Part{29}

23.7K 1.5K 91
                                    

ညီလာခံအတွင်း၌အေးစက်စက်လေထု
ကကြီးဆိုးထားလေ၏။
ချင်ဘက်ကအမတ်ကြီးများမှာတော့
လက်စားချေရန်အားခဲနေသည့်မျက်နှာထားနှင့်
ယန်ဘက်မှအမတ်ကြီးများမှာတော့သူတို့
မင်းသမီးလုပ်လိုက်သောကိစ္စကြောင့်
တံတွေးပင်မျိုမချရဲကြ။
အားချင်ကိုအဆောင်တွင်း၌ပင်အနား
ယူခိုင်းထားလိုက်ကာကျန်မိဖုရားနှင့်
မင်းသမီးများအလုံးစုံခေါ်သွင်းထားလိုက်
သည်။
"အပြစ်သားကိုသွင်းလာခ့ဲ"
ဝမ်ယွန်အမိန့်သံအဆုံး
တစ်ကိုယ်လုံးသံကြိုးများပြည့်
နှက်စွာချည်နှောင်ခြင်းခံထားရ
သောမိန်းမပျိုတစ်ဦးအားကြမ်းတမ်းစွာ
ဆွဲခေါ်လာခြင်းကိုရှုစားလိုက်ကြရလေသည်။
ထိုခဏ၌မိဖုရားဟီဘင်၏ မျက်နှာမှာပုပ်သိုး
သွားရကာချက်ချင်းထသတ်တော့မည့်အကြည့်
တို့ပို့လွှတ်နေသည်ကို​  အတိုင်းသားမြင်နေရသည်။
"အပြစ်ကိုဝန်ခံတယ်မလား"
"ဟုတ်က့ဲ"
ငိုသံနှော၍ ဖြေကြားလာသောသူမအား
အနည်းငယ်စွပေးရန်အလို့ငှာ
"ဘယ်သူခိုင်းတာလဲ"
"မရှိပါဘူး​  ကျွန်မတစ်ယောက်ထဲ
လုပ်တာပါ​  ဘယ်သူမှမခိုင်းပါဘူး"
စစ်သူကြီးမျက်ခုံးတို့မြင့်တက်သွား
လေ၏။ ကျွတ်​  ကျွတ်​  ငါပြုစားတာ
တော်တော်လွန်သွားတာဘဲ
စိတ်မကောင်းလိုက်တာ။
" ဟုတ်ပြီ​  တကယ်ဆိုရင်မိဖုရား
တစ်ပါးကိုအဆိပ်ခတ်ပြီးသွေးသားကို
ဖျက်စီးတ့ဲအပစ်ဒဏ်က​  ကိုယ်ခန္ဓာ
အပိုင်းပိုင်းဖျက်ပြီးအစီအရင်န့ဲပြန်
မဝင်စားနိုင်အောင်ထိန်းချုပ်ထားခြင်း
ဘဲ​  ဒါပေမ့ဲအခု​ ငါကိုယ်တော်န့ဲဧကရီရဲ့
သွေးသားဟာဟာဘုန်းတန်ခိုးထက်မြတ်တ့ဲ
အတွက်​ကြောင့်မပျက်စီးဘဲဆက်လက်
တည်နေခ့ဲပြီ။ငါကိုယ်တော်​ စိတ်ကြည်လင်
နေတ့ဲအတွက်ဂိုဂူလျောနန်းတော်ရဲ့
ဘုံလိင်ကျွန်အဖြစ်သတ်မှတ်ခြင်းခံရမယ်။"
ချင်းစူးမျက်ဆံတို့ခလောက်ဆန်သွားရလေပြီ။
နန်းတော်၏ လိင်ကျွန်ဆိုလျှင်ယောကျာ်း
ပေါင်းစုံနှင့်။ သူမဆက်ပင်မတွေးရဲတော့
" သတ်ပေးပါအရှင်​  ကျေးဇူးပြုပြီးအဆုံးစီရင်ပေးပါ"
" လိင်ကျွန်ဆိုရင်​ သူမလိုအရှက်မရှိသူ
အတွက်အလိုလိုက်ရာမကျရောက်ပေဘူးလားအရှင်"
ချင်းစူးနှုတ်ခမ်းပါးများတုန်ယင်စပြုလာ
လေပြီ။ ဤအသံကသူမချစ်မြတ်နိုးရပါသော
သူမ၏တစ်ပါးတည်းသောအရှင်။
"အရှင်"
မယုံကြည်နိုင်ခြင်းအ့ံသြခြင်းများ
ပြည့်နှက်နေသောခေါ်သံတိုးတိုးအား
လျစ်လျူရှုလျှက်။
" အရှင်လဲစိတ်ထောင်းကိုယ်ကျေ
ဖြစ်ခ့ဲရပါတယ်။ ဧကရီလေးလဲသုံးရက်တိတိ
သတိလစ်မေ့မျောနေခ့ဲရပြီးအဆိပ်ရဲ့အကျိုး
ဆက်တွေကိုခံစားခ့ဲရမှာပါ​  အလုံးစုံက
ဒီအယုတ်တမာမ​  အကျင့်ပုတ်ခ့ဲခြင်းကြောင့်
သေသင့်ပါတယ်အရှင်"
"ဟုတ်ပါတယ်အရှင်​  နန်းတော်ရဲ့ပထမဆုံး
သွေးသားကိုလုပ်ကြံတ့ဲအမှုန့ဲတင်
အပြစ်ကကြီးလေးနေပါပြီအလွန်
စပ်စုပ်ရွံရှာဖို့ကောင်းလှပါတယ်"
မိဖုရားလတ်စကားကြောင့်ဝမ်ယွန်
နှုတ်ခမ်းအစုံမြင့်တက်သွားမိကာ
" ဟုတ်ပေသားဘဲ​  ငါ့ရဲ့အဖိုးတန်လှ
တ့ဲစစ်သူကြီးန့ဲ​  မိဖုရားကပြောမှတော့
စီရင်ချက်ချရတာပေါ့"
" ဟား​   ဟား​  ဟားး​  ဟား"
ချင်းစူး၏ အရူးသဖွယ်ထရီသံကြားရမှ
ဝမ်ယွန့်အကြံအစည်အကောင်အထည်
ပေါ်ပြီမှန်း​ ခန့်မှန်းလိုက်လေ၏။ အမှန်ပင်
မိဖုရားလတ်အားလက်ညိုးငေါက်ငေါက်ထိုးကာ
" ဘယ်သူကပိုပြီးအရှက်မရှိလဲသိချင်လား
လီဝမ်ယွန်​  ရှင့်ဘေးမှာထိုင်နေတ့ဲမြေခွေး
မခိုင်းလို့ကျွန်မလုပ်ခ့ဲတာ​  အရှက်မရှိတာ
အ့ဲဟာမကအစစ်​ ဪပြီးတော့
ဟောဒီကဂုဏ်သိက္ခာကြီးကျယ်မြင့့်မြတ်
နေတ့ဲယန်စစ်သူကြီးကျွန်မမှာရှင့်သွေးသား
လွယ်ထားရတာသိပါရဲ့လား"
နောက်ဆုံးစကားတွင်မတော့ဝမ်ယွန်ပါ
မျက်လုံးပြူးသွားရလေသည်။
" အယုတ်တမာမ​ ရာရာစစငါ့အကိုတော်
ကိုပစ်မှားနေသေးတယ်  လာကြစမ်း"
" ခဏ"
" အကိုတော်​   အကိုတော်မှာသားသမီး
မထွန်းကားတာသိပါတယ်​  ဒီမိန်းမမြူရာ
နောက်မလိုက်ပါန့ဲ​  အကျင့်ပျက်မငါ့အကို
တော်ကိုမြူဆွယ်ပြီးတော့​  သွေးသားန့ဲလာချည်
နှောင်နေတယ်​  မင်းအပြစ်ကလွတ်မယ်ထင်လား"
" ဪ​  လီစယ်နေတယ်ပေါ့​  ကျွန်မအဆောင်
ရဲ့အိပ်ယာခင်းအောက်မှာဆက်သွယ်ထားသမျှ
အကုန်ရှိပါတယ်မင်းကြီး​  ကိုယ်ဝန်ကလဲတကယ်
ရှိနေတာမို့မယုံသေးရင်
သမားတော်ခေါ်ပြီးစမ်းသပ်ခိုင်းလို့ရပါတယ်"
ဝမ်ယွန်ဆက်သွယ်စာသွားရှာရန်အချက်ပေး
လိုက်တော့ဂျုံရှစ်ကဦးဆောင်ကာရဲမက်
တစ်ချို့နှင့်ထွက်ခွာသွားကြလေသည်။
" သမားတော်ကြီ​း​  ကိုယ်ဝန်ရှိမရှိ"
" မှန်လှပါ"
" ကိုယ်ဝန်နှစ်လတည်နေကြောင်းပါဘုရား"
" တကယ်​   တကယ်လား"
ယန်စစ်သူကြီး၏အထိတ်တလန့်ပုံစံကို
ပုလ္လင်ပေါ်ကနေအရသာခံကာကြည့်နေလိုက်သည်။
" အကိုတော်!!"
"စူးစူး​  မင်းကြီးစူးစူးကိုခွင့်လွှတ်ပေးပါ
သူဘာမှမသိပါဘူး​ ကျေးဇူးပြု၍ ကျွန်တော်မျိုး
သွေးသားကိုလွတ်မြောက်ခွင့်ပေးပါ"
" ဒါဆိုငါ့သွေးသားကရော​  ဟမ်​!!! ငါ့ကလေး
ကရောဘာများအပြစ်ရှိနေလို့​လဲ
မင်းတောင်ခုမှရှိမှန်းသိရတာလေငါကရော
ငါဘယ်လောက်တန်ဖိုးထားမလဲတွေးကြည့်လေ"
" အရှင်​  ဆက်သွယ်စာရရှိလာပါပြီ"
" ဟောဒီမှာသက်သေ​ ဘာငြင်းချင်သေးလဲ"
" အရာအားလုံးက​  မိဖုရားလတ်အပြစ်တွေပါမင်းကြီး"
" အကိုတော်"
" ငါတောင်းပန်ပါတယ်"
" ကျွန်တော်မျိုးတို့ကိုအတင်းအကျပ်စေ
ခိုင်းခြင်းခံရတာပါ"
မိဖုရားလတ်နားထင်သွေးဆောင့်ရလေပြီ။
" မဟုတ်ရပါဘူး​  မင်းကြီး"
" ငွေလရောင်ဂိုဏ်းသားကိုခေါ်လာခ့ဲ"
" ဟင်"
ဒီဟာတော့ရှောင်ပြေးလို့မရပါဘူး။
" ဒီထဲမှာမင်းသိတ့ဲလူရှိတယ်မလား"
" ဟုတ်က့ဲ"
" ဘယ်လိုသိတာလဲ ယန်ဂိုဏ်းကဂိုဂူလျောမှာရှိတ့ဲလူကို"
" ဧကရီရှောင်ချင်ကို​  လုပ်ကြံဖို့အမိန့်ပေးခ့ဲလို့ပါ"
"ဘယ်သူကလဲ"
" ကျွန်တော်တို့ယန်မင်းသမီးမီဖုရားဟီဘင်ရဲ့အမိန့်ပါ"
"ကောင်းပြီဂိုဂူလျောမှာ​  မိဖုရားအချင်းချင်း
မနာလိုဝန်တိုမှုပြုရင်နန်းချရုံပေမ့ဲ
လုပ်ကြံတယ်အဆိပ်ခတ်တယ်သွေးသား
ကိုဖျက်ဆီးတယ်​   ဪကျန်သေးတယ်ရှင်
ဘုရင်ကို​  ဆေးခတ်ရဲတယ်​  အရာအားလုံးက
သေလမ်းဘဲရှိတော့တာမို့   လာကြစမ်း!!"
"မင်း​  မင်းကြီး​  မလုပ်ပါန့ဲ​  ဒီကိစ္စ
တွေကအရှင့်ကြောင့်ဖြစ်လာရတာပါ
အရှင့်ကိုတစ်ယောက်တည်းပိုင်ဆိုင်
ချင်ခ့ဲမိလို့ပါ​    မင်းကြီး"
ဝတ်ရုံစကိုအသေဆွဲကာငိုယိုနေသော
မိဖုရားလတ်အားဝမ်ယွန်စိတ်ပျက်စွာ
တစ်ချက်ကြည့်လိုက်ပြီး
" ဘာလုပ်နေကြတာလဲ​  ခုချက်ချင်း
ဒီဟာမကိုဆွဲခေါ်သွားကြလေ"။
" မင်း​  မင်းကြီး​  မှားသွားပါတယ်
ကျေးဇူးပြုပြီး​ တစ်ခါလောက်​  ခွင့်လွှတ်
ပေးပါ"
လက်အုပ်ချီထားသောသူမလက်အားပုတ်
ချလိုက်ကာဆံပင်ကိုအားထည့်ပြီးဆောင့်
ဆွဲရင်းပုလ္လင်ပေါ်မှအောက်သို့လွှတ်ပစ်လိုက်လေ၏။
"ဝုန်းး"
စစ်လန်ပင်လန့်သွားရကာအနားမှအထိန်းတော်ကြီးအား
ကာဆွဲထားလိုက်မိလေ၏။
" ကြောက်စရာကြီး"
" ထွက်သွား!!!နောက်နေ့မနက်
မိုးသောက်ရင်လေးယောက်လုံးစီရင်မယ်"
"ကျွန်တော်မျိုးသွေးသားကိုတော့ချမ်း
သာပေးပါမင်းကြီး"
" အိမ်မက်တောင်မမက်န့ဲ
မွန်ဂိုမင်းသမီးချူးစစ်လန်ကို​  အနောက်
ဆောင်ရဲ့မင်းသမီးအဖြစ်ခန့်အပ်တယ် ယန်နိုင်ငံဘက်
ကဆက်သလာတ့ဲပဏ္ဏာတွေကိုဖျက်တောက်ပြစ်လိုက်
ဂိုဂူလျောမှာရှိသမျှယန်ကလူတွေအကုန်လုံး
ကိုပြည်နှင်ဒဏ်ပေးစေ "
စစ်လန်ထခုန်မတတ်ပင်ပျော်သွားမိသည်။
မိဖုရားမလုပ်ရတော့ဘူးကွ။
" ညီလာခံသိမ်းမယ်"
ယန်အမတ်တို့မှစကားပင်မဟရဲကြ။
ဒေါသထွက်ကာ​မျက်ဆံတို့နီဆွေးနေသည့်
သူတို့ရှေ့မှဘုရင်မှာဘီလူးဝင်စီးနေသက့ဲသို့ပင်။
" အထိန်းတော်ကြီး"
" ဟုတ်က့ဲ"
" ကိုကို့ဆီသွားရအောင်​  မနေ့ကပို့လာတ့ဲ
နှစ်တစ်ရာဂျင်ဆင်းယူလာခ့ဲ"
"အမိန့်တော်အတိုင်းပါ"
          -----------

ချစ်သောအရှင်Season(1)CompletedTahanan ng mga kuwento. Tumuklas ngayon