Part-17

6.9K 630 23
                                    

..................

"အူးးးးးးးး"

ဆွဲဆွဲငင်​ငင်​ အူလာ​သော ​ခွေးအူသံ​ကြောင့်​ ကျ​တော်​ခန္ဓာကိုယ်​မတ်​ခနဲဖြစ်​သွားတယ်​။ နာရီကိုတစ်​ချက်​လှမ်းကြည့်​မိ​တော့ ဆယ့်​နှစ်​နာရီတိတိမှာ။ ​ခွေးအူသံကရပ်​မသွားဘူး ​တော်​​တော်​ကြာကြာ ​ခွေး​ဟောင်​သံ​တွေနဲ့ပါ​ရောလာတယ်​။ အိပ်​ယာ​ပေါ်က တိမ်​တိုက်​ကိုကြည့်​မိ​တော့လည်း အိပ်​​ပျော်​​နေတာ နှစ်​နှစ်​ချိုက်​ချိုက်​။ အရင်​​နေ့​တွေက ဒီ​လိုမျိုးမကြားမိပါဘူး။ အူသံ​တွေက တဖြည်းဖြည်းနဲ့ ကျ​တော့်​ဆီလာ​နေသလိုဘဲ။ ကျ​တော်​နှစ်​ခါ​တောင်​မစဉ်းစားဘဲ တိမ်​တိုက်​ဆီတမ်း​ပြေး​တော့တာဘဲ။

"တိမ်​တိုက်​ တိမ်​တိုက်​"

ကျ​တော်​ တိမ်​တိုက်​ကိုဇွတ်​လှုပ်​နှိုး​တော့ အိပ်​မှုန်​စုံမွှားရုပ်​​လေးနဲ့သူက နှိုးလာတယ်​။ ပြီး​တော့ ထထိုင်​လိုက်​ပြီး

"ဟင်​...​ကောင်း​ကောင်း ဘာဖြစ်​လို့လဲ"

"ငါ..ငါ...."

ကျ​တော်​က က​လေးကတည်းက အဲ့​ခွေးအူသံ​တွေကို​သေမ​လောက်​​ကြောက်​တာဗျ။ သရဲ​ကောင်​လုံးကြီး​တွေ့ရမယ်​ဆိုရင်​​တောင်​ အဲ့​လောက်​​ကြောက်​ပါ့မလားဘဲ။ ​ခွေးအူသံက​တော့ ငယ်​ငယ်​ကတည်းက ကြားတာနဲ့​ဘေးရှိလူကိုအတင်းဖက်​​တော့တာဘဲ။ အဲ့အချိန်​ဆို စကားကို​တောင်​မ​ပြောရဲဘူး။ ဒါ​ကြောင့်​ တိမ်​တိုက်​ကိုနှိုး​တော့ အသံတိုးတိုး​လေးနဲ့လှုပ်​ပြီးနှိုးရတာ​ပေါ့။

ကျ​တော်​ အဲ့​လောက်​​ကြောက်​တာကို ​ပြောရမှာကျ​တော့လည်းနည်းနည်းရှက်​သလိုဘဲဗျ။
ကျ​တော်​ပုံစံက နည်းနည်းတုန်​​နေပြီး သူ့နားအတင်းကပ်​ထိုင်​​နေ​တော့

"ဘာလဲ မင်း​ခွေးအူသံ​တွေ​ကြောက်​လို့လား"

"အင်း"

ကျ​တော်​ တိုးတိုး​လေးပြန်​​ဖြေပြီး ​ခေါင်းညိမ့်​ပြ​တော့ တိမ်​တိုက်​က ကျ​တော့်​လက်​ကိုလာကိုင်​တယ်​။

"ငါရှိတယ်​ မ​ကြောက်​နဲ့ ညဉ့်​နက်​ပြီ အိပ်​​တော့​လေ"

ကျ​တော်​​ခေါင်း​လေးဘဲညိမ့်​ပြပြီး သူ့​ဘေးဝင်​လှဲလိုက်​တယ်​။ ဒါ​ပေမယ့်​ ကျ​တေိာမအိပ်​ချင်​​သေးဘူး။ အူသံ​တွေကလည်းဆူညံ​နေတုန်းဘဲ။ တိမ်​တိုက်​ပြန်​အိပ်​​ပျော်​သွားရင်​ ကျ​တော်​တစ်​​ယောက်​ထဲကျန်​ခဲ့မှာလည်း​ကြောက်​တယ်​။ ကျ​တော်​သူ့လက်​ကို အတင်းဖြစ်​ညစ်​ကိုင်​ထား​တော့

Cloud Light (Completed)Where stories live. Discover now