Part-9

7.8K 629 1
                                    

................

"​ကောင်း​ကောင်း မင်းအတန်းထဲမှာအိပ်​ငိုက်​ဖူးလား"

ထိုစကားက မိုး​မြေထံမှထွက်​လာခြင်းပင်​။ ထိုအခါ​ကောင်းကင်​​ရောင်​က ​ခေါင်းရမ်းပြကာ

"ဟင့်​အင်း အိပ်​ချင်​တာ​တော့ ဖြစ်​ဖူးတယ်​ ငိုက်​​တော့မငိုက်​ဖူးဘူး"

"​ဩော်​...."

ကျ​တော်​ မိုး​မြေကိုကြည့်​လိုက်​​တော့ ထို​ကောင်​ရဲ့ရုပ်​ကပြုံးစိစိဖြစ်​လို့​နေတယ်​။ဒီ​ကောင်​ ဘာလုပ်​မလို့လဲ။
ဆံပင်​ညှပ်​ဆိုင်​​ရောက်​​တော့ မိုး​မြေက ခဏဟုဆိုကာ တစ်​​နေရာထွက်​သွားတယ်​။ အဟမ်း..ကျွန်​​တော်​က ဆံပင်​အ​ရောင်​​ဆေးဆိုးယုံတင်​မကဘူး ​ခေါင်းပါ​လျှော်​ပြီး ​ခေါင်​မိုးပုံစံပါချိန်းလိုက်​​သေးတာ။ ကျ​တော့်​ပိုက်​ဆံကုန်​တာမှ မဟုတ်​တာ သုံးရတုန်း​လေးသုံးလိုက်​ရမယ်​။
ဒါက​တော်​​တော်​ကြာ​ပေမယ့်​လို့ ​ကောင်း​ကောင်းက ကျ​တော့်​ကိုသာ ထိုင်​ကြည့်​​နေတာဗျ။

ပြီးခါနီးမှ မိုး​မြေကပြန်​​ရောက်​လာတယ်​။ သူ့လက်​ထဲမှာ အထုတ်​​ပေါင်းစုံပါလာတယ်​။.ဒါတင်​မပြီး​သေးဘူး ကျ​တော်​ကပါ ​ဈေးတန်းကိုသုံး​လေးကြိမ်​ထပ်​ပတ်​လိုက်​​သေးတယ်​။ အပြန်​လမ်း​ရောက်​​တော့ည​နေ ငါးနာရီ​တောင်​ရှိပြီ။

"​ကောင်း​ကောင်း​တော့ ငါ့​ကြောင့်​ဒီ​နေ့စာမကျတ်​လိုက်​ရဘူး"

"ရပါတယ်​ ညမှကျတ်​လို့ရတယ်​"

မျက်​နှာ​သေ​လေးနဲ့ဆို​ပေမယ့်​ သူတကယ်​အဆင်​​ပြေ​ကြောင်းသိသာ​အောင်​ ​ပြောတယ်​။ ကျ​တော်​လည်း လမ်းတစ်​​ယောက်​လုံးသူ့ပုခုံးကို ဖက်​လာတယ်​။ ​ပြောရင်​ယုံကြပါ့မလားမသိ​ပေမယ့်​ သူကတကယ်​ဖက်​လို့​ကောင်းတယ်​။ ကိုင်​လိုက်​ရင်​ကို သူ့အသားအရည်​​လေးက အိစက်​​နေတာဘဲ။ အဲ့ဒါကိုကျ​တော်​ တကယ်​ကြိုက်​တယ်​။

....................

"တိမ်​တိုက်​"

"ဘာလဲ"

ကျ​တော်​ ​ရေသည်​စာအုပ်​ကို​ရှေ့ချပြီး ပုံ​တွေကို ​ခေတ်​သစ်​ ဗားရှင်း ​ပြောင်း​ပေး​နေရင်းက​နေ ​မော့မကြည့်​ဘဲ​မေးလိုက်​တယ်​။အခုက ညခင်းစာကျတ်​တန်း။ စာကျတ်​တန်းထဲမှာ ကျ​တော်​နဲ့မိုး​မြေက ​ဂျောင်​ကပ်​​နေတာပါဘဲ။ ​ကောင်း​ကောင်းက​တော့ သီးသန့်​အတန်းမှာ​လေ။ သို့​ပေမယ့်​လို့လှမ်းကြည့်​ရင်​​တောင်​ မြင်​​နေရတာ။

Cloud Light (Completed)Where stories live. Discover now