Part{26}

23.7K 1.2K 31
                                    


ငိုရင်းန့ဲအားနည်းကာအိပ်ပျော်သွားသော
အားချင်လေးအားကုတင်ထက်
တွင်အသာအယာချပေးလိုက်
ရင်းဂျုံရှစ်ကိုခေါ်လိုက်သည်။
"အပျိုတော်တွေအကုန်စုလိုက်
ခုချက်ချင်း"
"မှန်လှပါ​ ချက်ချင်းလုပ်ဆောင်ပါ့မယ်"
ဝမ်ယွန့်ရင်ထဲမှာလဲမီးလိုပူနေပြီ။
ကလေးဆုံးရှုံးရတာရောအားချင်
ကိုစိတ်ပူရတာရောပေါင်းပြီး
သောကမီးရင်ဝအထိတက်နေလေချေ ပြီ။
ဖြစ်တည်လာသောဒေါသအပူမီးတို့
ကိုလုပ်ကြံသူ၏ သွေးတို့ဖြင့်ဆေး
ကြော ပြစ်ရန်သာစိတ်စောနေမိသည်။
" နန်းတွင်း​စစ်ဆေးရေးမှူးကို
ဆင့်ခေါ်လိိုက်​ အထိန်းတော်ကြီး
တော်ဝင်မြေအောက်စစ်ဆေးခန်း
ကို​ ခေါ်လိုက်"
"ဟုတ်က့ဲ"
ထိုခန၌ပတ်ဝန်းကျင်တစ်ဝိုက်
အေးစက်သွားသောလေထုအား
မလွဲဧကန်ခံစားရလိုက်ပေမည်။
တဖြည်းဖြည်းနိမ့်ဆင်းလာသော
အဆောက်အဦးအတွင်း
ဝမ်ယွန်သွေးအေးစွာဝင်လိုက်
သည်။
" အကုန်စုပြီးပါပြီအရှင်
ဧကရီအဆောင်မှာရှိသမျှ
အပျိုတော်တွေပါ"
"အကုန်ကြိုးတုပ်လိုက်"
"ဟုတ်"
ဝမ်ယွန်စစ်မေးသည့်နေရာ
၌ထိုင်ကာစစ်ဆေးရေးမှူးကဘေးက
ရပ်နေရလေသည်။
စတင်စစ်မေးသည့်အချိန်၌ပင်
လက်ချောင်းတွေအားပူးချည်ကာ
ညှပ်ခိုင်းလိုက်လေ၏။
ခဏတွင်းချင်းတစ်ခန်းလုံးဆူညံ
သံများပေါ်ထွက်လာကာ
"မသေချင်ရင် ကိုယ်သိတ့ဲအရာကိုပြော  မဟုတ်လို့ကတော့ဒီထဲကနေတစ်ယောက်မှအသက်ရှင်လျှက်ပြန်ထွက်နိုင်မယ်မထင်န့ဲ!!!"
မီးအပူန့ဲပါကပ်ခိုင်းလိုက်တော့
"မင်း​ မင်းကြီး​ ကျွန်မတို့မလုပ်ပါ
ဘူး​ မင်းကြီး​ မြင်​ မြင်လိုက်ပါတယ်"
အပျိုတော်တစ်ယောက်ကကြောက်
အားလန့်အားဖြင့်ထပြောလေသည်။
ဝမ်ယွန်အသာပြုံးလိုက်၏။
မိန်းမဆိုတာဒါပါဘဲပျော့ည့ံပြီး
အမြဲကြောက်လန့်တတ်ကြတာ။
"လျှောက်တင်စမ်း​ !!!"
ထိုအပျိုတော်မှာအထစ်ထစ်အငေါ့ငေါ့ဖြင့်
" အ​ အပျိုတော်​ ချင်းစူးပါ​ "
လက်ညိုးထိုးကာအော်ပြောလိုက်
သော်လဲတစ်ချက်မှမလှုပ်သည့်လူက
ဝမ်ယွန်။
သူ့ဆီကိုအားချင်သတင်းတွေအမြဲပို့
နေသည့်အပျိုတော်။ အားချင်အား
အထားရဆုံးနှစ်ယောက်ထဲကတစ်ယောက်။
သူယုံကြည်ရတ့ဲချင်းစူး။
" ချောက်တွန်းခံရတာပါ​ မင်းကြီး
စူးစူးအပြစ်ကင်းစင်ပါတယ်
စူးစူးမလုပ်ရပါဘူး"
သေစမ်းဒီမိန်းမဘယ်လိုမြင်သွားတာလဲ။
ငါလုပ်တုန်းကဘယ်သူမှမရှိပါဘူး။
မဖြစ်ဘူးဒီဘုရင်ယုံအောင်ပြောရ
မယ်။ မျက်လုံးတွင်းမှမျက်ရည်များ
ဖွ့ဲသီလာကာ
"မင်းကြီး​ ဧကရီလေးက
ကျွန်မကျေးဇူးရှင်ပါ​ ကျွန်မ
အသက်ရောမိသားစုကိုရော
ကယ်တင်ခ့ဲတာပါ​ စူးစူး
ကိုလဲအယုံကြည်ဆုံးအပျိုတော်
အဖြစ်သတ်မှတ်ထားတာ
စူးစူးကျိန်ရဲပါတယ်​ ဧကရီကို
သေရင်တောင်မလုပ်ကြံဝ့ံပါဘူး
မင်းကြီး​ စဉ်းစားပေးတော်မူပါ"
အလုပ်ဖြစ်တယ်သူတုံ့ဆိုင်းနေပြီ။
ဆက်ဟန်ဆောင်ရမယ်။ အရှင်ကငါ့
ကိုလာကယ်မယ်ပြောထားတယ်။
ဒါပြီးရင်အရှင်န့ဲဘဝသစ်ထူထောင်ကြ
မယ်တ့ဲ။ ချင်းစူးစိတ်ထဲတွင်မတော့
အပျော်ကြီးပျော်နေလေသည်။
" အချုပ်ခန်းထဲပို့လိုက် "
ထွက်ပေါ်လာသောအမိန့်သံန့ဲ
အတူချင်းစူးအ့ံအားသင့်
သွားသည်။
"ချောက်တွန်းခံရတာပါမင်းကြီး
မင်းကြီးးးးးး"
"မင်းစိတ်ထဲကအပျော်ကိုမျက်နှာမှာထုတ်မပြတတ်အောင်အရင်လေ့ကျင့်လိုက်ချင်းစူး  ငါအ့ဲလောက်မပိန်းသေးဘူး မင်းန့ဲစစ်သူကြီးကြိုက်နေတ့ဲကိစ္စကိုငါအကုန်သိတယ် မင်းနောက်ကွယ်ကလူကိုလဲသိတယ် သေဖို့စောင့်နေလိုက်တော့!!"
အစောင့်နှစ်ယောက်ကြားညှပ်ပါ
သွားသည့့်ချင်းစူးအားတစ်ချက်
ကြည့်ကာ
"ဧကရီအဆောင်ကအပျိုတော်
တွေအကုန်နယ်နှင်ဒဏ်ပေးလိုက်"
နောက်မှထွက်ပေါ်လာသော
တောင်းပန်သံ။ ငိုကြွေးသံတို့အား
လျစ်လျူရှုကာအားချင်ရှိရာအဆောင်
သို့ပြန်လာရန်အထရုတ်တရတ်ဝမ်ယွန်
ယိုင်သွားလေသည်။
" မင်းကြီး"
" အရှင်"
အသာလက်ကာပြလိုက်ကာ
အသက်တစ်ချက်ရှူထုတ်လိုက်
သည်။ ယိုင်န့ဲန့ဲလျှောက်လှမ်း
သွားသောဝမ်ယွန့်အားစစ်ဆေး
ရေးမှူးနှင့်ဂျုံရှစ်စိတ်မကောင်းကြီး
စွာကြည့်မိသည်။
"တစ်ခါမှမမြင်ဖူးဘူး​ အရှင့်ရဲ့ဒီလို
ပုံစံကို"
"နန်းဦးလေစစ်ဆေးရေးမှူးရယ်
ကျွန်တော်တို့တောင်ရင်ထဲချိလို့
လား​ အရှင်သာဆို"
ဂျုံရှစ်စကားတို့ပျောက်ရှသွားရလေပြီ။
ဘယ်ကံကြမ္မာဆိုးတွေပါလိမ့်.....
ဝမ်ယွန်အဆောင်တံခါးအား
ဖြည်းညှင်းစွာဖွင့်ရင်း
ကုတင်ပေါ်၌ဖျော့တော့စွာအိပ်ပျော်
နေသောခန္ဓာကိုယ်လေးအား
ငြင်သာစွာထွေးပွေ့မိလိုက်သည်။
ကိုယ်တော်အ ပြစ်ရှိသလိုခံစားနေရ
တယ်။ ကိုယ်တော့်အပြစ်တွေ။
ကိုယ်တော်သာသူ့ကိုမခန့ဲခ့ဲရင်။
သွားတွေ့ပြီးအထိနာစရာတွေမပြော
ခ့ဲရင်ကိုယ်တို့ရဲ့ကလေးလေးအခုလို။
ဘယ်ဘက်ရင်အုံမှနင့်လာသော
ခံစားချက်တို့ကမျက်ရည်အဖြစ်
ပြောင်းလဲလာချေ ပြီ။
"ကိုယ်တော်တောင်းပန်ပါတယ်"
ထိုစဉ်အားချင်ကကျောပြင်အား
အသာပြန်၍ ထွေးပွေ့လာ ခ့ဲ၏။
နဖူးချင်းအပ်၍ နှစ်ယောက်လုံး
ပူဆွေးဝမ်းနည်းစွာငိုကြွေးမိကြလေ
သည်။
...
....
.......
........
ဂျုံရှစ်မှောင်နေသော်လည်း
ကျင့်သားရနေသောမျက်လုံး
ကြောင့်နန်းတော်အနောက်ဖက်
ရေကန်အစပ်၌တစ်ယောက်
ထဲထိုင်နေမိသည်။
" ဝှစ်"
အလွန်လျှင်မြန်သောကြောင့်
ရှောင်တိမ်းချိန်ပင်မရလိုက်သော
ဓားမြှောင်လေးကဆံထုံးအား
ဖြတ်ကာဘေးရှိသစ်ပင်အား
သွားစိုက်လေသည်။
ဒီလောက်မှောင်နေတာတောင်
လုပ်ကြံသူများလား။ ဘေးရှိလက်
ဆွဲတော်ပုလွေအားကိုင်လျှက်ထလိုက်သည်။
"ဘယ်သူလဲ"
ယခုဂျုံရှစ်၏ဆံနွယ်တို့မှာပြေကျလျှက်
လေနှင်ရာယိမ်းနွဲ့နေကြသည်။
"ထွက်လာခ့ဲ​ ခိုးတိုက်တာ
ရှက်စရာမကောင်းဘူးလား
ရဲရဲဝ့ံဝ့ံ"
စကားပင်မဆုံးလိုက်ခါးမှဆွဲပွေ့
ယူခြင်းခံလိုက်ရသောကြောင့်
အသက်ရှူပင်ရပ်မတက်။
သို့သော်ရင်းနှီးနေသော
ကိုယ်သင်းရန့ံနှင့်ရင်ခွင်ကျယ်
တို့အထိအတွေ့ကြောင့်စိတ်ပူခြငး်
များပြေလျော့သွားရလေသည်။
"လူကြီး​ လန့်သွားတာဘဲ
ဓားမြှောင်ကြီးန့ဲ​ လွဲပြီးခေါင်းလာ
စိုက်ရင်ဘလိုလုပ်မလဲ"
"ပေါက်စကလဲ​ ကိုယ်က
မင်းကိုထိခိုက်အောင်လုပ်ပါ့
မလား​ အ့ဲလိုလုပ်မ့ဲအစား
ကိုယ့်လက်သာကိုယ်ပြန်လှီးပြစ်
လိုက်မယ်မခံစားနိုင်လို့"
အမှန်တော့ဒီနေ့နန်းတော်အတွင်းဖြစ်ပျက်
သွားသောအရာတို့ကြောင့်သူလေး
စိတ်ညစ်နေမည်စိုး၍ ယိ့ဖန်ဤ
သို့ကျီစယ်လိုက်ခြင်းသာ။
" လူကြီး​"
" ဟင်"
သစ်ပင်ခြေရင်းတွင်အတူထိုင်ကာ
လူကြီးရင်ခွင်ကျယ်ထဲခေါင်း
တိုးဝင်မိ၏။
" ဟာ​ ကလေး​ ဘာလို့ငိုရတာလဲ
ကွာကိုယ့်ကို​ ရင်ပူအောင်
မငိုန့ဲတိတ်"
"အရှင်တို့လေအရမ်းသနားဖို့ကောင်း
တာဘဲ​ နန်းဦးမို့လို့အားလုံးဝိုင်းပြီး
မျှော်လင့်ထားကြတာ​ အခု
အခုလိုကြီး​ အင့်
ပြီးတော့လေအ့ဲဖမ်းမိတ့ဲအပျို
တော်ကလဲနောက်မှာကြိုးကိုင်န့ဲလူ
ရှိမှာဘဲ​ သိတာန့ဲအသေသတ်ပြစ်
သင့်တယ်"
" ဟူးးးးးးးး"
" လူကြီး"
" ဟင်"
" ဘာလို့သက်ပြင်းတွေချနေရတာလဲ"
" ကိုယ်လဲစိတ်မကောင်းဘူးအားချင်
လေးအ့ဲလို​ဖြစ်သွား​တော့​ ဒါပေမ့ဲအ့ဲ
တာထက်ပိုစိတ်မကောင်းဖြစ်တာ
တစ်ခုရှိတယ်"
" ဘာများလဲ"
ယိ့ဖန်သူလေးမျက်ရည်တွေကို
သုတ်ပေးလိုက်ကာ
" ဒီနေ့ဘာနေ့လဲ"
" လကွယ်နေ့လေ"
ယိ့ဖန်အတည်စိတ်မကောင်း
ဖြစ်သွားမိသည်။
တကယ်တော့သည်နေ့သည်
သူတို့နှစ်ယောက်စတင်ချစ်ကြိုက်
ခ့ဲသည့်ရက်တစ်ရာပြည့်နေ့ပင်။
" ရက်တစ်ရာ"
" ဟင်"
" ကိုယ်တို့နှစ်ယောက်ရဲ့ရက်တစ်ရာ
ပြည့်နေ့လေ​ ကလေး"
သွားပြီ။ ဂျုံရှစ်ဘာမှမပြောနိုင်တော့။
တကယ်မမှတ်မိလိုက်ခြင်း။
" ထားပါ​ ပေါက်စစိတ်များနေလို့
ဖြစ်မှာပါ​ ပြန်တော့အေးနေပြီ"
ထိုင်နေရာမှထကာ​ တစ်ချက်မှာပြီး
ထွက်သွားလေသည်။
ဂျုံရှစ်အမြန်ပြေးလိုက်သွားကာ
လူကြီးနောက်ကျောအားအသေ
ဖက်ထားမိလိုက်သည်။
" စိတ်ဆိုးသွားတယ်မလား
တောင်းပန်ပါတယ်တကယ်မမှတ်မိလိုက်ဘူး"
"မဆိုးပါဘူးပေါက်စရယ်​ အေးနေပြီ
ပြန်တော့ကွာ"
ပြောရင်းလက်ကိုဖြည်ချနေသော
ကြောင့်ဂျုံရှစ်တင်းတင်းပြန်ဖက်
မိကာ
"မကြိုက်ဘူးအ့ဲလိုကြီး​ စိတ်ဆိုးရင်
လဲဆိုးတယ်ပြော​ မျိုသိပ်ထားတာ
ဂျုံရှစ်မကြိုက်ဘူး"
ခေတ္တခဏတိတ်ဆိတ်သွားသော
ပတ်ဝန်းကျင်နှင့်အတူအေးစက်
စက်လေများဖြတ်သန်းလာလေ
သည်။
" အေး​ မကျေနပ်ဘူး​ ငါ့မှာတော့
မင်းကိုချစ်လိုက်ရတာ​ မင်းန့ဲစချစ်
မိကတည်းကနေ့တွေကိုအရူးလို
ရေတွက်လာခ့ဲတာ​ အခုအားချင်
သွေးသားဆုံးရတယ်​ ငါလဲစိတ်မကောင်း
ပါဘူး​ ဒါပေမ့ဲဒီနေ့လေးကိုမမေ့ဘူးကွ!!
မင်းကရောတစ်ချက်လေးတောင်သတိ
ရခ့ဲလို့လား"
"လူကြီး"
"ငါအရူးတစ်ယောက်လိုဘဲ
နောက်ဆုံးမင်းစိတ်ထဲမှာရှိတ့ဲ
အရာကငါတို့နှစ်ယောက်အကြောင်း
မဟုတ်ခ့ဲဘူး​ မင်းကအမြဲတာဝန်ကို
ဦးစားပေးတယ်​ ငါ့ဆိုအမြဲ.....
အမြဲ​ လျစ်လျူရှုထားခ့ဲတာ
ငါသိတယ်​ သိပေမ့ဲချစ်တယ်ကွ!!!"
မျက်ဝန်းထောင့်များအနီရောင်
သန်းလျှက်အော်ပြောနေသော
ယိ့ဖန်အားကြည့်ကာ
ဂျုံရှစ်နောင်တရမိလာသည်။
လူကြီးရင်ခွင်ထဲဝင်လိုက်ကာ
" အ့ဲလိုဖြစ်စေခ့ဲရင်တောင်းပန်ပါ
တယ်​ လူကြီး​ ဂျုံရှစ်ကဘုရင့်
ကိုယ်ရံတော်လေ​ လုပ်ကြံရေးသမား
ကိစ္စရော​ ခုကိစ္စပါလုပ်နေရလို့
ဂရုမစိုက်သလိုဖြစ်သွားတာပါ"
လူကြီးရင်ဘတ်၌ဒေါသလှိုင်း
တို့ကြောင့်နှလုံးတို့ခုန်ပေါက်ကာ
နိမ့်ချည်မြင့်ချည်ဖြစ်နေလေ၏။
ခပ်တင်းတင်းတိုးဖက်လိုက်ကာ
" တောင်းပန်ပါတယ် ကျွန်တော်လဲ လူကြီးကိုချစ်ပါတယ်"
စကားဆုံးသည်နှင့်လူကြီး၏နှုတ်ခမ်း
လွှာတို့အားဖိကပ်နမ်းရိူက်မိသည်။
အချိန်အတန်ကြာသည်အထိတုံ့ပြန်
မလာသောကြောင့်ဂျုံရှစ်မျက်ရည်များ
ကျလာသည်။ ဟင့်အင်းလူကြီးက
သူ့ကိုနမ်းရင်သိပ်ပျော်တာ။
တောင်းပန်ပါတယ်။
ယိ့ဖန်မိမိရှေ့မှကိုယ်လုံးလေးအား
သိမ်းကာအနမ်းမိုးရွာချင်ပေမ့ဲ
ခွှင့်မလွှတ်ချင်သေးသောကြောင့်
တင်းထားမိသည်။ သို့သော်ထိုကလေး
မျက်ရည်ကျလာချိန်မှာတော့ဘာကိုမျှ
သည်းမခံနိုင်တော့ဘဲခါးသိမ်သိမ်လေးအား
ပွေ့လျှက်နီးရာသစ်ပင်ကိုဆွဲကပ်လိုက်မိ
သည်။
"ဒါလေး​ ဆူတာငိုစရာလား"
"ဟင့်​ လူကြီးကပြန်မှ​ မနမ်းတာ"
ငိုနေသောကြောင့်နှာခေါင်းလေး
များရဲနေလျှက်ပါးမို့မို့လေးများ
မို့ကာပန်းရောင်သွေးနေလေသည်။
မျက်ရည်ခနေသောမျက်ဝန်းအစုံ
အားအနမ်းပွင့်ခြွေလိုက်မိတော့
မျက်လုံးလေးပြူးကာပြန်ကြည့်
လာသောကလေးလေး။
လည်ဂုတ်လေးအားအသာထိန်းကိုင်
လျှက်အနမ်းရှည်တို့အားပုံဖော်လာတော့
မျက်စိစုံမှိတ်လျှက်လူကြီးပုခုံး
အားသိုင်းဖက်ကာခေါ်ဆောင်ရာ
နောက်အသင့်လိုက်ပါလာခ့ဲသည်။

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now