.....................
"ကောင်းကောင်း"
"အင်း"
ဘေးမှကပ်ကာ တကျည်ကျည်အော်နေသော တိမ်တိုက်အား သူအေးစက်စက်ပင် ပြန်ဖြေလိုက်လေတယ်။ ထိုအခါ တိမ်တိုက်က သူ့လက်အားဆွဲကာ
"မုန့်သွားစားရအောင်"
"ငါ စာလုပ်နေတယ်"
တိမ်တိုက်က လက်မှ နာရီအား ငုံ့ကြည့်လိုက်ကာ
"မင်းနားချိန်ရောက်ပြီ"
သူ့စကားကြောင့် ကောင်းကောင်းက သူ၏ စားပွဲတင်နာရီဆီသို့ ဝေ့ကြည့်လိုက်လေတယ်။
"လိုသေးတယ်"
"ဆယ်မိနစ်ထဲပါ လုပ်ပါကွာ ငါဗိုက်အရမ်းဆာလာပြီ"
"ထမင်း.."
ထမင်းစားဟု ပြောမည်ပြင်ပြီးမှ မနက်ကသူတို့နှစ်ဦး အိပ်ယာထနောက်ကျ၍ ထမင်းအိုးမထပ်လိုက်ရသည်ကို သတိရသွားလေတော့ ရပ်သွား၏။
"ထမင်းမှ မရှိတာ"
သူ့အား မျက်နှာငယ်လေး လုပ်ပြလာသော တိမ်တိုက်ကြောင့် သူမငြင်းသာတော့ဘဲ စာအုပ်ကိုပိတ်လိုက်ရလေတော့တယ်။
'မဟုတ်လည်း ဆယ်မိနစ်ထဲပါဘဲ'"ဘာ စားမှာလဲ"
"အန်တီနွယ်ဆိုင်က ခေါက်ဆွဲပြုတ်သွားသောက်ရအောင်"
ထို့နောက် သူတို့နှစ်ဦး ခေါက်ဆွဲပြုတ်စားရန် ကျောင်းမုန့်ဈေးတန်းသို့ထွက်ခဲ့လိုက်၏။ တိမ်တိုက်ကတော့ ရိုးရာမပျက် သူ၏ပုခုံးအား ဆွဲဖက်မှီခိုရင်း လိုက်ပါလာလေတယ်။
"အန်နီနွယ် ခေါက်ဆွဲပြုတ်နှစ်ပွဲလုပ်ပေး ကြက်ဥကို မွှေမပစ်နဲ့နော် နောက်တစ်ပွဲထဲကိုအရွက်များများထည့်ပေး ပြီးတော့ အရင်ဆုံးမြန်မြန်လုပ်ပေးပါ ဗိုက်ဆာနေပြီ"
သူအလိုရှိသည်ကို မနားတမ်းအော်လိုက်သော တိမ်တိုက်အား ကောင်းကင်ရောင်အကြောင်သားဘဲ ကြည့်နေလိုက်မိတယ်။
'အခြားသူတွေလည်း လုပ်ပေးရဦးမှာလေ သူတိ့ကနောက်မှရောက်တာကြောင့် အရင်လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ'
KAMU SEDANG MEMBACA
Cloud Light (Completed)
Romansaခပ်အေးအေးနေတက်ပြီး စာတော်သော ခပ်ချောချော ကျောင်းသားလေးက ဆိုးဝါးညံ့ဖျင်းတဲ့ ကျောင်းကိုတက်ဖို့ ဖြစ်လာပါတယ် ထိုကျောင်းရှိ စာနဲ့ဓာတ်မတည့်သော Playboy မင်းသားလေး သူတို့နှစ်ဦး ဘယ်လိုဖြစ်မလဲ ######## ဒီ Fic ထဲမှာ သဘာဝမကျတာတွေ...