Part(19)

28.1K 1.3K 41
                                    


ပွဲတော်ည

"ဟီဘင်မားမားမွေးနေ့ရက်မြတ်ကိုဂုဏ်ပြုပါတယ်ဒီ့ထက်လဲအရှင့်ရဲ့မြတ်နိုးမှုကိုတစ်နှစ်ထက်တစ်နှစ်ပိုပိုရပါစေ"
အမတ်ကြီးတွေကတစ်ယောက်ပြီးတစ်ယောက်ထကာသေရည်ခွက်မြောက်လျှက်ဂုဏ်ပြုကြသည်။
်"ကျေးဇူးတင်ပါတယ်အမတ်ကြီးတို့"
မွေးနေ့ဆုတောင်းသည့်အမတ်များကယန်ဘုရင်ရှေ့တွင်မို့အူယားဖားယားအလုအယက်ဆုတောင်းပေးနေကြခြင်းဖြစ်သည်။ဘာတ့ဲငါ့ရဲ့မြတ်နိုးမှုကိုတစ်နှစ်ထက်တစ်နှစ်ပိုပိုရပါစေ။အဟက်!!တော်ရုံသင့်ရုံဆုတောင်ပေးကြစမ်းပါ။ဝမ်ယွန်တော်တော်ချဥ်သွားသော်လည်းယန်ဘက်ကိုစောင့်ကြည့်နေရသည်မို့လွှတ်ပေးထားလိုက်သည်။ဘယ်ဘက်ထောင့်ရှိစားပွဲလေးမှသူ့ဧကရီဖြစ်သူလေးအားလှမ်းကြည့်မိသည်။အရယ်အပြုံးတစ်စက်မှမရှိကျောက်တိုင်ကြီးက့ဲသို့မလှုပ်မရက်ထိုင်နေလေသည်။
ဒီဆုတောင်းတ့ဲမြေခွေးအိုကြီးတွေကအားချင်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမှာအသေအချာဘဲ။ဒီလူကြီးတွေကတော့
"ကဲ  အချိန်လဲမလင့်တော့ဘူးစားသောက်ပွဲစလိုက်ကြရအောင်"
အကအလှများဖြင့်ပျော်ရွှင်နေကြသည့်ပွဲတော်တွင်မပျော်ရွှင်ရသည့်လူသားမှာသူတစ်ယောက်ထဲပင်ဖြစ်ပေမည်။မိဖုရားဟီဘင်ကိုလက်ဆောင်ပေးနေသည့်အရှင့်အာ:သူလှမ်းကြည့်မိသည်။သူဘာဆက်လုပ်ရတော့မှာလဲ။တိုင်းပြည်ပြန်မယ်တ့ဲလားဒီလိုမျက်နှာန့ဲတိုင်းပြည်ပြန်ရဲသေးလားလျိုရှောင်ချင်။သေရည်ကိုတစ်ခွက်လောက်မော့ချလိုက်သည်။
ခီးးးခါးလိုက်တာ။
"မင်းသားလေး သောက်ဖူးတာလဲမဟုတ်ဘဲန့ဲ မသောက်သင့်ဘူး"
"ပွဲကမပြီးသေးဘူးလား  ငါမနေချင်တော့ဘူး  ကျဥ္းကျပ်တယ်"
ဟုတ်ပေသည်။ယောကျာ်းလေးဧကရီဆိုသောကြောင့်စူးစမ်းလိုသည့်မျက်ဝန်းပေါင်းများစွာကသူ့အပေါ်ကျရောက်နေသည်မဟုတ်လား။ထပြန်ဖို့လျှောက်တင်ပြန်ရင်လဲဧကရီဖြစ်ပြီးမိဖုရားအပေါ်ကိုသဘောထားသေးသိမ်တယ်ဖြစ်ဦးမယ်။ကြိတ်မှိတ်ကာတမင်ပေထိုင်နေလိုက်သည်။

ဝမ်ယွန်အလိုမကျသည့်မျက်နှာလေးကြောင့်ဘာများဖြစ်နေလို့လဲဟုတွေးတောမိသွာ:သည်။အကတွေကိုစိတ်မဝင်စားလို့လား။လူတွေများနေလို့လား။ဒါမှမဟုတ်အစားအသောက်တွေကိုမကြိုက်လို့လား။အရှေ့ကပွဲတော်ကိုဖယ်ထားကာစိတ်အာရုံကအားချင်ဆီသို့လုံးလုံးလျားလျားကျရောက်နေလေသည်။ထိုစဥ္အားချင်အနားသို့အပျိုတော်တစ်ယောက်ကတစ်စုံတစ်ခုတီးတိုးကပ်ပြောလိုက်သည်ကိုမြင်လိုက်ရသည်။ချက်ချင်းပျော်မြူးသွားသည့်မျက်နှာလေးနှင့်ထရပ်မိမလိုဖြစ်သွားပြီးမှပြန်ထိုင်ကာထိုအပျိုတော်အားပြန်ပြောလိုက်လေသည်။ဘာလဲ  ဘာကိစ္စကြောင့်အားချင်လေးခုလိုသတိလက်လွတ်ပျော်သွားတာလဲ။

ချစ်သောအရှင်Season(1)CompletedOù les histoires vivent. Découvrez maintenant