...............
တိမ်တိုက်မှာ ယခုအတောအတွင်း ကောင်းကင်ရောင်၏ အပြုအမူများထူးဆန်းနေတာကြောင့် အံ့ဩမိပေသည့် ထိုအပြုအမူများက သူ့အတွက်ကောင်းမွန်နေတာကြောင့် ဝမ်းသာပီတိဂွမ်းဆီထိနေမိ၏။
"တိမ်တိုက် ဒါလေးဝတ်ကြည့်"
ယူလာသော အထုပ်ထဲမှာ အဝါရောင်ရှပ်အင်္ကျီတစ်ထည်ထုတ်ယူလိုက်ကာ သူ့ဆီကမ်းပေးလာသည်။ ထိုအင်္ကျီကိုလှမ်းယူရင်း ဘာလဲဟူသော အကြည့်ဖြင့်မေးကြည့်မိတော့ ကောင်းကောင်းက သူ့ဝတ်ထားသော အင်္ကျီကိုကိုင်ပြကာ
"ဒီနေ့ ဆင်တူဝတ်မလို့"
ထိုစကားနှင့် ကောင်းကောင်းလုပ်ပြလာသော မျက်နှာအမူအယာကြောင့် တိမ်တိုက်သဘောကျစွာ အသံထွက်ရယ်မိ၏။ ထိုရယ်သံကြောင့် ကောင်းကောင်းက
"ဘာရယ်တာလဲ"
"ချစ်စရာကောင်းလို့"
ထိုအဖြေကြောင့် ဆူပုတ်ချင်နေသော မျက်နှာပေးက ချက်ချင်းပြောင်းသွားကာ မျက်ခုံးပင့်လျှက်
"အပြောကောင်းလို့ အပြစ်လွတ်သွားတယ်မှတ်နော်"
ထိုအမူအယာတွေကို တိမ်တိုက်တစ်ယောက်ခံနိုင်ရည်စွမ်းမရှိပေ။ အလျှင်အမြန်ပင် ကောင်းကောင်းနားသို့ရောက်ရှိသွားကာ ဆွဲဖက်ပြီး ပါးတစ်ဖက်ကိုငုံ့ကိုက်ပြစ်လိုက်၏။
"အ!"
"အဲ့လိုအမူအယာတွေ ကျပ်ကျပ်လုပ်သိလား ဒီကကောင်ကြီး အသည်းယားလွန်းလို့သေတော့မယ်"
ကောင်းကောင်း ခန္ဓာကိုယ်ကို ဖတ်ထားရင်းမှ အကိုက်ခံထိထားသော ပါးလေးကို အဆက်မပျက် ငုံ့ကာနမ်းနေသေးသည်။ ကောင်းကောင်းကလည်း နေသားကျနေသည့်အလား ရယ်သံတိုးတိုးလေးနှင့်သာ တုံ့ပြန်၏။ ဖက်ထားသော တိမ်တိုက်လက်များကိုပင် ပြန်လည်ဖက်တွယ်ထားသေးသည်။
"ပေးတဲ့အင်္ကျီလဲလိုက်တော့ ကြာနေမယ်"
"ဘယ်သွားမှာမို့လဲ"
"ဒီတိုင်းလျှောက်လည်မလို့"
"ဆင်တူဝတ်ပြီးလျှောက်လည်ဖို့ဆိုတော့ ပိုင်ဆိုင်ကြောင်း ကြော်ငြာမလို့လား"
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...