်ဗိုက်ကြီးရင် ယောကျာ်းက ချစ်တက်လွန်းရင် ဇနီးသည်အစား သူခံရတာတဲ့မကြားဖူးဘူးလား ငါကကောင်းကိုချစ်လွန်းလို့ငါခံရတာဟေ့ သိပလား"

တိမ်တိုက်ဆိုသည်ကရော မည်သူမို့ ညိမ်ကျန်နေမလဲ။ ထိုစကားကြောင့် ကောင်းကောင်းက သူ့လက်ကိုဆွဲဆိတ်လိုက်သည်။ ပိစိက မိုးမြေဆွဲခေါ်ရာ ပါသွားရင်ပင် မနိုင်နိုင်ရာ လက်ခလယ်ထောင်ပြသွားလေသည်။ သို့သော်လည်း တိမ်တိုက်က အနိုင်မခံ ကြားအောင်လှမ်းအော်လိုက်ပါသေးသည်။

Cloud Light (Completed)Tempat cerita menjadi hidup. Temukan sekarang