...............
မနက်အလင်းရောင်ပင် မလာသေးတာကြောင့် ပြင်ဆင်ရသည်က မှောင်မှောင်မဲမဲနှင့်ဖြစ်သည်။ နေ့ချင်းပြန်ဖြစ်တာကြောင့် စောစီးစွာထွက်မှ အဆင်ပြေလိမ့်မည်လေ။ ကောင်းကင်ရောင်ခမျာ ဤကဲ့သို့ အတန်းဖော်များနှင့် တစ်ခါမျှပင်ခရီးမသွားဖူးတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသည်။ ဤခရီးက ပျော်စရာကောင်းလိမ့်မည်ဟုလည်း ထင်မိ၏။ သူ၏စိတ်ရှုပ်နေမှုများကိုလည်း ပြေပျောက်စေလိမ့်မည်။
သူ၏အခန်းဖော်လေးကတော့ အိပ်ယာထထပြီးချင်း ပျောက်သွားလေတာ ပေါ်ပင်မလာတော့ပေ။ သူကရော ခရီးကိုလိုက်မည်လား မသိ။"ကောင်းကောင်း ပြင်လို့ပြီးရင် ကားပေါ်သွားစို့"
"အင်း"
ခေါင်းတစ်ချက်ညိမ့်ပြကာပစ္စည်းအနည်းငယ် ထည့်ထားသော အိတ်ကိုလွယ်လျှက် ရတုဇော်နောက်က လိုက်ခဲ့လိုက်တယ်။ သူ့ခြေလှမ်းတွေကတော့ နှေးကွေးနေလေတယ်။ အလင်းမှိန်မှိန်သာရှိသော ဘေးဝန်းကျင်ကိုလည်း ဝေ့ဝဲပြီးရှာဖွေနေမိတာက ဘာကြောင့်များလဲ ။ သူ့စိတ်သူ ညာနေမိပေသည့် သူ့အပြုအမူတွေကတော့ သိသာနေပြန်သည်။ သူနှင့်တိမ်တိုက် စကားကောင်းကောင်းမပြောဖြစ်တာ ကြာပေပြီ။ စာမေးပွဲလည်း နီးလာပြီဖြစ်တာကြောင့် သူ၏ယိမ်းယိုင်နေသော စိတ်တို့ကို စာလုပ်ရန်အတွက်သာ ဖိအားပေးလိုက်သည်။ သူဆယ်တန်းကို ချောချောမွေ့မွေ့နှင့် အမှတ်ကောင်းကောင်းအောင်မြင်ချင်သည်။ သူ့တွင်အဖျက်စိတ်များ ပေါ်လို့မဖြစ်။
"ကောင်းကောင်း တက်လေ"
သူ ကားနားရောက်သော်လည်း မတက်ပါဘဲ ငေးငိုင်နေမိတာကြောင့် ရတုဇော်က အသံပေးကာ လက်လှမ်းလာ၏။ ထိုလှမ်းလာသော လက်ကိုကြည့်လျှက် ဝင်လာသောအတွေးက
'သူဆိုရင်လည်း ဒီလိုလုပ်ပေးမှာ' ဟူ၍ဖြစ်သည်။ သူ့ကိုယ်သူ ခေါင်းခါရမ်းပစ်လိုက်ကာ ကမ်းလာသော လက်အား ပြန်မဆွဲတော့ဘဲ
YOU ARE READING
Cloud Light (Completed)
Romanceခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...