Part(9)

35K 1.7K 19
                                    


ဝမ်ယွန်.အားချင်အိပ်ပျော်နေသည့်ပုံလေး
အားတစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။၂ရက်ရှိပြီအားချင်။
ကိုယ်၂ရက်လုံးလုံးမင်းကိုပြန်ပို့လိုက်ရင်
ဘယ်လိုဆက်နေရမလဲစဥ္းစားနေတာ။ချင်နိုင်ငံ
ကိုပြန်လွှတ်ပေးမယ်ပြောပြီးကတည်းကသူ့အပေါ်
ပြောင်းလဲလာသောအားချင်။သံတမန်ရေးရာသာမက
အဘက်ဘက်ကထောင့်စိအောင်တွေးနိုင်သည်။အနုပညာတူရိယာတွေန့ဲအသုံးအဆောင်ကြွေခွက်တွေကိုသူတို့နိုင်ငံမှတင်ပို့ပေးမည်ဖြစ်ကြောင်း
ပြောလေသည်။ရှီလာဘတ်ဂျေပူပေါင်းတော့ဂိုဂူလျောအတွက်လမ်းစပိတ်သွားသည်ကိုလဲသိသောကြောင့်လိမ္မာပါးနပ်စွာစီးပွားရေးလမ်းကြောင်း
ခင်းလာခြင်းပင်။တော်လိုက်တ့ဲအားချင်။
ကိုယ်တော်မင်းကိုလေးစားမိသွားပြီ။
မင်းလိုချင်တ့ဲလေးစားမှုကိုယ်ပေးလိုက်ပြီ။
နေမကောင်းတ့ဲညတွေ
ဖျားနေတ့ဲအချိန်တွေကိုယ်ရင်ခွင်ထဲ
ထည့်သိပ်ခ့ဲတာမင်းသိရင်ဘယ်လိုနေမှာလဲ။
အဖျားအရှိန်န့ဲ​ဖေဖေလို ့ခေါ်ပြီးထထယောင်ရင်
ကျောပြင်လေးပုတ်ပြီးနှစ်သိမ့်ပေးခ့ဲရတာတွေ။ကိုယ်တော်မလွှတ်နိုင်လောက်ဖူး..အားချင်ရ ့ဲကိုယ်တော်ရူးလိမ့်မယ်။
ဘယ်လိုအတွေးမျိုးန့ဲမင်းကိုစွန့်လွှတ်ရမှာလဲ။
ကိုယ့်ကိုနဲနဲလောက်တောင်မသနားဘူးလားကွာ။
အားချင်လက်ကလေးကိုနှုတ်ခမ်းနှင့်
အသာလေးဖိကပ်ကာကြိတ်ငိုနေ
မိသည်။ဘာလို့ကိုယ်တော့်ဆီမှာ
မနေနိုင်ရတာလဲ။မင်းမရှိတ့ဲ၅နှစ်  ကိုယ်ရူးမတက်ဘဲ။မနက်နိုးလာတိုင်းမင်းကိုပြန်မတွေ့သေးဘူး။ အတိုင်းတိုင်းအနယ်နယ်မှာလွှတ်ထားတ့ဲအထောက်တော်တွေဆီကလဲမင်းသတင်းမကြားရဘူး။တကယ်အဓိပ္ပါယ်မရှိတ့ဲဘဝနေ့တွေကိုဖြတ်သန်းခ့ဲရတယ်။ခုမင်းကိုပြန်တွေ့ပြန်တော့လဲမင်းလေးကကိုယ်အပေါ်တကယ်စိမ်းကားရက်တယ်ကွယ်။ကိုယ်မင်းန့ဲနီးစပ်ဖို့
တစ်လှမ်းတိုးလာတိုင်း
မင်းကကိုယ်တော်န့ဲဝေးဖို့
တစ်လှမ်းနောက်ဆုတ်သွားပြန်တယ်။
မျက်နှာတစ်ချက်အညိုးမခံကုန်ဖြည့်စည်းပေးခ့ဲတယ်။
အားချင်ကအေးအေးဆေးဆေးနေရတာကြိုက်တယ်ဆိုလို ့အဆောင်ကိုဥယျာဉ်န့ဲအနီးဆုံးအဆောင်ပြောင်းပေးခ့ဲတယ်။ဂီတကိုနှစ်သက်တယ်
ဆိုလို့တူရိယာမျိုးစုံအဆောင်မှာထား
ပေးခ့ဲတယ်။အားချင်ဗျပ်စောင်း
တီးချိန်ဘေးမှာထိုင်ပြီးနားထောင်ရတာကိုယ်တော့်အပျော်ဆုံးအချိန်ဘဲ။တစ်ခါတစ်လေနှုတ်ခမ်းဟယုံဖွဖွလေးရီယုံန့ဲတငေးတမောကြည့်နေမိတ့ဲသူပါ။
ကိုယ်တော့်အချစ်တွေကိုဘာလို့မမြင်နိုင်ရတာလဲဟင်။
...
...
...
အားချင်နိုးနေတာသူအဆောင်ထဲဝင်လာကတည်းကပင်။အကြာကြီးထိုင်ကြည့်နေ
တော့အိပ်ချင်ယောင်ဆောင်နေလိုက်မိသည်။လက်ကိုတစ်ရှိုက်မက်မက်နမ်းရင်းငိုနေသော
အရှင်။ကျွန်တော်အရှင့်ကိုချစ်တယ် အရမ်းချစ်တယ်။
ဒါပေမ့ဲမဖြစ်နိုင်ဘူးဆိုတာ 
အရှင်လဲသိပါတယ်။အရင်ကသာမန်ကုန်သည်
တစ်ယောက်ရဲ့သားသာဆိုရင်ချက်ချင်း
အရှင့်အရိပ်ကိုခိုနားမိမှာပါ။
အခုအခြေအနေတွေကမတူတော့ဘူး။စိတ်ဓာတ်လဲမတူတော့ဘူး။ကျွန်တော်ပြောင်းလဲသွားပြီအရှင်
ဖေဖေ့အလောင်းကိုပြန်မြင်ယောင်တိုင်းခဗျားလုပ်ရက်လိုက်တာလို့တွေးနေမိတုန်း။
နာကြည်းမိတုန်း။
ဒါပေမ့ဲလဲမမုန်းရက်နိုင်ခ့ဲဘူးခဗျားရာ။
ကျွန်တော်မိုက်ရူးရ​ဲမဆန်နိုင်ဘူး။
ဟင့်အင်း  မဆန်ရဲတာ။
အရှင်န့ဲ တိုင်းပြည်န့ဲကြားမှာဘယ်ကို
ရွေးရမှန်းမသိခ့ဲဘူး။
တစ်ဖက်ကအကိုတော်န့ဲခမည်းတော်
ကိုလဲမျက်နှာမပျက်စေချင်ဘူး။
ခဗျား  ခဗျားကိုလဲ  မနာကျင်စေချင်ဘူး

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now