Part(20)

30.9K 1.4K 23
                                    


ေနခြည်နွေးနွေးနှင့်
နွေးထွေးသောလက်အစုံ၏ထွေးပွေ့ထားမှုကြောင့်
အားချင်မနိုးထချင်သော်လည်းမျက်လုံးအစုံဖွင့်ကြည့်
လိုက်မိသည်။ ပထမဆုံးအမြင်အာရုံကိုထိုးဖောက်ဝင်
ရောက်လာသည်ကနူးညံ့နွေးထွေးသောအရှင့်မျက်နှာတော်။
အစိတ်အပိုင်းတစ်ခုချင်းစီလက်ချောင်းထိပ်လေးများ
နှင့်လိုက်လံထိတွေ့နေမိသည်။ အပြုံးနုနုကိုမျက်နှာ
တွင်ချိတ်ဆွဲလျှက်။ ဖြတ်ခနဲဆိုသလိုလိုက်လံထိတွေ့
နေသောလက်ကလေးအချုပ်နှောင်ခံလိုက်ရလေသည်။
" အိပ်နေတာကိုလာလာအသားယူ
နေတယ်နော်"
"အ့ဲတာဆိုလဲမယူတော့ဘူး"
အားချင်နှ​ုတ်ခမ်းလေးဆူကာတစ်ဖက်သို့လှည့်လိုက်မိ
သည်။
ဝမ်ယွန်ကျောပြင်သေးသေးလေးအားထွေး
ဖက်ကာ
"ဘယ်သူကပြောလဲ​ မယူန့ဲလို့၊... ဟင်"
လစ်လပ်နေသောအားချင်လည်တိုင်လေးနှင့်
ပုခုံးသားတို့အားနမ်းရှိုက်ကာကျီဆယ်နေမိသည်။
" ခိခိ ယားတယ်​လွှတ်ဦး"
"ထတော့​ ညီလာခံရှိတယ်မလား"
"မျက်နှာသစ်ပေး"
"အင်း​ သစ်ပေးမယ်"
အားချင်အရှင့်အားမျက်နှာသစ်သန့်စင်ပေး
ပြီးနောက်နဂါးဝတ်ရုံတော်အားကျကျနနဆင်မြန်း
ပေးနေမိသည်။
"အရှင်​ ကလေ​နဂါးဝတ်ရုံတော်န့ဲ
ကြည့်ကောင်းတယ်"
"ဘာမှဝတ်မထားရင်​ ပိုတောင်ကြည့်ကောင်းသေး
တယ်​ကြည့်မလား"
"အရှင်!!!"
ခပ်စူးစူးအော်သံလေးနန်းဆောင်တော်တွင်းပြန့်နှံ့
သွားလေသည်။
"ဟား​ ဟား​ ဟား​ ဟား​ ဟား​
ကို့ဧကရီလေးရှက်သွားတာလား
မှန်းပြစမ်း​ ကြည့်ချင်လို့ရှက်နေတာလေး"
" အရှင်နော်​ တော်တော​့"
"ကိုယ်က​ချစ်လို့စတာပါကွာ​မျက်နှာလေးနီရဲနေတာဘဲချစ်လိုက်တာ"
ပြွတ်.....
အားချင်နဖူးသို့ကျရောက်လာသောအနမ်း
နွေးနွေးအားခံယူကာပြောလိုက်သည်။
"အားချင်လေ​ အရှင့်ကိုခွင့်တောင်းစရာရှိတယ်"
" ဟုတ်ပါပြီ​  ဘာများလဲ"
" ဟို​  ဟို​   အ့ဲတာ​ အားချင်လေ"
" အင်း"
" နန်းပြင်ခနလောက်ထွက်ချင်လို့"
" ဟင်​  နန်းပြင်ကို​ မရပါဘူး​ လုပ်ကြံ
ရေးသမားတွေကိုမိသေးတာမဟုတ်ဘူး
လေ​ မရဘူး​ ကိုယ်တော်ခွင့်မပြုဘူး"
"အရှင်ကလဲ​ နေ့ဝက်ကလေးလောက်ဘဲ
ထွက်မှာ​ ပြီးတော့လေ​ မြို့ထဲမှာ​ မွန်ဂိုနိုင်ငံ
ကတူရိယာပစ္စည်းတွေရောက်တယ်လို့ကြား
လို့ပါ​ ကုန်သည်တွေလာတုန်းဘဲရတာမို့လို့
ပါနော်​  နော်အရှင်​ ပြီးတော့အကိုယိ့ဖန်ကို
ခေါ်သွားမှာပါ​ တစ်ခါလောက်ပါ​ နော်​ နော်လို့"
ကြောင်ပေါက်လေးသဖွယ်မေးစေ့အားတိုးဝေ့
ကာခွင့်တောင်းနေသောကလေးလေးအား
ဝမ်ယွန်တစ်ချက်ကြည့်လိုက်သည်။
မျက်လုံးလေးများကမျှော်​လင့်ချက်ရောင်ခြည်လေး
များလက်နေသည်။ သို့သော်ငွေလရောင်ဂိုဏ်းက
သူတွေကိုခြေရာမခံနိုင်သေး။ ဖြစ်ပါ့မလား....
"  နော်... အရှင်​တစ်ခါလောက်လေး"
လက်ညိုးလေးထောင်ကာပူဆာနေသော
ချစ်ရသူ။
"ဂျုံရှစ်ပါထည့်ပေးလိုက်မယ်​ ဝေါယာဉ်န့ဲသွား
ကိုယ်ရံတော်တွေပါထည့်ပေးလိုက်မယ်"
"ဟင်​  အ့ဲတာကျဘယ်လိုလုပ်လွတ်လပ်မှာလဲ
နန်းတော်ကြီးထဲပိတ်လှောင်နေရတာ
ပျင်းလို့ပါဆိုမှ​  အ့ဲကိုယ်ရံတော်တွေတကားကားန့ဲ
ဘယ်လိုသွားရမှာလဲ"
"ကဲပါ​  အားချင်ရယ်ကိုယ့်အချစ်ဆုံးကိုထိခိုက်မိ
မှာဆိုးလို့ပါကွာ​  အ့ဲတာဆိုလဲဂျုံရှစ်တော့ခေါ်သွားနော်
ကိုကစိတ်မချလို့"
ကိုယ်ရံတော်တွေကတော့လျှို့ဝှက်ပြီးလိုက်ပေါ့
စိတ်မချနိုင်ပေါင်။
" ဟီး​ ..... အ့ဲတာကြောင့်ချစ်တာ​"
" ဒါပေမ့ဲနော်​  နေမဝင်ခင်ပြန်လာရမယ်
ကြားလား"
" ဟုတ်"
္တဝမ်ယွန်ပြုံးဖြီးနေသောချစ်ရသူလေးအား
တစ်ချက်နမ်းလိုက်ကာညီလာခံသို့ဦးတည်လိုက်
သည်။----------

ချစ်သောအရှင်Season(1)CompletedTempat cerita menjadi hidup. Temukan sekarang