Part-40

5.4K 467 14
                                    

..............

အဆောင်ဝတွင် ရပ်၍စကားပြောနေသေးကာ ရယ်မောနေကြသည့် လူနှစ်ဦး၏ မြင်ကွင်းက ရတုဇော်အတွက် အတော့်ကိုစိတ်အနှောင့်ယှက်ဖြစ်စေသည်။ ကောင်းကောင်း၏ ပုံစံမှာ ရှက်နေဟန်ရှိပြီး တိမ်တိုက်ပုံစံကတော့ အပျော်လွန်၍ သေတော့မည့်ပုံစံဖြစ်နေသည်။ သူထိုနေရာသို့ အလျှင်အမြန်ရောက်အောင် အပြေးတစ်ပိုင်းသွားလေသည်။

"ခဏနေရင် ကျောင်းသွားဖို့ ကိုယ်လာခေါ်မယ်နော်"

"မလာနဲ့"

"လာမှာဘဲ ကိုယ်ထွက်လာရင် ဖုန်းဆက်လိုက်မယ်"

"ကောင်းကောင်းက မခေါ်နဲ့လို့ပြောနေတာမဟုတ်လား မခေါ်နဲ့ပေါ့"

နှစ်ဦးသား ကြည်နူးနေမှုအား ဒေါသတကြီး အသံတစ်သံကနှောက်ယှက်လိုက်လေသည်။ နှစ်ဦးစလုံးက နှောင့်ယှက်သူအား လှည့်ကြည့်လိုက်ပေသည့် ကြည့်ပုံချင်းကတော့ မတူပေ။ ကောင်းကင်ရောင်က အံ့ဩသည့်အကြည့်ဖြစ်ပြီး တိမ်တိုက်ကတော့ ရန်လိုမုန်းတီးနေသော အကြည့်တို့နှင့်ဖြစ်သည်။

"ကိုယ်လာခေါ်မယ်နော် ခုပြန်တော့မယ်"

တိမ်တိုက်က ရတုဇော်ထံမှ အကြည့်တို့ကိုပြန်ရုတ်သိမ်းလိုက်ကာ ဂရုမစိုက်သောပုံစံနှင့် ကောင်းကောင်းကိုသာ နှုတ်ဆက်လိုက်သည်။ ကောင်းကောင်းမှာလည်း ခေါင်းညိမ့်ပြရမလို ခေါင်းခါရမလို အခြေအနေဖြစ်လို့နေသည်။ တိမ်တိုက်က ပြန်တော့မည်ဟု နှုတ်ဆက်ပေသည့် ရုတ်တရက်ကောင်းကင်ရောင်နားသို့တိုးလာကာ ပါးတစ်ဖက်ကို ငုံ့နမ်းလိုက်လေသည်။ ထိုအပြုအမူကို မထင်မှတ်ထားတာကြောင့် ကောင်းကောင်းရော ရတုဇော်ပါ ကြောင်အသွားကြသည်။ ရတုဇော်မှာ စိတ်ဆိုးလွန်း၍ ပြန်ပြောရန် သတိရချိန်တွင်တော့ တိမ်တိုက်တစ်ယောက် ကားထဲသို့ ရောက်၍ပင် သွားလေပြီ။

"အရှက်မရှိတဲ့ကောင်"

"ဟင်!"

ရတုဇော်၏ ဆဲဆိုမှုက ကောင်းကင်ရောင်ပါ တွဲဖက်ပါဝင်နေသယောင်ရှိတာကြောင့် ကောင်းကောင်းထံမှ အာမေဋိတ်လေး ထွက်ပေါ်လာခြင်းဖြစ်သည်။

"မဟုတ်ဘူး မင်းကိုပြောတာမဟုတ်ဘူး ငါက တိမ်တိုက်ကိုပြောတာ လူရှေ့မရှောင် သူရှေ့မရှောင် မိုက်ရိုင်းလွန်းတဲ့ကောင်ကိုပြောတာ"

Cloud Light (Completed)Where stories live. Discover now