Part(15)

30.7K 1.4K 12
                                    


"သားနောင်တမရပါဘူး  အရှင့်အနားမှာနေဖို့ရွေးချယ်မိလို့နောင်တမရပါဘူး"
အရှင်ခမည်းတော်န့ဲဆက်ဆံရေးပြေလည်ကာတောလိုက်ခနခနထွက်ဖြစ်သည်ကိုကြည့်ပြီးစိတ်ထဲတွင်ကြည်နူးမိသည်။ချစ်ရသူနှင့်မိဘနှစ်ဦးနှစ်ဖက်သင့်
မြတ်နေတာကိုစိတ်မကြည်နူးတ့ဲ
သူရှိလိမ့်မလားလေ။အကိုတော်က
တော့သိပ်မကြည်ဖြူပေမ့ဲဘာတစ်ခွန်းမျှတော့မဟ။
တစ်ပတ်ကြာတော့
ချင်နိုင်ငံကလက်ဖွဲ့ပစ္စည်းများပွဲစီစဉ်ရန်
ရိုးရာများကိုဂိုဂူလျောသို့ပို့ကြသည်။
ဧကရီတင်ပွဲကိုအတိုင်းတိုင်းအရပ်ရပ်သို့
ကြေငြာကာခမ်းခမ်းနားနားလုပ်
ဆောင်ရန်ပြင်ဆင်နေကြလေသည်။
ခမည်းတော်တို့နှင့်နှုတ်ဆက်ကာပွဲ
စီစဉ်ရန်ဂိုဂူလျောသို့သူတို့ပြန်ရောက်
လာသည့်အချိန်ရိုးရာအရ သတို့သားနှင့်
တစ်ညခွဲအိပ်ရမည်ဆိုသောကြောင့်ဝမ်ယွန်
မလွှတ်ချင်လွှတ်ချင်နှင့်အားချင်အား
ဒါမီဝမ်အဆောင်သို့ပို့လိုက်ရသည်။
"အားချင်"
"ဟင်"
"ညကျရင်ကိုယ်လာတွေ့မယ်နော်"
"ဟာမရဘူးလေ..လက်မထပ်ခင်ထိမတွေ့ရဘူးလေ အထိန်းတော်ကြီးတို့မှာထားတယ် အ့ဲလိုလုပ်ရင်နမိတ်မကောင်းဘူးတ့ဲ"
အဆောင်လွှတ်ခါနီး၂ယောက်ခေါင်းချင်းဆိုင်ကာတွတ်
တိုးနေသည်ကိုကြည့်ရင်းအထိန်းတော်တို့
တပြုံးပြုံး။ဂိုဂူလျောမှာသည်လိုမဆိုပြေခ့ဲတာ
ကြာပြီမဟုတ်လား။
"အရှင် အချိန်ကျပါပြီ"
အထိန်းတော်ကြီးမှပြုံးကာအသိပေးလိုက်သော်လဲပြန်ရလိုက်သည်ကအရှင့်၏အကြည့်စူးစူးပင်။
"ကိုယ်တော်သိပါတယ်"
ဝမ်ယွန်အားချင်လက်လေးကိုလွှတ်ပေးကာအဆောင်တော်ထဲထိဝင်သွားသည်ကိုမျက်စိတစ်ဆုံးကြည့်နေလိုက်သည်။ကိုယ်တို့နီးစပ်ရတော့မယ်
အားချင်။ကိုယ်တော်ရတ့ဲပျော်ရွှင်မှုကတစ်ဘဝလုံးစာမှာတစ်ခါမှမရခ့ဲဖူးတ့ဲပျော်ရွှင်မှုမျိုးဘဲ။.....

======

"မယ်မယ် အရှင်တို့ပြန်ရောက်နေပါပြီ"
"အကိုတော်ကိုဆင့်ခေါ်လိုက်"
"ခေါ်မနေနဲ့ကျုပ်ရောက်နေပြီ"
အခန်းထဲလှမ်းဝင်လာသောအကိုတော်ကိုသူမကြည့်လိုက်မိသည်။
"သံတမန်ဆောင်ကအပျိုတော်လေးတစ်ယောက်ကတော်တော်ချောချောလေးဘဲ"
မိဖုရားလတ်မှာစိတ်ပျက်စွာကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည်။
"အ့ဲကိစ္စအသာထားစမ်းပါ လျိုရှောင်ချင်ကိုသတ်ပေး"
"သြော်  ဘယ်လိုဖြစ်နေတုန်း အမိရယ် ကျုပ်သတ်ပေးမယ်ကတိပေးထားတယ်လေ"
"ဒီညသတ်ခိုင်းတာ  ဒါမီဝမ်မှာအကုန်ရှင်းထားပြီးပြီ ဂိုဏ်းကလူတွေကိုအမိန့်ပေးလိုက်တော့"
"မင်းဒီလိုဆက်လုပ်နေရင် လီဝမ်ယွန်ကမင်းကိုမုန်းသွားလိမ့်မယ်  ဆိုယွန်"
"မုန်းပါစေ  သူ့အနားမှာဘယ်သူမှမရှိတော့ရင်  ကျွန်မကိုသူမြင်လာပါလိမ့်မယ်"
"ကောင်းပြီ  ငါ့ညီမလေးဆန္ဒအတိုင်းဖြစ်စေရမယ်  စိတ်မပူန့ဲ"
"အ့ဲတာကြောင့်အားကိုးနေရတာအကိုတော်ကအကောင်းဆုံးဘဲ"
"လိုချင်တာရရင်ရုပ်ကတစ်မျိုး""
...

ချစ်သောအရှင်Season(1)CompletedTempat cerita menjadi hidup. Temukan sekarang