Part-8

8.1K 632 2
                                    

...........

"​ကောင်း​ကောင်း ငါမင်းနားလာထိုင်​မယ်​ရလား"

"အင်း"

မသိဘူး ။ဘာ​ကြောင့်​ကျ​တော်​သူ့ကိုအတင်းကပ်​ချင်​​နေမှန်း​တောင်​ ​တွေးမရဘူး။ ​သေချာ​ပေါင်းကြည့်​ရင်​ ​ကောင်း​ကောင်းက ရှက်​တက်​မှန်းသိသာတယ်​။ သူကမျက်​နှာ​သေနဲ့ဆို​ပေမယ့်​ သူရှက်​တဲ့အခါ နားဖျား​လေး​တွေရဲလာတာ ကျ​တော်​​တွေ့ရတယ်​။ ​​သေချာကြည့်​ရင်​ ​ကောင်း​ကောင်းရဲ့မွှေးညင်းနုနု​လေး​တွေ​တောင်​ ​ထောင်​လာသလိုထင်​ရတယ်​။ သူက စကားနည်း​ပေမယ့်​ အလွန်​သ​ဘော​ကောင်းတယ်​။ အပိုမ​ပြောတက်​ပါဘဲ မာနကြီးတယ်​ထင်​ရတယ်​။ တကယ်​​တော့ သူကဘာပြန်​​ပြောရမှန်း မသိတာ။ တစ်​ရက်​ထဲနဲ့​တောင်​ အကဲခတ်​ရလွယ်​ကူလွန်းတယ်​။

ကျ​တော်​သူ့ကိုအတင်းကပ်​ပြီး ​ပေါင်း​နေတာ​ကြောင့်​ တတွဲတွဲဖြစ်​​နေတာ တစ်​ပတ်​​လောက်​​တောင်​ရှိပြီ။
ကျ​တော်​ ခုံက​နေပြီး သူ့ခုံဆီ​ရွေ့သွားလိုက်​တယ်​။ ကျ​တော့်​ရဲ့ ​ပေါက်​တက်​ကရပစ္စည်း​တွေအပါအဝင်​​ပေါ့။ ကျ​တော်​က အတန်းထဲထိ အဲ့လို​တွေသယ်​တက်​တယ်​။ မိုး​မြေက​တော့ သူ့နားက​နေဘယ်​ချိန်​ကတည်းက သွား​စေချင်​​နေလဲမသိဘူး တစ်​ခုမကျန်​ယူသွားခိုင်းတယ်​။ သူက​တော့ ပိစိ​ခေါ် လုံ့လ​အောင်​ နဲ့သာယာတဲ့ ဆက်​ဆံ​ရေးတည်​​ဆောက်​​နေတယ်​။

မြန်​မာဆရာလာ​တော့ ​နေရာလဲထားတဲ့ကျ​တော့်​ကို ပြူးကြည့်​​နေတယ်​။ ကျ​တော်​က ရယ်​ပြ​နေ​တော့ ဘာမှ​တော့မ​ပြောဘူး။ ဆရာစာသင်​တဲ့အချိန်​က တကယ်​ကိုငိုက်​လို့​ကောင်းတယ်​။ ​နောက်​တစ်​ချိန်​က ဓာတုအချိန်​ဘဲ။ ဓာတုဆရာမက အပျိုကြီး အရမ်းအရမ်းဇီဇာ​ကြောင်​လွန်းတဲ့အပျိုကြီး။ အဲ့အချိန်​​ရောက်​မှာ​တော့ ကျ​တော်​နည်းနည်းလန့်​တယ်​။ အ​ကြောင်းအရင်းက​တော့ ဆရာမက ကျ​တော့်​​ကျောကိုတဘုံးဘုံးရိုက်​တက်​လို့ပါဘဲ။ ဒါ​ပေမယ့်​လည်း အဲ့အချိန်​ကအရမ်းရယ်​ရတဲ့ အချိန်​လို့လည်း​ပြောလို့ရပါတယ်​​လေ။

ကောင်း​ကောင်းက​တော့ စာကိုကသိုင်းရှု​နေ​ပေမယ့်​လို့ ကျ​တော်​က​တော့ငိုက်​လို့​ကောင်း​နေတယ်​။ ဆရာကိုနှုတ်​ဆက်​တဲ့အချိန်​​ရောက်​မှသာ အသံကျယ်​ကျယ်​နဲ့​အော်​ဖြစ်​တာ ကျ​တော်​။

Cloud Light (Completed)Where stories live. Discover now