Part-29

5.3K 479 11
                                    

................

"ကောင်းကောင်း စာတွေအကုန်ရနေပြီလား"

ရတုဇော်၏ အမေးအား မည်သို့ဖြေရမည်မသိ။ ပြုံးပြယုံသာ တက်နိုင်လေသည်။ အရင်စာတွေကလည်း ပြန်မကျက်ဖြစ်တာကြောင့် အကုန်ရနေသည်ဟု အတိအကျ မသတ်မှတ်နိုင်။ ယခုအတောအတွင်းသင်သည့် စာများကတော့ မရသေးတာသေချာလေသည်။ အချိန်တိုင်း တိမ်တိုက်အကြောင်း တွေးမိနေတာကြောင့် စာထဲစိတ်မရောက်နိုင်ပေ။

"ငါတော့ သိပ်မရလို့စိတ်ညစ်လိုက်တာ"

"တူတူပါဘဲ"

အပြုံးယဲ့ယဲ့လေးနှင့် ပြောလာသော ကောင်းကင်ရောင်ကြောင့် ရတုဇော်ပင် တအံ့တဩဖြစ်မိ၏။ အရင်ကဆို အမြဲမရသေးသည့် စာမရှိသော ကောင်းကင်ရောင်က ယခုလို ဆိုလာသည်က အံ့ဩစရာပင်။

"မင်းက ဘယ်ဟာမရသေးတာလဲ"

"ဘယ်ဟာမှကို မရသေးဘူး"

"မင်းအမြဲကျက်နေတယ်မဟုတ်လား"

ရတုဇော်၏ အမေးကြောင့် သူထပ်၍ပြုံးပြန်သည်။ စာကျက်နေတာမြင်တိုင်းရော ရနေပြီလို့ တွက်လို့ရသလား။

"အင်း ဒါပေမယ့် ငါမရသေးဘူး"

"ဘာဖြစ်လို့လဲ စိတ်ညစ်စရာရှိလို့လား"

ထိုအမေးအား ခေါင်းလေးရမ်းပြလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းပြောင်းရန်အတွက် ကြိုးစားလိုက်သည်။

"စားပြီးပြီလား"

"မစားရသေးဘူး မင်းရော?"

"တူတူဘဲ"

"ဒါဆိုသွားစားရအောင် ဆယ့်နှစ်တောင်ထိုးနေပြီ"

"မင်းသာသွားစားတော့ ငါတိမ်တိုက်ကိုစောင့်ရဦးမှာ"

လာပြန်ပြီ တိမ်တိုက်။ သည်နောက်ပိုင်း ကောင်းကောင်း၏ နှုတ်မှ အမြဲမပျက်ခေါ်နေသော သူကိုပြပါဆိုလျှင် တိမ်တိုက်က ရာနှုန်းပြည့်ပင်ဖြစ်သည်။ ရတုဇော်၏ အမြင်ရဆိုလျှင် တိမ်တိုက်က ကောင်းကင်ရောင်အတွက် အရှုပ်အထုတ်တစ်ခုပင်။ ကောင်းကင်ရောင် စာကျက်နေလျှင်လည်း နှောင့်ယှက်တက်သည်။ တစ်ခါတစ်ခါ တားမြစ်တက်သည်။ စာအုပ်တွေကို ပိတ်ပစ်ကာ အဝေးသို့ယူပြေးတက်သည်။ အမြဲလိုလို ကောင်းကင်ရောင်ဘေးတွင် ပက်ကျိ ကဲ့သို့ကပ်တွယ်နေတက်ပြီး သူ့ကိုပင်အနားကပ်ခွင့်မပေးတက်ပေ။ ယခု အနားမရှိတုန်းခဏလေးတောင် တိမ်တိုက်၏ ဩဇာက မလွှတ်ပေ။

Cloud Light (Completed)Opowieści tętniące życiem. Odkryj je teraz