Part(6)

42.3K 1.8K 14
                                    


အဆောင်တော်အတွင်းသို ့နေခြည်နွေးနွေးဖြာ
ကျလျှက်ရှိသည်။ဝမ်ယွန်ကျေးငှက်သံတို ့ကြောင့်နိုးလာခ့ဲ၏။ရင်ခွင်တွင်းရှိအားချင်နဖူးသားနွေးနွေးကို
နမ်းရှိုက်မိတော့မျက်မှောင်တစ်ချက်ကျုံ့မိသည်။ကိုယ်တွေပူနေတာဘဲ။သေချာအောင်လည်ပင်းသားတို့အားအသာဖွဖွလက်ဖြင့်စမ်းမိတော့အပူရှိန်ကိုခံစားလိုက်ရချေသည်။သူအားချင်အားစောင်လေးဖြင့်ပတ်ထားကာဝတ်ရုံကောက်ဝတ်လိိုက်သည်။အိပ်ယာမှထကာပြတင်းပေါက်နားသွား၍လေချွန်လိုက်တော့ဂျုံရှစ်ရောက်လာလေသည်။
"အရှင်"
"သမားတော်ပင့်ချေ "
ဂျုံရှစ်အတွင်းရှိအိပ်ယာပေါ်မှရှောင်ချင်ကိုတစ်ချက်လှမ်းကြည့်ကာ
"မှန်လှပါ"
"မနေ့ညကအခြေအနေကရော ထိခိုက်မိသေးလား"
"ဂျုံရှစ်လျှောက်တင်ပါတယ်ဒီအစေခံကဘေးကင်း
ပေမယ့်သံတမန်ရဲ့ကိုယ်ရံတော်လင်းယိ့ဖန်ကတော့အတွင်းအားထိသွားပါတယ်"
"ဘယ်သူ့လက်ချက်လဲသိပြီလား"
"ညံ့ဖျင်းမှုကြောင့်အမိမဖမ်းနိုင်ခ့ဲပါဘူး"
"ဟင်းးးးးပြဿနာမရှိဘူး လင်းယိ့ဖန်ကိုကောင်းကောင်းဂရုစိုက်လိုက်"
"ဟုတ်က့ဲ"
ဂျုံရှစ်ထွက်သွားမှအထိန်းတော်ကြီးကိုခေါ်လိုက်သည်။
"အထိန်းတော်ကြီး"
"ကျွန်တော်မျိုးရှိကြောင်းပါ"
"ညကကိုယ်တော်ဆေးလက်ဖက်ရည်
ယူခိုင်းတာလေ နွေဦးခွာညိုဆေးရည်
ကဘယ်လိုပါလာတာလဲ"
"ခွင့်လွှတ်တော်မူပါ တာဝန်ကျတ့ဲအစေခံမိုက်မ
ကလက်ဖက်ခြောက်မှားထည့်မိ
ကြောင်းပါဘုရား"
ဒူးထောက်ကာလျှောက်တင်နေသောအထိန်းတော်ကြီးအားဖေးမထူလိုက်ကာ
"ညကဒီဆေးကြောင့်ကိုယ်တော်ဘယ်လောာက်အသိစိတ်လွတ်ထွက်သွားတယ်မှတ်လဲ  ထားပါ ကိုယ်တော်ဘာမှမပြောချင်ဘူး အားချင်နိုးလာမှမေးပြီးအပြစ်ဒဏ်စီရင်မယ်"
"မှန်လှပါ ဒီအစေခံအရဲဝ့ံစွာလျှောက်တင်ပါရစေ ချင်မင်းသားလျိုရှောင်ချင်ကို ဧကရီတင်မြှောက်သင့်ကြောင်း
ပါဘုရားညီလာခံမှာလဲချင်မင်းသမီးလျိုချူးရန်ကိုမိဖုရားမြှောက်စေချင်ကြောင်းအမတ်တွေလျှောက်တင်နေတာကိုလျစ်လျူမရှုသင့်ကြောင်းပါလျိုချူးရန်အစားလျိုရှောင်ချင်ကိုတင်မြှောက်လိုက်ရင်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်မှာဖြစ်တ့ဲအတွက်တွေးတောသင့်ကြောင်းပါမင်းကြီး"

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now