Part(25)

25.1K 1.4K 67
                                    

၃လခန့်ကြာသောအခါ-
လရောင်ဖြာကျနေသောဒါမီဝမ်နန်းဆောင်တော်။
အဆောင်တော်အတွင်းငြိမ်သက်လျှက်..
ထိုစဉ်အဆောင်တော်တံခါးငြင်သာစွာ
ပွင့်လာပြီးမိန်းမပျိုလေးတစ်ဦးခေါင်းစွပ်အုပ်
လျှက်ထွက်လာလေသည်။
မလှမ်းမကမ်းရှိချယ်ရီပင်အောက်၌လူ
တစ်ယောက်ရပ်နေ၏။
သူမထိုသူ့ထံအလျှင်အမြန်သွားလိုက်သည်။
"အမိန့်ရှိပါအရှင်"
"ကလေးကိုဖျက်ချ ပြစ်လိုက်"
"ရှင်​   ဒါပေမ့ဲ"
"ညီမတော်ကဖျက်ချစေချင်နေတယ်"
"ဒါ​  ဒါက"
"ရော့ဒီအဆိပ်တိုက်လိုက်​  တစ်လလောက်တော့
သူခံရလိမ့်မယ်​ အသက်တော့မယူသေးဘူး"
"မလုပ်လို့မရဘူးလား​  အရှင်​ ဒီဟာကအရမ်း"
"မင်းကကိုယ့်ကို​  အာခံနေတာလား
အားစူးး"
မှန်ပါသည်ထိုမိန်းမပျိုမှာရှောင်ချင်အလေးပေး
ဆုံးအပျော်တော်တွေထဲကတစ်ယောက်ချင်းစူး
ပင်ဖြစ်သည်။
ချင်းစူးထိုလူအားနင့်နဲစွာကြည့်လိုက်သည်။
" အရှင်ကမီးထဲထိုးဝင်လို့စေခိုင်းရင်တောင်
ချင်းစူးတုံ့နှေးနေမှာမဟုတ်ပါဘူး"
" အ့ဲတာတွေချစ်နေရတာ"
သူမကိုယ်လုံးလေးအားတင်းကျပ်စွာဖက်
ထားခံရသည်ကိုပင်နီးကပ်သထက်နီးကပ်
အောင်ရင်ခွင်ကျယ်ထဲတိုးဝင်ထားလိုက်မိ
သည်။
....
....
....

"မင်းကြီး​ ညစာစားချိန်ရောက်ပါပြီ"
"အင်း​  ဟုတ်ပြီ​ဧကရီဆောင်ကိုကြွမယ်
ပြင်ထား"
" မှန်လှပါ"
ဝမ်ယွန်အထိန်းတော်တို့နှင့်အတူ
အားချင်ရှိရာလှမ်းလာခ့ဲသည်။
စိတ်ထဲမှာတော့တစ်မျိုးဖြစ်လို့နေကာ
မိဖုရားဟီဘင်ပြောသော
စကားများသာအကြိမ်ကြိမ်ပြန်ကြားယောင်
နေသည်။
အကယ်၍ များ....
မဖြစ်နိုင်ဘူး  ငါစိုးရိမ်လွန်နေတာဘဲဖြစ်မှာပါ
အားချင်ဘေးမှာလဲငါ့လူတွေလျို့ဝှက်ပြီးလွှတ်ထားတာဘဲ။
အဆောင်ရှေ့ရောက်သော်အပြင်တွင်
ထွက်စောင့်နေသောအားချင်အား
တွေ့လိုက်ရသည်။
"အားချင်​  အထဲမှာဝင်နေတာမဟုတ်
ဘူးကွယ်"
အေးနေသောလက်ကလေးအားအာ
ငွေ့ပေးလိုက်သည်။
"အရှင့်ကိုလွမ်း​လို့​တဲ​့ ကလေးလေးက"
နားနားကပ်ပြောလာသောအားချင်လေး
အားအသဲယားစွာတစ်ချက်ဖြစ်ညှစ်လိုက်
သည်။
"ကလေးလေးက​  ဗိုက်ဆာနေပြီတ့ဲအ့ဲဒါကြောင့်
ခမည်းတော်ကအတူစားပေးမလို့​ လာသွားရအောင်"
နှစ်ယောက်သားခေါင်းချင်းဆိုင်ကာတွတ်ထိုးပြီး
နောက်ပြင်ထားသောထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်
ကြသည်။
ဝမ်ယွန်သံသယရှိစွာပွဲတော်အုပ်ကိုအပျိုတော်
တစ်ယောက်အားမြည်းစမ်းခိုင်းလိုက်သည်။
အားချင်ကတော့မျက်လုံးအပြူးသားလေးနှင့်
လိုက်ကြည့်နေသည်။ ဝမ်ယွန်ပြုံးပြလိုက်ကာ
အပျိုတော်၏ အခြေအနေစောင့်ကြည့်နေမိ၏။
ဘာမှမဖြစ်ကာမှသက်သက်အတွေးလွန်နေ
သည်ကိုတစ်ကိုယ်တည်းပြုံးမိသည်။
"ဘာဖြစ်လို့လဲအရှင်ရဲ့"
"ဟင်​  ဘာမှမဖြစ်ပါဘူးကွယ်
အားရှိအောင်များများစား​"
ထိုအခါမှအားချင်ပလုတ်ပလောင်းလေး
စားတော့သည်။အရင်ကထက်ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာသည်မို့သူအချစ်ပိုရပြန်သည်။ တစ်ချက်တစ်ချက်ဝါးလိုက်ရင်ပါးလေးတွေကအိခနဲအိခနဲလုံးတက်လာသည်မို့ဤသည်ကိုကြည့်ကာအသဲယားမိပြန်၏။တူလေးနှင့်ဟင်းပန်ကန်တွေအားညွှန်ပြရင်းစားနေသည်ကိုကြည့်ကာဝမ်ယွန်ဗိုက်ပြည့်နေမိသည်။
ထိုစဉ်ရုတ်တရတ်အားချင်လက်ထဲမှ
တူနှစ်ချောင်းလွတ်ကျသွားသည်။
လက်တစ်ဖက်ကဗိုက်ကိုကာထားလျှက်
လဲကျသွားလေသည်ကိုသွေးပျက်စွာမြင်လိုက်ရလေသည်။
"  အားချင်​ အားချင်!!!"
ဝမ်ယွန်ရင်ခွင်ထဲဆွဲပွေ့ကာအပူတပြင်း
ခေါ်မိသည်။
"က​ ကလေး​  အ့"
"စိတ်အေးအေးထား​ ကိုယ်ရှိတယ်"
ပွက်ခနဲအန်ထွက်လာသောသွေးများ
ဝမ်ယွန့်ရင်ဘတ်တွင်စိုရွှဲသွားလေသည်။
ဘေးမှအပျိုတော်တို့သည်လည်း
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
အားချင်ခန္ဓာကိုယ်တွင်နာကျင်နေသော
နေရာများအားသတိမထားနိုင်။
ကလေးအန္တရာယ်မဖြစ်ဖို့သာဆု
တောင်းနေမိသည်။
"ခမည်းတော်တို့ကို ထားမသွားပါန့ဲကလေးရယ်"
" တော်ဝင်သမားတော်ကိုဆင့်ခေါ်စမ်း!!"
"မှန်​   မှန်လှပါ"
"  အားချင်​ ကိုယ်ရှိတယ်နော်
စိတ်ကိုတင်းထား"
အရာအားလုံးရှုပ်ရှပ်ခပ်နေစဉ်
ဂျုံရှစ်ကိုမျက်ရိပ်ပြလိုက်သည်။
ထိုအခါသူကလဲအဓိပ္ပါယ်ပါသော
အကြည့်နှင့်ပြန်ခေါင်းငြိမ့်ပြကာ
ထိုထမင်းဝိုင်းကိုပကတိအတိုင်း
တူ။ထမင်းပန်းကန်။ဇွန်းတို့ကို
နေရာမပျက်သယ်ဆောင်သွားလေသည်။
အားချင်ကိုကုတင်ပေါ်ဖြေးညှင်းစွာချပေး
လိုက်ချိန်
" အ​   အရှင်​  ကလေး"
"ဘာမဖြစ်ဘူး​  ကိုယ်တော်တို့န့ဲရှိနေတယ်လေကွာ
အားချင်လေးအိပ်ပျော်မသွားရဘူးနော်"
တုန်ရင်နေသောလက်ကလေးအားဖြစ်ညစ်
ကာဝမ်ယွန်မျက်ရည်များအတားအဆီး
မရှိကျလာလေသည်။
ချင်းစူးတစ်ချက်ပင်ကြည့်လိုက်ကာတမင်
ငိုပြလိုက်သည်။ ဘေးမှအားလန်
ကတော့ကလေးအန္တရယ်မထိအောင်
သာလက်ဝါးနှစ်ခုပူး၍ ဆုတောင်းနေ
သည်။ မကြာလိုက်ပါ
တော်ဝင်သမားတော်ကြွလာလေသည်။
" သမားတော်ကြးီ​  အားချင်ကိုကြည့်ပေး
ပါဦး"
မျက်ရည်များကျကာဟန်ပင်မဆောင်နိုင်
ရှိုက်သံနှော၍ ပြောလိုက်မိသည်။
"အရှင်မင်းကြီးစိတ်အေးအေးထားပါ
အပြင်ခနလောက်ထွက်ပေးပါ​ မင်းကြီး"
ဝမ်ယွန်လေးပင့်စွာထွက်လာလိုက်သည်။
အဆောင်အပြင်အရောက်ဒူးများခွေ ကျ
လာကာအနီးရှိတံခါးကိုမှီလိုက်ရသည်။
" မင်း​  မင်းကြီး"
လက်တစ်ချက်ကာပြလိုက်ကာကြမ်းပြင်
တွင်ထိုင်ချလိုက်သည်။
"မင်းကြီး​  ဧကရီန့ဲကလေးကျန်းမာမှာပါ
စိတ်ထိန်းတော်မူပါအရှင်"
" ကိုယ်​   ကိုယ်တော်​  ဘာများ
လုပ်ခ့ဲမိလို့လဲ​  ဘာလို့ကိုယ်တော်တန်
ဖိုးထားရတ့ဲလူတွေဘဲထိခိုက်နေရတာလဲ"
အထိန်းတော်ကြီးအားနာကျင်စွာဖွင့်ဟလိုက်
မိသည်။
" ဟားးးးးးးးးးးး!!!"
လည်ချောင်းကွဲမတက်အသံကုန်ခြစ်အော်လိုက်ကာမျက်နာကိုလက်ဖြင့်အုပ်၍
ရှိုက်ကြီးတငင်ငိုနေမိသည်။
ဘေးမှအထိန်းတော်ကြီးက​ ပုခုံးတို့အားဖေး
မရင်းနှစ်သိမ့်ပေးနေလေသည်။
"အရှင်"
နောက်မှဂျုံရှစ်ခေါ်သံကြားလိုက်သော
ကြောင့်ဝမ်ယွန်လှည့်ကြည့်လိုက်သည်။
ဂျုံရှစ်အရှင့်အားစိတ်မကောင်းစွာကြည့်
မိသည်။ အိ​န္ဒြေပျက်၍ ငိုယိုနေသော
အရှင့်အားကြည့်ကာသူပင်မျက်ရည်လည်
လာလေပြီ။
"တစ်ချက်လောက်လိုက်ကြည့်ပေးစေ
ချင်ပါတယ​်"
ဂျုံရှစ်ခေါ်ဆောင်ရာအခန်းငယ်အတွင်း
အသက်မ့ဲစွာလိုက်ပါလာခ့ဲသည်။
"အဆိပ်ပါအရှင်"
"အမျိုးအစား"
"အရိုးပျော့အဆိပ်ပါပြင်းထန်ရင်တော့
၂လလောက်လှုပ်ရှားလို့ရမှာမဟုတ်ပါဘူး
ကိုယ်ဝန်ဆောင်အတွက်ကတော့....."
"ပြောပါ​  ကိုယ်တော်သိချင်တယ်"
" ကလေးကိုကာကွယ်နိုင်မှာမဟုတ်ဘူး
အရှင်"
ပတ်ဝန်းကျင်အတွင်းတိတ်ဆိတ်သွားကာ
ရုတ်တရတ်အေးစက်လာလေသည်။
"ကောင်းပြီ​  ဒီနေ့ပွဲတော်ပြင်တ့ဲအပျိုတော်
တွေကိုစုထား"
" အရှင်အဆိပ်ခပ်နည်းကိုမအ့ံသြဘူးလား"
"  အစားအစာထဲမထည့်ဘဲ
ဇွန်းမှာသုတ်ထားလိုက်တာ​ တစ်ကွက်
သာသွားတယ်​ ငါပေါ့ဆလိုက်မိတာ"
ဂျုံရှစ်အရှင့်အားလေးစားစွာကြည့်လိုက်ကာ
"ဒါကြောင့်မြည်းပေးတ့ဲအပျိုတော်ဘာမှ
မဖြစ်တာကိုး"
ဝမ်ယွန်ခေါင်းတစ်ချက်ငြိမ့်ကာဧကရီ
ဆောင်သို့ပြန်လာခ့ဲသည်။
" အကုန်အပြင်ထွက်​  သမားတော်ဘဲ
ကျန်ခ့ဲ"
အခန်းထဲတွင်အားချင်လေးအားခန္တာကိုယ်အန့ှံ
အပ်ပေါင်းများစွာစိုက်ထားလေသည်။
ဝမ်ယွန်အားချင်လက်ကလေးအားကိုင်
ကာသမားတော်ကိုမေးမိသည်။
" အခြေအနေ"
" အသက်အန္တရယ်မရှိတော့ပါဘူး
ဒါပေမ့ဲ"
"ဆက်ပြော"
"ချမ်းသာပေးတော်မူပါ​ တော်ဝင်သွေးကို
ဆုံးရှုံးလိုက်ရပါပြီ"
သမားတော်မှာကြမ်းပြင်နှင့်ဦးခေါင်းထိထားကာ
ဖြေကြားလိုက်သည်။
အတန်ကြာတိတ်ဆိတ်နေပြီးနောက်
"ကိုယ်တော်သိပြီ​  မောင်မင်းသွားတော့"
သမားတော်ထွက်သွားကာမှအားချင်နဖူးရှိ
ချွေးစေးတို့အားသုတ်ပေးလိုက်မိသည်။
"ရပါပြီ​ အားချင်ဘာမှမဖြစ်ရင်​  ကိုယ်တော်
အတွက်လုံလောက်ပါပြီခမည်းတော်
မကာကွယ်နိုင်လို့တောင်းပန်ပါတယ်
ကလေးရယ်"
မျက်ရည်များကထပ်မံကျဆင်းလာကြပြန်သည်။
ဒီအဖေကိုခွင့်လွှတ်ပါကွယ်။
အားချင်လက်လေးအားနဖူးနှင့်ထိကပ်လျှက်
တစ်ညလုံးငိုကြွေးနေမိလေသည်။.....
....
...
"အကိုတော်​ အခြေအနေ"
"သမားတော်ပြောတာ​
မကယ်လိုက်နိုင်ဘူးတ့ဲ"
သူမယခုမှပင်နေသာထိုင်သာ
ရှိသွားလေတော့သည်။
မြင်ရဲ့လားအရှင်။ အရှင့်ရဲ့အရာအားလုံး
တစ်ခုချင်းဆီကျွန်မဖျက်စီး ပြစ်နိုင်တာ
မြင်ရဲ့လား။ လှပသောအပြုံးတစ်ပွင့်။
အပြင်လူကြည့်လျှင်တော့သိမ်မွေ့နူး
ညံ့ဟန်အပြည့်ပါသော်လည်း
အနက်အဓိပ္ပါယ်ကိုမည်သူမှျမသိ
နိုင်ပေ။ မကြာပါဘူးကျွန်မခြေထောက်
အောက်ကိုအရှင်ရောက်ဖို့နီးလာပါပြီ။
" အကိုတော်လဲပင်ပန်းနေလောက်ပြီ
ဒီတစ်ခေါက်အပျိုတော်ကိုဆုချရမယ်
ဟား​ ဟား​ ဟား"
တစ်ပါးသူသွေးသားကိုဖျက်စီးပစ်ရတာ
သူတို့အတွက်ဘာမှျမဖြစ်သလိုပင်။
ထိုစဉ်
"ဝုန်းးးး"
"အရှင်မင်းကြီး"
" ဖြောင်းးးးးးးး"
မိဖုရားလတ်ပါးစပ်မှသွေးများပင်ထွက်လာခ့ဲသည်။
လဲကျသွားသောနေရာ၌ပင်
တစ်ဖန်ဆောင့်ဆွဲခံလိုက်ရလေသည်။
" အရှင်​ ဘာလုပ်တာလဲ"
" ထွက်သွား!!!!!"
ဟီဘင်သူမအကိုကိုထွက်သွားရန်မျက်ရိပ်ပြလိုက်သော
အခါမကျေမနပ်မျက်နှာဖြင့်မ့ဲရွဲ့ကာထွက်သွား
လေသည်။
ထိုအခါမှ
" ဘာလုပ်တာလဲအရှင်"
" ဘာလုပ်တာလဲဟုတ်လား​  အေး
သတ်ပစ်မလို့​  မင်းကိုသတ်မလို့
လာတာ"
"ဝုန်းးးး"
ထပ်မံနံရံဘက်သို့ကိုင်ပေါက်လိုက်သောကြောင့်
သူမလွှင့်စင်ထွက်သွားရပြန်သည်။
"ဟက်!! ဟားး​ဟားးဟားးး သတ်လေသတ်စမ်းပါ​ သတ်လဲအရှင့်ရဲ့ကလေးကပြန်ရလာမှမဟုတ်ဘူး"
" မင်း!!!"
" သက်သေရအောင်ရှာလာခ့ဲ
ကျွန်မလုပ်တယ်ဆိုတ့ဲသက်သေယူလာခ့ဲ​!!! "
ဝမ်ယွန်လည်ပင်းရိုးများထောင်ထလာ
ကာလက်သီးကျစ်ကျစ်ပါအောင်ဆုပ်
ထားလိုက်ကာ။
" မင်း​   နောင်တရလိမ့်မယ် မင်းထိလိုက်တာ
ငါ့ရဲ့အသက်လောက်တန်ဖိုးထားရတ့ဲလူပြီးတော့ချင်နိုင်ငံရဲ့တတိယမင်းသား
မင်းအလှည့်မရောက်ပါစေန့ဲ​ ဆုတောင်းနေလိုက်  ငါကိုယ်တိုင်မင်းကိုလာသတ်မယ်!!!"
ဟီဘင်ထွက်သွားသောအရှင့်ကျောပြင်
အားကြည့်ကာသတိဝင်လာသည်။
ဟုတ်ပေသည်သူမဒီတစ်ခါလုပ်လိုက်
သည်ကချင်နိုင်ငံကိုရန်စလိုက်သလို
ဖြစ်သွားမည်ပင်။ တစ်ခဏမျှတုန်လှုပ်သွားသော်
လဲချက်ချင်းပြန်တင်းလိုက်သည်။ငါ့နိုင်ငံတစ်ခုလုံးငါ့နောက်မှာရှိနေတာဘဲ။ဘာကိုကြောက်နေရဦးမှာလဲ။
...
....
မူးနောက်နေသောခေါင်းအားတစ်ချက်ဖိကာ
အားချင်မျက်လုံးဖွင့်လိုက်မိသည်။
ပထမဆုံးသတိရလိုက်မိသည်က
ကလေး....။
ခြုံထားသောစောင်အားအလျှင်မြန်ဖယ်
လိုက်မိသည်။ ယခင်ကစူစူလေးထွက်နေသော
ဗိုက်ကလေးမှာယခုပကတိအတိုင်းပြားချပ်
ချပ်ဖြစ်၍နေလေပြီ။
မဖြစ်နိုင်ဘူး​  ငါ့ကလေး။
" မင်းသားလေး  မထန့ဲဦး​ အကြောတွေအားနည်း
နေသေးတယ်"
ဆန်ပြုတ်ပန်းကန်သယ်လာသောအားလန်က
အလျှင်အမြန်တွဲကာပြောလေသည်။
"အားလန်"
"ဟုတ်က့ဲ"
"ကလေးရော"
မျှော်လင့်ချက်လက်ကျန်လေးကိုအခိုင်
အမာဆုပ်ကိုင်ကာမေးလိုက်မိသည်။
"ကလေးက...."
"အားချင်​  မထန့ဲဦးလေ"
အားလန်သူမစကားပင်မဆုံးသေး
အရှင်လီဝမ်ယွန်ရောက်လာသောကြောင့်
အလိုက်တသိအပြင်ထွက်ပေးလိုက်သည်။
"ဘယ်လိုနေလဲ​  မူးနေသေးလား
အားရှိအောင်ဆန်ပြုတ်စားရမယ်နော်"
"ကလေးရော"
တိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်
အားချင်ခန္ဓာကိုယ်လေးအားရင်ခွင်ထဲ
ထည့်လိုက်ကာ
"ကလေးလေးက​  တစ်နေရာရာကနေ
ကိုယ်တို့ကိုကြည့်နေမှာပါ​  ကိုယ်တော်တို့
အချစ်တွေကိုသူရလိုက်မှာပါ"
ရင်ခွင်ထဲမှစတင်တုန်ယင်လာသော
ခန္ဓာကိုယ်လေးအားတိုးဖက်ထားမိသည်။
ရင်ဘတ်၌စိုရွှဲလာသောချစ်ရသူမျက်ရည်
စများကရင်ကိုအစိမ်းသက်သက်ဓားဖြင့်မွှန်းနေသလိုပင်
" တောင်းပန်ပါတယ်​   ကိုယ်တို့ကလေးလေးကို မကာကွယ်လိုက်နိုင်ဘူး​ "

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now