Part - 51(Final)

11.6K 507 54
                                    

.............

ပါတီဟုဆိုသော်လည်း သူတို့ပါပေါင်းမှ လူရှစ်ယောက်သာ ဖြစ်လေသည်။ အရှင်းဆုံးပြောရလျှင်အတွဲ လေးတွဲဖြစ်သည်။ Final က အမည်ကြီးဆုံးသော အတွဲကိုပါတိမ်တိုက်က ဆွဲခေါ်လာခြင်းဖြစ်သည်။ ထိုအတွဲက ဝါရင့်သဘာရင့်များမို့ တည်တည်ညိမ်ညိမ်ရှိကြပေသည့် သူတို့သုံးတွဲကတော့ ရွစိတက်နေကြသည်မှာ ထိမ်းမနိုင်သိမ်းမနိုင်ပေ။

"ကိုဝေယံက ချစ်စရာလေးနော်"

ပိစိတစ်ယောက် ကောင်းကောင်းနားသို့ကပ်ကာ တွတ်ထိုးလာခြင်းဖြစ်လေသည်။ ဝေယံဆိုသည်မှာ Final အတွဲမှ အကိုတစ်ယောက်ဖြစ်သည်။ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဖြစ်ပြီး ချစ်စရာကောင်းသောအသွင်အပြင်နှင့်ဖြစ်သည်။

"ကိုအောင်ကောင်းမြတ်က ချစ်လို့မဝဖြစ်နေမှာနော်"

"ချစ်မဝဖြစ်လားမဖြစ်လားတော့မသိဘူး အရင်ကတဂျိမ်းဂျိမ်း သတ်နေကြတာလို့ပြောသံကြားဖူးတာဘဲ"

နောက်မှ ရုတ်တရက်ရောက်လာသူက မိုးမြေဖြစ်သည်။ သူ့မိန်းမလေး ပိစိက ဒါမျိုးဆိုစပ်စုတက်မှန်းသိနေတာကြောင့် စုံစမ်းခဲ့ဟန်တူသည်။ ကောင်းကောင်း၏ မျက်လုံးများက ရတုဇော်တို့အတွဲထံ အဝေ့တွင် ရတုဇော်ကလည်း သူ့အားလှမ်းကြည့်နေသည်နှင့် စုံလိုက်သည်။ ထိုအခါ ရတုဇော်က ချောင်းတစ်ချက်ဟန့်ကာ အကြည့်လွှဲသွားပြန်သည်။ ကောင်းကောင်းကပင် နေရာမှထကာ ရတုဇော်ရှိရာသို့ လျှောက်သွားလိုက်သည်။

"ကွန်ဂရက်ကျူလေးရှင်း"

"ဘာကိုလဲ"

လက်ထဲမှ ဖျော်ရည်ဘူးကိုမော့သောက်လိုက်ရင်း မသိသလိုပုံစံဖြင့်မေးလာသည်။ ထိုအမူအယာကြောင့် ကောင်းကောင်းက ရယ်လိုက်ပြီး မလှမ်းမကမ်းရှိ မြတ်သူရမောင်ကို မေးငေါ့ပြလိုက်ကာ

"မင်းတို့တွဲနေကြတာမဟုတ်လား သူကချစ်တက်မယ့်ပုံပါ"

ကောင်းကောင်းစကားကြောင့် ရတုဇော်က ကောင်းကောင်းကိုပြန်ငေးကြည့်လာသည်။ မည်သည့်စကားမှ မပြောသေးဘဲ အတန်ကြာအောင်တိတ်နေပြီးမှ ထွက်လာသောစကားမှာ

Cloud Light (Completed)Where stories live. Discover now