Part-3

10K 737 3
                                    

...................

"တိမ်​တိုက်​! တိမ်​တိုက်​!"

"ယီးမို့ ​အော်​​ခေါ်​နေတာလား"

အတန်းထဲမှာ ဆရာမရှိတုန်း ​အော်​​ခေါ်လာ​သော အသံစူးစူး​ကြောင့်​ တိမ်​တိုက်​အိပ်​​နေရာက​နေ ​ခေါင်း​ထောင်​ပြီး ဆဲ​ရေးလိုက်​တယ်​။
'အဟမ်း...လူကသာစာမလုပ်​တာ ထိုင်​တဲ့​နေရာက အလယ်​ roll ဒုတိယခုံမှာဗျ'

ဆဲလိုက်​သံ​ကြောင့်​ ​အော်​​နေတဲ့ ပိစိက ပါးစပ်​ပိတ်​သွားတယ်​။ တိမ်​တိုက်​မျက်​လုံး​တွေကို ညာဘက်​လှည့်​လိုက်​တဲ့ချိန်​ မျက်​မှန်​ဝိုင်းဝိုင်း​အောက်​က​နေ သူ့ကိုခပ်​စူးစူး​လေး ကြည့်​​နေတဲ့ မျက်​နှာတစ်​ခုကိုမြင်​လိုက်​ရတယ်​။ ဒါက ​ကျောင်းသားအသစ်​။ အရင်​နှစ်​ကမမြင်​ဖူးဘူး။ သူမျက်​​မှောင်​တွန့်​​ကွေးကာ ပြန်​ကြည့်​လိုက်​တယ်​။ ​နောက်​​တော့ ထို​ကျောင်းသား​လေးက ပြန်​လှည့်​သွားတယ်​။ ထို​ကျောင်းသါး​လေးက ရတု​ဇော်​ဆိုတဲ့ ငပိန်းနဲ့အတူ​နေတာသူ မကြာခဏမြင်​ဖူးတယ်​။ ရတု​ဇော်​ဆိုတဲ့ငပိန်းကလည်း အ​စေခံအတိုင်းဘဲ အစစအရာရာအကုန်​လိုက်​လုပ်​​ပေး​နေတယ်​။ ဒါ​တောင်​ ​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံခံရပုံ မရှိဘူး။
'ဒါလည်း ငါ့အ​ကြောင်းမဟုတ်​ပါဘူး'

သူပြန်​ပြီးသာ ​မှောက်​အိပ်​​နေလိုက်​​တော့တယ်​။ ခဏ​နေ​တော့ Bio ချိန်​​ရောက်​လာပြီ။ ဒါက ​ကျောင်းရဲ့ အုပ်​ချုပ်​​ရေးပိုင်းကို​ရော တာဝန်​ယူထားတဲ့ဆရာကု​ဋေ။ ဆရာက တိမ်​တိုက်​ရဲ့ ဆံပင်​​တွေကိုဆွဲယူလိုက်​တယ်​။ ခပ်​စူးစူးနာကျင်​မှု​ကြောင့်​ ​ခေါင်း​ထောင်​ကြည့်​လိုက်​​တော့ ဆရာကသူ့အား ကြည့်​ပြီးရယ်​​နေတယ်​။

"အိပ်​​ရေးအ​တော်​ပျက်​​နေတယ်​ ဟုတ်​လား"

တိမ်​တိုက်​က ​ခေါင်းကိုလက်​နဲ့သပ်​လိုက်​ရင်း ပြန်​ရယ်​ပြလိုက်​ကာ

"ညက အိပ်​တာ​နောက်​ကျသွားလို့ပါ ဆရာ"

"ဘာ​တွေများ အဲ့​လောက်​လုပ်​​နေလို့ အအိပ်​​နောက်​ကျတာလဲ ​ပြောပါဦး"

Cloud Light (Completed)Where stories live. Discover now