Part{33}

4.4K 425 4
                                    


ရှောင်ချင်ထိုလူခေါ်ရာနောက်လိုက်လာခ့ဲသည်။
ကျွန်တော်အရှင့်ကိုယုံတယ်  သေချာပေါက်
လာကယ်ပေးမယ်မို့လားဟင်။
လက်နှင့်ခြေထောက်တို့ကိုအသီးသီးခတ်ထားသော
သံကြိုးတို့အားအသာမကာဖြည်းဖြည်းလိုက်လာခ့ဲပြီး
ညွှန်ပြရာတဲအတွင်းသို့ဝင်သွားလိုက်သည်။
"ဘယ်လိုလဲ  အချုပ်ခန်းရဲ့အရသာလေး
မင်းမှာလဲမပေါ့မပါးကြီးန့ဲပါလား  လီဝမ်ယွန့်ရှေ့မှာသာ 
မင်းကိုဒီတိုင်းသတ်ပြလိုက်ရင်  ဟား ဟား ဟား ဟား ဟား"
ရှောင်ချင်ဝင်ဝင်ချင်းတွေ့လိုက်ရသည့်ဘုရင်ဆို
သောလူကိုအကဲခတ်လိုက်မိသည်။ဆိုတော့
ဂျန်ဟီဘင်မိဖုရားရဲ့  အဖေပေါ့။
"လက်စားချေချင်တာလား"
"သိပ်ဟုတ်"
လက်ခုပ်တစ်ချက်တီးကာအနားရောက်လာသည်။
"ငါ့သမီးပြိုင်လို့မနိုင်ခ့ဲဘူးဆိုတ့ဲလူကိုမြင်ချင်လို့
မင်းကတော်တော်လှတာဘဲဘယ်လိုလဲ 
မင်းဒီကလေးကိုဖျက်ချ ပြီး ငါ့ကိုယ်လုပ်တော်လုပ်
မလား မင်းအသက်ကိုဒီတိုင်းထားပေးမယ်လေ"
"ကျုပ်အလောင်းကိုဘဲယူလိုက်ပါ ပြီးတော့သတိပေးထားပါမယ်အခုထဲကကျုပ်ကိုတောင်းပန်ထားရင်ခဗျားအသက်ကိုချမ်းသာပေးမယ် ကျုပ်ဘယ်နိုင်ငံကမင်းသားလဲဆိုတာမေ့နေတယ်ထင်ပ့ါ "
"မင်းကမြန်း!!"
"ဂျန်ဟီဘင်ဆိုတ့ဲမိဖုရားကဘာလို့ဒီလောက်ရိုင်းစိုင်း
နေသလဲ မှတ်တယ်ဒီဖအေမျိုးကမွေးလာတ့ဲသမီးကဒီ
အကျင့်စရိုက်ဘဲလာမှာပေါ့ ပြီးတော့ပြောလိုက်မယ်
ခဗျားသမီးဂျန်ဆိုယွန် သူ့ဝဋ်ကြွေးသူဆပ်သွားရတာ
အနောက်နန်းဆောင်ရဲ့မိဖုရားတွေအကုန်လုံး
သူ့လက်ထဲမှာအသက်ပေးခ့ဲရတာကြီးဘဲ
ကျုပ်ကိုလုပ်ကြံတာလဲအခါခါမို့လို့ ခေါင်းဖြတ်သတ်
တယ်ဆိုတာအပေါ့လျော့ဆုံးပြစ်ဒဏ်ဘဲတကယ်ဆို ရင်
အပိုင်းပိုင်းဖြတ်ပြီး  ခွေးကြွေးပြစ်သင့်တာ"
"မင်း!!!!"
ရှောင်ချင်လည်ပင်းကိုအညှစ်ခံလိုက်ရသည်။
"သတ် ရဲ ရင် သတ်  စမ်း  ပါ ! !!"
"ဧကရီရှောင်ချင်ကိုခုအချိန်မထိခိုက်စေဖို့
ကျုပ်တို့မင်းကြီးကအမိန့်ပေးထားပါတယ်"
တဲအပြင်မှရှီလာစစ်သူကြီးကဓားထုတ်ကာ
အသိပေးလာသည်။
"အကျဥ္းခန်းကိုပြန်ကြွပါ  ဧကရီ"
"တောက်!!!"
"မင်းရောလီဝမ်ယွန်ရော  ငါ့လက်န့ဲရအောင်
သတ်ပြစ်မယ် လျိုရှောင်ချင်"
"လိုက်ခ့ဲပါဧကရီ  ကျုပ်ပြန်ခေါ်သွားပေးပါ့မယ်"
နောက်တွင်ကျန်ခ့ဲသောဘုရင်ကိုခပ်စူးစူးတစ်ချက်ကြည့်
လိုက်ပြီးအကျဥ္းခန်းသို့ပြန်လာခ့ဲကြသည်။
ငါ့ကိုဘာလို့မထိခိုက်စေချင်တာလဲ။
ရှေ့မှသွားနေသောစစ်သူကြီး
ဆိုသူအားလှမ်းခေါ်လိုက်မိသည်။
"ဒီ  ဒီမှာ "
"ဟုတ်က့ဲ"
"ခဗျားတို့ဘုရင်ကတကယ်အ့ဲဒီလိုအမိန့်ပေးထားတာလားဟင်"
"တကယ်တော့မင်းကြီးရဲ့အမိန့်မဟုတ်ပါဘူး မိဖုရားခေါင်ကြီးရဲ့အမိန့်ပါ ပြီးတော့မယ်မယ်ကဧကရီကိုဒီစာလေးပါးလိုက်ပါတယ်"
ပန်းရောင်အရှုံ့အိတ်လေးမိမိကိုပေးကာ အကျဥ္းခန်းတံခါးကိုဖွင့်ပေးလေသည်။အထဲသို့ငုံ့ကာဝင်မိတော့စိုးရိမ်နေသည့်မိမိတို့ဂိုဂူလျောတပ်သားအချို့ကလာတွဲလေသည်။
"ဧကရီလေး  ဟိုဘုရင်ကဘာလုပ်လိုက်သေးလဲ "
ရှောင်ချင်ပြုံးပြလိုက်ကာခေါင်းအသာခါမိသည်။
"ဘာမှမဖြစ်ပါဘူး  စိတ်မပူကြပါန့ဲ"
နောက်ကျောမှဓားဒဏ်ရာကဆစ်ခနဲနာလာသည်။
"ဧကရီလေး လာပါကျွန်မကောက်ရိုးတွေန့ဲအခင်းလုပ်ထားပါတယ်"
တပ်သားများကထိုနေရာထိတွဲခေါ်ကြသည်မို့ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။ခုရက်အတွင်းခါးကိုက်နေသည်ကအခေါက်ရေစိပ်လာသည်မို့မွေးဖို့အချိန်နီးလာပြီမှန်းသူသိလိုက်သည်။ရှီလာမိဖုရားခေါင်ပေးလိုက်သည့်စာကိုဖွင့်ဖတ်မိတော့
"အရင်ဆုံးအသင့်ကိုကျွန်မတောင်းပန်ချင်ပါတယ်အရှင်မင်းကြီးကိုဒီစစ်ပွဲမစဖို့ပြောပေမ့ဲယန်န့ဲဘတ်ဂျေကမဟာမိတ်ဖွဲ့ပြီးလောဘဖုံးအောင်လုပ်သွားတာမို့အသင်တို့တိုင်းပြည်ကိုသက်သက်မ့ဲဖျက်စီးသလိုဖြစ်သွားပါတယ်။ကျွန်မကြားရသလောက်အသင့်မှာလဲကိုယ်လေးလက်ဝန်ကြီးန့ဲမို့အင်မတန်ခက်ခဲမယ်မှန်းကိုယ်ချင်းစာမိပါတယ်။မျက်နှာပြောင်တိုက်ပြီးတောင်းဆိုချင်မိတာတစ်ခုရှိပါတယ်။အကယ်၍ရှီလာကကျရှုံးသွားခ့ဲရင်ကျွန်မရဲ့ရင်သွေးလေးကိုအသင့်လက်ထဲအပ်ထားခ့ဲချင်ပါတယ် ဧကရီ။ရှီလာစစ်အောင်နိုင်ခ့ဲရင်လည်းအသင်န့ဲအသင့်ရဲ့ရင်သွေးအတွက်ကျွန်မအလုံးစုံတာဝန်ယူပါတယ် အခုဒီစာပါးလိုက်တ့ဲစစ်သူကြီးဟာအသင့်ကိုစောက်ရှောက်ဖို့ကျွန်မတာဝန်ပေးထားတ့ဲသူဖြစ်ပါတယ် ဧကရီ။ရှေ့မျက်နှာနောက်ထားပြီးတော့ဘဲဒီတောင်းဆိုချက်ကိုလိုက်လျောပေးဖို့တောင်းပန်ပါရစေရှင်။"
စောင့်ရှောက်ပေးရမည်တ့ဲလား။အပြင်မှအစောင့်တွေကိုနှင်ထုတ်ကာအချုပ်ခန်းကိုသူကိုယ်တိုင်ကင်းစောင့်
နေသည့်စစ်သူကြီးအားကြည့်မိတော့သူ့ကိုအရိုအသေပေးလာသည်မို့ခေါင်းအသာညိမ့်ကာပြန်လည်အရိုအသေပြုမိသည်။အရှင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ခုချိန်စစ်ပွဲထဲမှာအသက်လုနေရမည့်မိမိလင်ယောကျာ်းကြီးအားတမ်းတမိသည်။ကလေးကလှုပ်လာသည်မို့မျက်မှောင့်အသာကျုံ့ကာထိန်းကိုင်လိုက်ရသည်။
"အ့"
"ဧကရီလေး အဆင်ပြေရဲ့လား"
"ကိုယ်လေးလက်ဝန်ကြီးန့ဲ ကွယ်"
အဖွားအိုတစ်ယောက်ကဂရုနာသက်ဖွယ်ပြောပြီးနောက်ဘေးသို့ရွေ့လာကာမိမိဗိုက်အားစူးစူးနင့်နင့်
စိုက်ကြည့်နေလေသည်။
"ငါပြောပါတယ်  ဒီအကောင်ငါ့အကူအညီလိုမှာပါလို့ ဟ့ဲအထဲကနဂါးငြိမ်ငြိမ်နေစမ်း"
သူမပြောလိုက်ပြီးမှပိုလှုပ်လာသည်မို့အံတင်းတင်းကြိတ်ထားမိသည်။
"ဟား ဟား  မင်းကလေဘယ်ဘဝရောက်ရောက်
အကျင့်ကတစ်ပုံစံထဲဘဲ  ကဲကဲ ငါမပြောတော့ဘူး ငြိမ်တော့မင်းကို လွယ်ထားရတ့ဲဖအေကိုတော့အားနာဦးဟုတ်ပြီလား "
ထိုအခါမှငြိမ်ကျသွားသောကြောင့်ရှောင်ချင်အ့ံသြောသွားသည်။ဒီအဘွားအိုကဘယ်သူများလဲ။
"ဒီအတိုင်းလေးဘဲငြိမ်နေပေးပါဧကရီ မွေးဖွားဖို့အတွက်ကူညီပေးမှာမို့မကြောက်ပါန့ဲ"
ထိုင်ရက်သားမိမိကိုသည်အတိုင်းနေခိုင်းကာစတင်ရွတ်ဖတ်လေတော့သည်။
တကယ်ဘဲခဗျားကဘယ်သူများလဲ။
ထိုအချိန်ရုတ်တရတ်လျှပ်စီးမျာ:တစ်ဖျပ်ဖျပ်လက်လာပြီးနောက်မိုးအဆမတန်ရွာသွန်းလာလေသည်။
"အုန်းးးးး!"
ပြစ်ချလိုက်သောမိုးကြိုးကြောင့်သူတို့အချုပ်စခန်းလေးမှာလဲသိမ့်ခနဲ။
"ရိက္ခာခန်းမီးစွဲသွားပြီဟေ့!!!"
ရှိသမျှတပ်သားအားလုံးမီးကိုအပြေးအလွှားငြိမ်းသတ်နေကြသည်။
"ဟန်ကျချက်ဘဲ  ရိက္ခာခန်းမီးလောင်ပြီးအစာရေစာပြတ်လတ်ပြီးရှီလာခွေးတွေအားနည်းသွားပြီဆိုရင်စစ်တပ်န့ဲအခန့်သားလာသိမ်းလိုက်ရုံဘဲ"
အကျဥ္းခန်းအတွင်းမှတပ်သားအချို့ကအားရဝမ်းသာပြောနေကြစဥ္အဖွားအိုလက်အတွင်းမှရုတ်တရတ်ထတောက်လာသည့်မီးတောက်အပြာရောင်လေးအားမည်သူမျှသတိမထားမိလိုက်ကြပေ။

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now